ဘဝအပေါ် သံဝေဂစိတ်ဖြစ်ပေါ်ခြင်း

ဘဝအပေါ်သံဝေဂစိတ်ဖြစ်ပေါ်ခြင်းအကြောင်း

ကိုယ့်ဘဝမှာ သောကဖြစ်စရာတွေကမျိုးစုံတယ်။

သောကဖြစ်လာလို့ မထိန်းနိုင်တဲ့အခါ ငိုခဲ့ရတဲ့အခါတွေကလည်းအများကြီး။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုဆိုတာတွေလည်း ကြုံတွေ့ရပါတယ်။

စိတ်ပင်ပန်းမှုတွေဆိုတာလည်း များစွာကြံုတွေ့ရလို့ ဘဝခရီးဟာ လျှောက်လမ်းကြသူတိုင်း ဘယ်သူမှ မသက်သာဘူးလို့ ဒီလိုပြောရမှာ။

ရဟန္တာပုဂ္ဂိုလ်တွေလည်း ဘဝခရီးကို ဖြတ်သန်းကြရတဲ့အခါမှာသက်သာမှုရသလားဆိုတော့ ဘယ်သက်သာမှု ရမလဲ။

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးဆို ဗိုက်​နာရတယ် ဒါထင်ရှားတာလေးတစ်ခု။ အရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးလည်းရောဂါဝေဒနာတွေ ခံစားရတယ်။

နောက်ဆုံးကြတော့ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတယ်ဆိုတဲ့ အခုခေတ်အနေ နဲ့ပြောမယ်ဆိုရင် ရိုးရိုး ပရိနိဗ္ဗာန်စံရတာ မဟုတ်ဘူး။ လုပ်ကြံသတ်ဖြတ်လို့ ပရိနိဗ္ဗာန်စံသွားရတယ်လို့

ဒါ ဘဝရဲ့အခက်အခဲတွေပဲ။သာမန်အားဖြင့် မစဉ်းစားပဲနေလို့ရှိရင် ဘဝမှာအခက်အခဲ မရှိဘူး။ပျော်စရာကြီးလို့ မြင်ကောင်း မြင်လိမ့်မယ်။ ပျော်စရာမဟုတ်ဘူး။

ဘယ်လောက်ပျော်စရာကောင်းတဲ့ ဘဝပဲဖြစ်ဖြစ် အခက်အခဲတစ်မျို်းမျိုးတော့ ကြံုတွေ့မှာပဲ သေချာပါတယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်ပဲဘဝခရီးကြီးကို လျှောက်လှမ်းတဲ့အခါမှာ စိတ်ဆင်းရဲမှုတွေအကြိမ်ကြိမ်ကြံုတွေ့ရတယ်။ ဘုရားဟာ ဘယ်လောက်ပဲ တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတဲ့သူတစ်ယောက်ပဲ ဖြစ်စေ

ဘဝခရီးကိုသွားတဲ့အခါမှာ အမြဲတမ်းဖြောင့်တန်းနေတဲ့ ဘဝခရီးကို လျှောက်လှမ်းရတာ မဟုတ်ဘူး။

တစ်ခါတစ်ရံ လူစားတဲ့အစာမဟုတ်တဲ့ မြင်းစာတွေ စားနေရတဲ့အခါမျိုးတွေ ကြံုတွေ့ရတယ်။ တစ်ခါတစ်ရံ လုံးဝစားစရာမရှိတဲ့အဖြစ်နဲ့ ကြံုတွေ့ရတယ်။ တစ်ခါတစ်ရံဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေရဲ့ ဆန့်ကျင့်မှုတွေနဲ့တွေ့ကြံုရတယ်။

စိတ်ဆင်းရဲဖွယ် အနေအထားတွေနဲ့ ကြံုတွေ့ရတာတွေ ရှိတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ဘဝမှာ စွပ်စွဲမှုကြီး (၂)ကြိမ်ခံရတယ်။ အင်မတန်မှ ကြီးမားတဲ့ စွပ်စွဲမှုကြီး အခုခေတ်လိုဆို ဖြေရှင်းဖို့ အင်မတန်ခက်ခဲတဲ့ စွပ်စွဲမှုကြီး (၂)ကြိမ်ခံရတယ်။ လုပ်ကြံသတ်ဖြတ်မှုက (၃)ကြိမ်ခံခဲ့ရတယ်။

ဘဝဆိုတာ ဘုရားတောင်မှ ရှောင်လို့မရတာပါလားလို့ ဘုန်းကြီးတို့ တရားနာပရိတ်သတ်တွေ ဘဝပေါ်မှာ သံဝေဂဖြစ်ဖို့ပါ။

ဘယ်သူ့ဘဝပဲဖြစ်ဖြစ် အဆင်ပြေနေတယ်ဆိုတာ တစ်ခဏမျှသာဖြစ်ပါတယ်။ နောက်ဆုံးမှာ အခက်အခဲတွေနဲ့ရင်ဆိုင်သွားရတဲ့ဘဝတွေချည်းပဲ။ ဘဝဟာ ကျေနပ်စရာ မကောင်းတဲ့အနေအထားတွေ ရှိသလို ကေနပ်စရာ ကောင်းတာလည်း မရှိဘူးတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဘဝဟာ အဆိုးချည်းပဲတော့ မဟုတ်ဘူး။ အကောင်းလည်းရှိတယ်။ အကောင်းရှိလို့ လူတွေက ဘဝမှာပျော်ရွှင်နေကြတယ်ပေါ့။

အဲ့ဒီကောင်းတဲ့အကွက်ကလေးတွေ သာယာဖွယ် ကျေနပ်ဖွယ် လက်ခံဖွယ် ​အချက်ကလေးတွေ စာပေကျမ်းဂန်မှာ ဘာပြောသလဲဆိုတော့’အသာဒ’လို့ခေါ်တယ်။ အဲ့ဒီကျေနပ်စရာလေးတွေကို ကြည့်ပြီးတော့ လူတွေဟာ ဘဝကိုလက်ခံပြီးတော့ ကျေနပ်နေကြတာ။

ဒါဖြင့်ဘဝဟာကျေနပ်စရာချည်းပဲလားဆိုတော့ မဟုတ်ဘူး။ အပြစ်အနာအဆာတွေကလည်း အများကြီး အခက်အခဲတွေကလည်း အများကြီး ဆိုတာရှိတယ်။

ဒါကြောင့်မို့… သူတော်စင်ပုဂ္ဂိုလ်တွေကျတော့

ဘဝကို ငြီးငွေ့သွားကြတယ်ပေါ့။ပျော်နေတဲ့ပုဂ္ဂိုလ်ဟာ ကျေနပ်စရာလေးတွေးပြီး ပျော်နေတာ။ငြီးငွေ့သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဘဝရဲ့အစစ်အမှန်ကိုရှု့မြင်သုံးသပ်ပြီးတော့ ဘဝကလွတ်အောင်ကြိုးစားသွားကြတာ။

မကြိုးစားတဲ့ပုဂ္ဂိုလ်တွေကဘာနဲ့ဥပမာတူသလဲဆိုရင် ​ကျေနပ်စရာကောင်းတာလေး ကြည့်ပြီးတော့ထိုကျေနပ်စရာကောင်းတဲ့အချက်ရဲ့ နောက်ကွယ်မှာရှိတဲ့ အင်မတန်မှ ကြောက်စရာကောင်းတာတွေ မမြင်တာ။

ဥပမာမယ်- သင်တုန်းဓါးပေါ်မှာ ပျားရည်တစ်စက်ပျားရည်ရဲ့အချိုကိုသာတွေးပြီး သင်တုန်းဓါးက မိမိရဲ့လျှာကိုဖြတ်မယ်ဆိုတာမမြင်တဲ့သဘောပဲပေါ့။

သင်တုန်းဓါးပေါ်က ပျားရည်လေးတစ်စက်ကိုမက်မက်မောမော လျှာနဲ့လျှက်လိုက်မယ်ဆိုရင် ချိုလို့မှမပြီးခင် လျှာပြတ်သွားမယ်။ဘဝဆိုတာ အဲ့ဒီအတိုင်းပဲလို့ ဆိုလိုတာ။

ဘဝမှာ ကျေနပ်စရာဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဘဝကိုအကြောင်းပြုပြီးတော့ သုခသောမနဿလို့​ခေါ်တဲ့ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုတွေဟာ ဘဝနဲ့ပတ်သက်ပြီး ရနိုင်တာတွေ ရှိတယ်ပေါ့။ ယနေ့.. တရားချစ်ခင်သူတော်စင်တို့ စဉ်းစားကြည့်ပေါ့။ မိမိတို့ဘဝမှာ အဆင်ပြေနေတာတွေ ရှိတယ်။

မိသားစုနဲ့ ​ပျော်ပျော်ရွှင်ရွှင် နေကြတယ်။ စီးပွားဥစ္စာတွေ အဆင်ပြေနေတယ်။ ကျန်းမာရေးလည်း ပြေလည်တယ်။

ဒီလိုမိသားစု အဆင်ပြေနေပြီဆိုရင် စိတ်ချမ်းသာမှုကိုမရဘူးမဟုတ်ဘူး ရကြတယ်။ အဲ့ဒီလိုရတာဟာ ဘဝအတွက် ကျေနပ်စရာလေးတစ်ခုပဲ။

နောက်တစ်ခုပြောမယ်ဆိုရင် ဘဝကိုအရင်းတည်ပြီးတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ခွင့်ရတာလည်း ဘဝနဲ့ပတ်သက်ပြီး ကျေနပ်စရာလို့ ဒီလိုပြောရမယ်။

ဒါဖြင့်မကျေနပ်စရာ စိတ်ပျက်စရာက ဘာတွေလဲဆိုတော့ဟောဒီဘဝကြီးဟာ မတည်မြဲဘူး။ နုပျိုနေရာက အိုမင်း ရင့်ရော်ပြီးတော့ သွားတယ်။ ကျန်းမာနေရာက မကျန်းမမာဖြစ်လာတယ်။

အသက်ရှင်ရာကနေ နောက်ဆုံးဘဝတစ်ခု စွန့်ခွာသွားရတယ်။ မိမိမြတ်နိုးတဲ့ ပစ္စည်းဥစ္စာ မိမိချစ်ခင်တဲ့ပုဂ္ဂိုလ်တွေ ခွဲခွာပြီးတော့ သွားရတယ်ဆိုတာ။

ဘဝရဲ့အဆိုးတရားပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီလိုအဆိုးတရားတွေ ကြည့်ပြီးတော့ ဒါမျိုးတွေ နောက်ထပ်မလိုချင်တော့ဘူး… ဆိုလို့ရှိရင်ဘဝကိုတွယ်တာတဲ့ တဏှာကိုဖယ်ရှားပြစ်ဖို့ လိုအပ်တယ်ပေါ့။

ဘဝကထွက်မြောက်မှုဆိုတာ ဘဝကိုတွယ်တာမှုကို ဖယ်ရှားမှ မဖယ်ရှားနိုင်ပဲနဲ့ ချမ်းသာလေးတစ်ခုကို မက်မောပြီးတော့ ဘဝမှာ ပျော်နေကြမယ်ဆိုရင်ကတော့ သံသရာဝဋ်က လွတ်ဖို့မရှိတော့ဘူး ဒီလိုဆိုတာပေါ့နော်။

ဒါကြောင့်မို့လို့ တစ်ခဏပဲဖြစ်ဖြစ် အမှတ်တမဲ့မနေကြပဲနဲ့..ဘဝရဲ့အပြစ်တွေကို ရှု့မြင် သုံးသပ်ကြည့်ဖို့ လိုအပ်တယ်ပေါ့။အဲ့ဒီလို ဘဝရဲ့အပြစ်ကို ရှု့မြင်သုံးသပ်တဲ့အခါမှ

ဘဝအပေါ်မှာ သံဝေဂစိတ်ဖြစ်ပွားပြီးတော့ သံသရာက လွတ်ကြောင်းဆိုတဲ့ ကိုယ်ကျင့်တရားတွေ တိုးတက်ပွာများလာမှာ ဖြစ်တယ်ပေါ့။

အေးဒါကြောင့်မို့လို့ ဘဝဆိုတာကိုတော့ မြတ်စွာဘုရား ကို်ယ်​တော်မြတ်က ဘယ်တော့မှ မချီးမွှမ်းဘူး။ ဘယ်လောက်တိုတောင်းတဲ့ အချိန်ပိုင်းလေးရတဲ့ ဘဝဖြစ်ဖြစ် ရှည်လျားတဲ့ဘဝမျိုးပဲဖြစ်ဖြစ် ဘယ်ဘဝကိုမှ မြတ်စွာဘုရားက မချီးမွှမ်းဘူး။ ဘုရားက ဥပမာပေးထားတာ အလွန်ထင်ရှားတယ်။

လူတွေရဲ့ မစင်အညစ်အကြေးဟာ နည်းနည်းလေးလည်း အနံ့ဆိုးတာပဲ။ အများကြီးမှ အနံ့ဆိုးတာ မဟုတ်ဘူး။ ဘဝဟာလည်းပဲ တစ်ခဏလေးရတဲ့ ဘဝဟာလည်းပဲ ဒုက္ခဖြစ်တာပဲ။

ဒီလိုဆိုတာပေါ့နော်။ အေးဒါကြောင့်မို့လို့ ဘဝအပေါ်မှာ သံဝေဂစိတ်နဲ့ ရှု့မြင်သုံးသပ်တပ်ဖို့ လိုအပ်တယ်ပေါ့။ ဒီလို အန္တရာယ်တွေများနေတဲ့ ဘဝခရီးကို လျှောက်လှမ်းနေကြရတဲ့အခါမှာ

ထိုဘဝကနေ ကောင်းမြတ်တဲ့အရာတွေ မရယူနိုင်ဘူးဆိုရင် ဘဝဟာအရှုံးနဲ့ပဲ ပိသွားမယ်။ ဒါကြောင့်မို့ အဲ့ဒီလို မဖြစ်ကြရအောင် ကိုယ့်ဘဝကိုယ် ဆင်ခြင်သုံးသပ်ပြီး

အလေးအနက်ထား ကြည့်ကြရမှာဖြစ်တယ်။ ဒီလိုကြည့်နိုင်တာလည်းပဲ ဘုရားပွင့်တဲ့အခါ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေကို ကြားနာကြရမှသာ ကြည့်နိုင်တာကိုး။

အနို့မို့ဆိုရင်….ဒီလိုစိတ်ဓာတ်မျိုးပေါ်ဖို့ဆိုတာ ဝေးစွပဲ။ဘဝအပေါ်မှာရှု့မြင်သုံးသပ်တပ်ဖို့ဆိုတာကလည်း ဝေးလေစွပဲ။

ဒါကြောင့်မို့ အသိဉာဏ်ရှိတဲ့ဘဝမှာ ဘဝရဲ့အပြစ်အနာဆာတွေကို ကြည့်တတ် မြင်တတ်ဖို့ လိုအပ်တယ်။ ဟုတ်ပြီ… မရှောင်သာလို့ ဘဝခရီးသွားကြရတယ် ဆိုလို့ရှိရင်

ဘဝရဲ့ဒုက္ခသုတ်ခ အခက်အခဲတွေ နည်းနိုင်သမျှ နည်းအောင် ဘာလုပ်ကြရမလဲဆိုုတော့ ခရီးသွားတဲ့အခါမှာ ရိက္ခာဆိုတာ ယူသွားကြရတယ်ပေါ့။

လိုအပ်တဲ့နေရာမှာ အသုံးပြုဖို့။ လိုအပ်တဲ့နေရာ လိုသလို အသုံးချဖို့ လမ်းစရိတ်တို့ ရိက္ခာတို့ဆိုတာ ပါကြရမယ်။ လမ်းစရိတ်တွေ ရိက္ခာတွေ ပါသွားပြီဆိုရင်အခက်အခဲတွေဟာ နည်းသွားလိမ့်မယ်ပေါ့။

အေးဒါကြောင့်မို့လို့ ဘဝရိက္ခာဆိုတာ ဘာလဲလို့မြတ်စွာဘုရားက ဟောတဲ့အခါမှာ ဘဝရိက္ခာဆိုတာ ကုသိုလ်ပဲဖြစ်တယ်ပေါ့။ဒါနကောင်းမှု လုပ်တယ်။

သီလ ဆောက်တည်တယ်။သမထ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို အားထုတ်တယ် ဆိုတာဟာ ရိက္ခာစုဆောင်းခြင်းပင်ဖြစ်တယ်ပေါ့။

ကိုယ်သွားတဲ့ဘဝမှာ ဒါနကောင်းမှုလုပ်သွားလို့ ဒါနကုသိုလ်ဆိုတဲ့ ရိက္ခာပါလို့ရှိရင် ဘယ်ဘဝရောက်ရောက် စားရမယ့်မယ့် သောက်ရမယ့်မယ့် ဆင်းဆင်းရဲရဲနေရမယ့် ဘမျိုးမဖြစ်ဘူး။ အိုတာတော့ အိုမယ်။

နာတာတော့ နာမယ်။ သေတာတော့ သေမယ်။ မအို မနာ မသေခင်မှာ ချမ်းသာ သုခတွေ ရနိုင်သေးတယ်။ ဒီလို ဆိုတာပေါ့နော်။

ဘဝခရီးမှာ အခက်အခဲတွေ သက်သာသွားအောင် အကယ်၍ ဒါနဆိုတဲ့ ကုသိုလ်ရိက္ခာ မပါဘူးဆိုရင် ပင်ပန်းလှတဲ့ဘဝမှာ ထပ်ဆင့်ပြီးတော့ စားစရာကမပြေလည်း​

သောက်စရာကမပြေလည် နေစရာကမရှိ ဝတ်စရာကမရှိ ဆင်းရဲဒုက္ခအတိနဲ့ အသက်မွေးရတယ်။

ဘဝမှာလည်းပဲ မကြာခင် အိုမင်း ရင့်ရော် ဝေဒနာတွေဖြစ်.. နောက်ဆုံး သေဖို့ဝင်ရတဲ့အနေအထားမျိုးထိ ရောက်သွားနိုင်တယ်ပေါ့။

ဒါက အလေးအနက် ဆင်ခြင်စဉ်းစားဖို့။ တို့တော့ ဒီလို မဖြစ်ပါဘူးလို့တော့ မအောင့်မေ့လေနဲ့..။ ရိက္ခာမပါသူတိုင်းဟာ ဒီတိုင်း ဖြစ်ကိုဖြစ်မှာ။

ဒါကြောင့်မို့ ဒါနကုသိုလ်ဆိုတဲ့ ရိက္ခာကိုလည်း ပါအောင် ယူကြရတယ်။ အေးသီလဆိုတဲ့ ရိက္ခာမပါဘူးဆိုရင် ဘာဖြစ်မလဲဆိုတော့ လူ့ဘဝရောက်လာပြီ မကြာခင်ပဲ သေသွားကြ။

ရောဂါဝေဒနာတွေများတယ်။ ဟော… “ပါဏာတိပါတ”ဆိုတဲ့ ကိုယ်ကျင့်သီလ ရှောင်ကြဉ်မှုကို ယိုယွင်းလာတဲ့ ပုဂ္ဂိုလ်ဟာ ဘဝမှာပြည့်စုံတဲ့ဘဝ မရတဲ့အပြင်မှာ

လူဖြစ်ရသော်လည်း ရောဂါဝေဒနာတွေ ထူပြောလို့ နောက်ဆုံးမှာအသက်ရှည်ရှည်မနေရပဲနဲ့ ဒုက္ခတွေ ဘလပွေနဲ့ ငယ်ငယ်နဲ့ သေဆုံးသွားကြတာတွေ ပြည့်လို့ပဲ။ အဲ့ဒါ ပါဏာတိပါတမလုံလို့။

အေး ပါဏာတိပါတတော့လုံပြီ.. ”အဒိန္နာဒါန”တော့

မလုံးဘူးဆိုရင် ဒီသီလရိက္ခာမပါရင် ရှိလာတဲ့ပစ္စည်းလေး တော်ကြာ မီးလောင်တဲ့အထဲပါသွားပြန်ပြီ။ ရေမြောတဲ့အထဲ ပါသွားပြန်ပြီ။ တော်ကြာ အသိမ်းခံလိုက်ရပြီ။

သူခိုးဓါမြထဲ ပါသွားပြန်ပြီ။ အိမ်မှာ သားဆိုး သမီးဆိုးတွေကနေပြီးတော့ မူးယစ်ဆေးဝါးသုံးပြီး ဖြုန်းပစ်လိုက်ပြန်ပြီ။

စိတ်ဆင်းရဲစရာတွေနဲ့ချည်း ကြံုတယ်။ အဒိန္နဒါနာမလုံဘူး။ ကိုယ့်ရဲ့ပစ္စည်းဟာ တစ်နည်းမဟုတ်တစ်နည်း ပျက်စီးဆုံးရှုံးရမှုနဲ့ ကြံုတယ်။

ကာမေသုမိစ္ဆာစာရ မလုံဘူးဆိုရင်..အေး.. အသက်တော့ရှည်ပါရဲ့ ပစ္စည်းဥစ္စာလည်းပေါပါရဲ့ .. အရပ်ထဲမှာ လူတစ်ကာက ရွံ့ရတဲ့ လူမုန်းသူမုန်း ခံရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်။

လူမုန်းသူမုန်းခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာလည်းပဲ ဘယ်တော့မှ စိတ်ချမ်းသာမှုရမှာ မဟုတ်ဘူး။ အများနဲ့ဆက်ဆံနိုင်တဲ့ အနေအထားမျိုးမရှိဘူး။

အများရဲ့ချဉ်ဖက်ဖြစ်ပြီး ဘယ်သူကမှ အဖက်မလုပ်တဲ့ သူမျိုးဖြစ်ရင်လည်း တစ်သက်လုံး စိတ်ဆင်းရဲပြီးနေကြမှာပဲပေါ့။ နောက်တစ်ခု အားလုံးတော့ ပြည့်စုံပါရဲ့… မတရားစွတ်စွဲခံရတယ်၊

မတရားဖမ်းစည်းခံရတယ် ဆိုတာ မုသာဝါဒမလုံလို့။ မိမိကို်ယ်တိုင်က မမှန်မကန်ပြောခဲ့တဲ့ အတွက်ကြောင့် ကို်ယ့်ကိုလည်း မမှန်ကန်တဲ့ အကြောင်းအရာတွေနဲ့ အကြိမ်ကြိမ် စွပ်စွဲပြောဆိုခံရတတ်တယ်။

ဘဝဒုက္ခတွေ ပိုများတာပေါ့။ အေးမုသာဝါဒတော့ လုံပြီ။

“သုရာမေရယ” မလုံဘူးဆိုရင် မွေးလာကတည်းက ကျပ်မပြည့်တဲ့သူတွေ ဖြစ်လာတယ်။ အရူးအနှံးတွေ ဖြစ်လာတယ်။ စာသင်လို့မရဘူး။ အသိဉာဏ်အားနည်းတယ်။IQ မမှီဘူးဆိုတာဟာ ဒီလိုပုဂ္ဂိုလ်မျိုးတွေဖြစ်လာတယ်။

အဲ့ဒီလိုဆိုရင် လူ့ဘဝရတာအလကားပဲ။ ဒါကြောင့်မို့လို့… သီလဆိုတဲ့ရိက္ခာမပါပဲ ခရီးသွားမယ်ဆိုရင် ဤအခက်အခဲတွေ ကြံုနေဦးမှာပဲ။ ဒါကြောင့်မို့လို့ သီလရိက္ခာဆိုတာလည်း

ကိုယ်သန္တာန်မှာ ရှိရမယ့် ဘဝရိက္ခာတစ်ခုပဲ။ သီလဆိုတဲ့ ကုသိုလ်ဟာ ဘဝမှာ ကောင်းတဲ့ရိက္ခာတစ်ခုဖြစ်တယ်။အသက်ရှည်တယ် ပစ္စည်းဥစ္စာတွေပေါများတယ် လူချစ်လူခင်ပေါတယ်။ အစွပ်အစွဲ အလိမ်အညာမခံရဘူး။

အသိဉာဏ် ​ကြွယ်ဝတယ်ဆိုတော့ ဟော… တစ်ဘဝပြီးတစ်ဘဝ ပိုပြီးတော့ မြင့်တဲ့အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်တဲ့။ ဒီလိုပြောတာနော်။ သာမန်လေးမနေနဲ့…။ အလေးအနက် ဆင်ခြင်စဉ်းစားဖို့ လိုတယ်ပေါ့။

သမထဝိပဿနာဆိုတဲ့ ဘာဝနာကုသိုလ်ဆိုတာလည်း ဘဝခရီးသွားတဲ့အခါမှာ ပါရမယ့်ရိက္ခာတစ်မျိုးပဲ။ အဲ့ဒါမပါလို့ရှိရင် သာသနာတော်နဲ့ တွေ့သော်လည်း တရားထူးတရားမြတ်ရနိုင်ဖို့ရန် ခက်ခဲတယ်ပေါ့။

သူတော်စင်တွေနဲ့တော့ တွေ့ပါရဲ့ တရားဓမ္မနဲ့ပတ်သက်ပြီး ဘာမှနားမလည်ဘူး။ နားမလည်ပဲနဲ့ ဘဝတစ်ခု အဆုံးသတ်​သွားပြန်တယ်။ တွေ့ရတဲ့အခါက အင်မတန်မှ နည်းတယ်။ မတွေ့ရတာကအများကြီး။

ဒီလိုနဲ့ သံသရာထဲမှာ ဘယ်တော့မှ မလွတ်နိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ခံစားပြီး ရိက္ခာမပါဘူးဆိုရင် အခုလို အခက်အခဲတေ ကြံုတွေ့ခံစားရလိမ့်မယ်။

ဒါဖြင့်.. မြတ်စွာဘုရားက ဘဝရိက္ခာဆိုတာ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်မိမိတို့သန္တာန်မှာ ရနိုင်သလောက် စု​ဆောင်​းပြီး ဘဝခရီးကို သွားတဲ့ပုဂ္ဂိုလ်တွေကျတော့ အင်မတန်မှချမ်းသာတယ်။

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြ.. ငါရော ရိက္ခာတွေ ရှိပြီလားလို့??

တနေ့မဟုတ်တနေ့ အရွယ်ရလာတာနဲ့ တစ်ပြိုင်နက် ဘုန်းကြီးတို့ဘဝဟာ သစ်ရွက်ဝါဖြစ်လာကြပြီ။ ကြွေမယ်မကြာခင် ။လေပြေလေး မ..တို့လိုက်နဲ့ တို့.. လိုက်တာနဲ့.. ဘုတ်ကနဲဆို ကြွေကြတော့မှာ။

အဲ့ဒီလို ရင့်ရော်လာတဲ့ အရွက်ဖြစ်လာတဲ့အပြင် သေမင်းတမန်တွေကလည်း အိမ်တံခါးလာခေါက်နေပြီ။ ဘယ်ကနေခေါက်လဲ ခေါင်းကိုလည်းခေါက်တာပဲ။

ပါးစပ်လည်း လာခေါက်တာပဲ။ ခေါက်လိုက်တာနဲ့ သွားတစ်ချောင်း ပြုတ်ထွက်သွားတယ်။ ခေါင်းတစ်ချက် ခေါက်လိုက်ရင် ဆံပင်တွေဖြူသွားတယ်။

အဲ့ဒီလို သေမင်းရဲ့တမန်တွေကလည်း တံခါးလာခေါက်နေကြပြီ။ သေဖို့လမ်းဆုံး လမ်းဝ ရောက်နေကြပြီ။ အဲ့ဒီအချိန်မှာ ရိက္ခာရှိပြီလား ကိုယ့်မှာ စဉ်းစားရမှာ။

ကုသိုလ်ဆိုတဲ့ ရိက္ခာတွေကိုယ််မှာ ပါပြီလား????

မပါသေးဘူးဆိုရင် ရိက္ခာဆိုတာ အရေကြီးတယ်။

(ပါချုပ်ဆရာတော်​ဒေါက်​တာနန္ဒမာလာဘိဝံသ)

(“ဘဝရိက္ခာ”တရားတော်မှ ကောက်နှုတ်ချက် ​ရေးသားချက်​)

Zawgyi

ဘဝအေပၚသံေဝဂစိတ္ျဖစ္ေပၚျခင္းအေၾကာင္း

ကိုယ့္ဘဝမွာ ေသာကျဖစ္စရာေတြကမ်ဳိးစံုတယ္။

ေသာကျဖစ္လာလို႔ မထိန္းနိဳင္တဲ့အခါ ငိုခဲ့ရတဲ့အခါေတြကလည္းအမ်ားၾကီး။ ကိုယ္ဆင္းရဲမႈ စိတ္ဆင္းရဲမႈဆိုတာေတြလည္း ၾကံဳေတြ႕ရပါတယ္။

စိတ္ပင္ပန္းမႈေတြဆိုတာလည္း မ်ားစြာၾကံဳေတြ႕ရလို႔ ဘဝခရီးဟာ ေလွ်ာက္လမ္းၾကသူတိုင္း ဘယ္သူမွ မသက္သာဘူးလို႔ ဒီလိုေျပာရမွာ။

ရဟႏၲာပုဂၢိဳလ္ေတြလည္း ဘဝခရီးကို ျဖတ္သန္းၾကရတဲ့အခါမွာသက္သာမႈရသလားဆိုေတာ့ ဘယ္သက္သာမႈ ရမလဲ။

အရွင္သာရိပုတၱရာကိုယ္ေတာ္ျမတ္ၾကီးဆို ဗိုက္​နာရတယ္ ဒါထင္ရွားတာေလးတစ္ခု။ အရွင္မဟာ ေမာဂၢလာန္ ကိုယ္ေတာ္ျမတ္ၾကီးလည္းေရာဂါေဝဒနာေတြ ခံစားရတယ္။

ေနာက္ဆံုးၾကေတာ့ လုပ္ၾကံသတ္ျဖတ္ျခင္း ခံလိုက္ရတယ္ဆိုတဲ့ အခုေခတ္အေန နဲ႔ေျပာမယ္ဆိုရင္ ရိုးရိုး ပရိနိဗၺာန္စံရတာ မဟုတ္ဘူး။ လုပ္ၾကံသတ္ျဖတ္လို႔ ပရိနိဗၺာန္စံသြားရတယ္လို႔

ဒါ ဘဝရဲ႕အခက္အခဲေတြပဲ။သာမန္အားျဖင့္ မစဥ္းစားပဲေနလို႔ရိွရင္ ဘဝမွာအခက္အခဲ မရိွဘူး။ေပ်ာ္စရာၾကီးလို႔ ျမင္ေကာင္း ျမင္လိမ့္မယ္။ ေပ်ာ္စရာမဟုတ္ဘူး။

ဘယ္ေလာက္ေပ်ာ္စရာေကာင္းတဲ့ ဘဝပဲျဖစ္ျဖစ္ အခက္အခဲတစ္မ်ဳိ္းမ်ိဳးေတာ့ ၾကံဳေတြ႔မွာပဲ ေသခ်ာပါတယ္။

ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ကိုယ္တိုင္ပဲဘဝခရီးၾကီးကို ေလွ်ာက္လွမ္းတဲ့အခါမွာ စိတ္ဆင္းရဲမႈေတြအၾကိမ္ၾကိမ္ၾကံဳေတြ႕ရတယ္။ ဘုရားဟာ ဘယ္ေလာက္ပဲ တန္ခိုးေတာ္အနႏၲနဲ႔ ျပည့္စံုတဲ့သူတစ္ေယာက္ပဲ ျဖစ္ေစ

ဘဝခရီးကိုသြားတဲ့အခါမွာ အျမဲတမ္းေျဖာင့္တန္းေနတဲ့ ဘဝခရီးကို ေလွ်ာက္လွမ္းရတာ မဟုတ္ဘူး။

တစ္ခါတစ္ရံ လူစားတဲ့အစာမဟုတ္တဲ့ ျမင္းစာေတြ စားေနရတဲ့အခါမ်ဳိးေတြ ၾကံဳေတြ႕ရတယ္။ တစ္ခါတစ္ရံ လံုးဝစားစရာမရိွတဲ့အျဖစ္နဲ႔ ၾကံဳေတြ႕ရတယ္။ တစ္ခါတစ္ရံဆန္႔က်င္ဘက္ပုဂၢိဳလ္ေတြရဲ႕ ဆန္႔က်င့္မႈေတြနဲ႔ေတြ႕ၾကံဳရတယ္။

စိတ္ဆင္းရဲဖြယ္ အေနအထားေတြနဲ႔ ၾကံဳေတြ႕ရတာေတြ ရိွတယ္။ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ရဲ႕ဘဝမွာ စြပ္စြဲမႈၾကီး (၂)ၾကိမ္ခံရတယ္။ အင္မတန္မွ ၾကီးမားတဲ့ စြပ္စြဲမႈၾကီး အခုေခတ္လိုဆို ေျဖရွင္းဖို႔ အင္မတန္ခက္ခဲတဲ့ စြပ္စြဲမႈၾကီး (၂)ၾကိမ္ခံရတယ္။ လုပ္ၾကံသတ္ျဖတ္မႈက (၃)ၾကိမ္ခံခဲ့ရတယ္။

ဘဝဆိုတာ ဘုရားေတာင္မွ ေရွာင္လို႔မရတာပါလားလို႔ ဘုန္းၾကီးတို႔ တရားနာပရိတ္သတ္ေတြ ဘဝေပၚမွာ သံေဝဂျဖစ္ဖို႔ပါ။

ဘယ္သူ႕ဘဝပဲျဖစ္ျဖစ္ အဆင္ေျပေနတယ္ဆိုတာ တစ္ခဏမွ်သာျဖစ္ပါတယ္။ ေနာက္ဆံုးမွာ အခက္အခဲေတြနဲ႔ရင္ဆိုင္သြားရတဲ့ဘဝေတြခ်ည္းပဲ။ ဘဝဟာ ေက်နပ္စရာ မေကာင္းတဲ့အေနအထားေတြ ရိွသလို ေကနပ္စရာ ေကာင္းတာလည္း မရိွဘူးေတာ့ မဟုတ္ပါဘူး။ ရိွပါတယ္။ ဘဝဟာ အဆိုးခ်ည္းပဲေတာ့ မဟုတ္ဘူး။ အေကာင္းလည္းရိွတယ္။ အေကာင္းရိွလို႔ လူေတြက ဘဝမွာေပ်ာ္ရႊင္ေနၾကတယ္ေပါ့။

အဲ့ဒီေကာင္းတဲ့အကြက္ကေလးေတြ သာယာဖြယ္ ေက်နပ္ဖြယ္ လက္ခံဖြယ္ ​အခ်က္ကေလးေတြ စာေပက်မ္းဂန္မွာ ဘာေျပာသလဲဆိုေတာ့’အသာဒ’လို႔ေခၚတယ္။ အဲ့ဒီေက်နပ္စရာေလးေတြကို ၾကည့္ျပီးေတာ့ လူေတြဟာ ဘဝကိုလက္ခံျပီးေတာ့ ေက်နပ္ေနၾကတာ။

ဒါျဖင့္ဘဝဟာေက်နပ္စရာခ်ည္းပဲလားဆိုေတာ့ မဟုတ္ဘူး။ အျပစ္အနာအဆာေတြကလည္း အမ်ားၾကီး အခက္အခဲေတြကလည္း အမ်ားၾကီး ဆိုတာရိွတယ္။

ဒါေၾကာင့္မို႔… သူေတာ္စင္ပုဂၢိဳလ္ေတြက်ေတာ့

ဘဝကို ျငီးေငြ႕သြားၾကတယ္ေပါ့။ေပ်ာ္ေနတဲ့ပုဂၢိဳလ္ဟာ ေက်နပ္စရာေလးေတြးျပီး ေပ်ာ္ေနတာ။ျငီးေငြ႕သြားတဲ့ ပုဂၢိဳလ္ေတြကလည္း ဘဝရဲ႕အစစ္အမွန္ကိုရႈ႕ျမင္သံုးသပ္ျပီးေတာ့ ဘဝကလြတ္ေအာင္ၾကိဳးစားသြားၾကတာ။

မၾကိဳးစားတဲ့ပုဂၢိဳလ္ေတြကဘာနဲ႔ဥပမာတူသလဲဆိုရင္ ​ေက်နပ္စရာေကာင္းတာေလး ၾကည့္ျပီးေတာ့ထိုေက်နပ္စရာေကာင္းတဲ့အခ်က္ရဲ႕ ေနာက္ကြယ္မွာရိွတဲ့ အင္မတန္မွ ေၾကာက္စရာေကာင္းတာေတြ မျမင္တာ။

ဥပမာမယ္- သင္တုန္းဓါးေပၚမွာ ပ်ားရည္တစ္စက္ပ်ားရည္ရဲ႕အခ်ိဳကိုသာေတြးျပီး သင္တုန္းဓါးက မိမိရဲ႕လွ်ာကိုျဖတ္မယ္ဆိုတာမျမင္တဲ့သေဘာပဲေပါ့။

သင္တုန္းဓါးေပၚက ပ်ားရည္ေလးတစ္စက္ကိုမက္မက္ေမာေမာ လွ်ာနဲ႔လွ်က္လိုက္မယ္ဆိုရင္ ခ်ဳိလို႔မွမျပီးခင္ လွ်ာျပတ္သြားမယ္။ဘဝဆိုတာ အဲ့ဒီအတိုင္းပဲလို႔ ဆိုလိုတာ။

ဘဝမွာ ေက်နပ္စရာဆိုတာ ဘာကိုေျပာတာလဲဆိုေတာ့ ဘဝကိုအေၾကာင္းျပဳျပီးေတာ့ သုခေသာမနႆလို႔​ေခၚတဲ့ ကိုယ္ခ်မ္းသာမႈ စိတ္ခ်မ္းသာမႈေတြဟာ ဘဝနဲ႔ပတ္သက္ျပီး ရနိဳင္တာေတြ ရိွတယ္ေပါ့။ ယေန႔.. တရားခ်စ္ခင္သူေတာ္စင္တို႔ စဥ္းစားၾကည့္ေပါ့။ မိမိတို႔ဘဝမွာ အဆင္ေျပေနတာေတြ ရိွတယ္။

မိသားစုနဲ႔ ​ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနၾကတယ္။ စီးပြားဥစၥာေတြ အဆင္ေျပေနတယ္။ က်န္းမာေရးလည္း ေျပလည္တယ္။

ဒီလိုမိသားစု အဆင္ေျပေနျပီဆိုရင္ စိတ္ခ်မ္းသာမႈကိုမရဘူးမဟုတ္ဘူး ရၾကတယ္။ အဲ့ဒီလိုရတာဟာ ဘဝအတြက္ ေက်နပ္စရာေလးတစ္ခုပဲ။

ေနာက္တစ္ခုေျပာမယ္ဆိုရင္ ဘဝကိုအရင္းတည္ျပီးေတာ့ ကုသိုလ္ေကာင္းမႈေတြ လုပ္ခြင့္ရတာလည္း ဘဝနဲ႔ပတ္သက္ျပီး ေက်နပ္စရာလို႔ ဒီလိုေျပာရမယ္။

ဒါျဖင့္မေက်နပ္စရာ စိတ္ပ်က္စရာက ဘာေတြလဲဆိုေတာ့ေဟာဒီဘဝၾကီးဟာ မတည္ျမဲဘူး။ ႏုပ်ဳိေနရာက အိုမင္း ရင့္ေရာ္ျပီးေတာ့ သြားတယ္။ က်န္းမာေနရာက မက်န္းမမာျဖစ္လာတယ္။

အသက္ရွင္ရာကေန ေနာက္ဆံုးဘဝတစ္ခု စြန္႔ခြာသြားရတယ္။ မိမိျမတ္နိဳးတဲ့ ပစၥည္းဥစၥာ မိမိခ်စ္ခင္တဲ့ပုဂၢိဳလ္ေတြ ခြဲခြာျပီးေတာ့ သြားရတယ္ဆိုတာ။

ဘဝရဲ႕အဆိုးတရားပဲျဖစ္ပါတယ္။ အဲ့ဒီေတာ့ ဒီလိုအဆိုးတရားေတြ ၾကည့္ျပီးေတာ့ ဒါမ်ဳိးေတြ ေနာက္ထပ္မလိုခ်င္ေတာ့ဘူး… ဆိုလို႔ရိွရင္ဘဝကိုတြယ္တာတဲ့ တဏွာကိုဖယ္ရွားျပစ္ဖို႔ လိုအပ္တယ္ေပါ့။

ဘဝကထြက္ေျမာက္မႈဆိုတာ ဘဝကိုတြယ္တာမႈကို ဖယ္ရွားမွ မဖယ္ရွားနိဳင္ပဲနဲ႔ ခ်မ္းသာေလးတစ္ခုကို မက္ေမာျပီးေတာ့ ဘဝမွာ ေပ်ာ္ေနၾကမယ္ဆိုရင္ကေတာ့ သံသရာဝဋ္က လြတ္ဖို႔မရိွေတာ့ဘူး ဒီလိုဆိုတာေပါ့ေနာ္။

ဒါေၾကာင့္မို႔လို႔ တစ္ခဏပဲျဖစ္ျဖစ္ အမွတ္တမဲ့မေနၾကပဲနဲ႔..ဘဝရဲ႕အျပစ္ေတြကို ရႈ႕ျမင္ သံုးသပ္ၾကည့္ဖို႔ လိုအပ္တယ္ေပါ့။အဲ့ဒီလို ဘဝရဲ႕အျပစ္ကို ရႈ႕ျမင္သံုးသပ္တဲ့အခါမွ

ဘဝအေပၚမွာ သံေဝဂစိတ္ျဖစ္ပြားျပီးေတာ့ သံသရာက လြတ္ေၾကာင္းဆိုတဲ့ ကိုယ္က်င့္တရားေတြ တိုးတက္ပြာမ်ားလာမွာ ျဖစ္တယ္ေပါ့။

ေအးဒါေၾကာင့္မို႔လို႔ ဘဝဆိုတာကိုေတာ့ ျမတ္စြာဘုရား ကို္ယ္​ေတာ္ျမတ္က ဘယ္ေတာ့မွ မခ်ီးမႊမ္းဘူး။ ဘယ္ေလာက္တိုေတာင္းတဲ့ အခ်ိန္ပိုင္းေလးရတဲ့ ဘဝျဖစ္ျဖစ္ ရွည္လ်ားတဲ့ဘဝမ်ဳိးပဲျဖစ္ျဖစ္ ဘယ္ဘဝကိုမွ ျမတ္စြာဘုရားက မခ်ီးမႊမ္းဘူး။ ဘုရားက ဥပမာေပးထားတာ အလြန္ထင္ရွားတယ္။

လူေတြရဲ႕ မစင္အညစ္အေၾကးဟာ နည္းနည္းေလးလည္း အနံ႔ဆိုးတာပဲ။ အမ်ားၾကီးမွ အနံ႔ဆိုးတာ မဟုတ္ဘူး။ ဘဝဟာလည္းပဲ တစ္ခဏေလးရတဲ့ ဘဝဟာလည္းပဲ ဒုကၡျဖစ္တာပဲ။

ဒီလိုဆိုတာေပါ့ေနာ္။ ေအးဒါေၾကာင့္မို႔လို႔ ဘဝအေပၚမွာ သံေဝဂစိတ္နဲ႔ ရႈ႕ျမင္သံုးသပ္တပ္ဖို႔ လိုအပ္တယ္ေပါ့။ ဒီလို အႏၲရာယ္ေတြမ်ားေနတဲ့ ဘဝခရီးကို ေလွ်ာက္လွမ္းေနၾကရတဲ့အခါမွာ

ထိုဘဝကေန ေကာင္းျမတ္တဲ့အရာေတြ မရယူနိဳင္ဘူးဆိုရင္ ဘဝဟာအရံႈးနဲ႔ပဲ ပိသြားမယ္။ ဒါေၾကာင့္မို႔ အဲ့ဒီလို မျဖစ္ၾကရေအာင္ ကိုယ့္ဘဝကိုယ္ ဆင္ျခင္သံုးသပ္ျပီး

အေလးအနက္ထား ၾကည့္ၾကရမွာျဖစ္တယ္။ ဒီလိုၾကည့္နိဳင္တာလည္းပဲ ဘုရားပြင့္တဲ့အခါ ျမတ္စြာဘုရားရဲ႕ အဆံုးအမတရားေတြကို ျကားနာၾကရမွသာ ၾကည့္နိဳင္တာကိုး။

အနိဳ႕မို႔ဆိုရင္….ဒီလိုစိတ္ဓာတ္မ်ဳိးေပၚဖို႔ဆိုတာ ေဝးစြပဲ။ဘဝအေပၚမွာရႈ႕ျမင္သံုးသပ္တပ္ဖို႔ဆိုတာကလည္း ေဝးေလစြပဲ။

ဒါေၾကာင့္မို႔ အသိဉာဏ္ရိွတဲ့ဘဝမွာ ဘဝရဲ့အျပစ္အနာဆာေတြကို ၾကည့္တတ္ ျမင္တတ္ဖို႔ လိုအပ္တယ္။ ဟုတ္ျပီ… မေရွာင္သာလို႔ ဘဝခရီးသြားၾကရတယ္ ဆိုလို႔ရိွရင္

ဘဝရဲ့ဒုကၡသုတ္ခ အခက္အခဲေတြ နည္းနိဳင္သမွ် နည္းေအာင္ ဘာလုပ္ၾကရမလဲဆုိုေတာ့ ခရီးသြားတဲ့အခါမွာ ရိကၡာဆိုတာ ယူသြားၾကရတယ္ေပါ့။

လိုအပ္တဲ့ေနရာမွာ အသံုးျပဳဖို႔။ လိုအပ္တဲ့ေနရာ လိုသလို အသံုးခ်ဖို႔ လမ္းစရိတ္တို႔ ရိကၡာတို႔ဆိုတာ ပါၾကရမယ္။ လမ္းစရိတ္ေတြ ရိကၡာေတြ ပါသြားျပီဆိုရင္အခက္အခဲေတြဟာ နည္းသြားလိမ့္မယ္ေပါ့။

ေအးဒါေၾကာင့္မို႔လို႔ ဘဝရိကၡာဆိုတာ ဘာလဲလို႔ျမတ္စြာဘုရားက ေဟာတဲ့အခါမွာ ဘဝရိကၡာဆိုတာ ကုသိုလ္ပဲျဖစ္တယ္ေပါ့။ဒါနေကာင္းမႈ လုပ္တယ္။

သီလ ေဆာက္တည္တယ္။သမထ ဝိပႆနာ ဘာဝနာ ကမၼ႒ာန္းကို အားထုတ္တယ္ ဆိုတာဟာ ရိကၡာစုေဆာင္းျခင္းပင္ျဖစ္တယ္ေပါ့။

ကိုယ္သြားတဲ့ဘဝမွာ ဒါနေကာင္းမႈလုပ္သြားလို႔ ဒါနကုသိုလ္ဆိုတဲ့ ရိကၡာပါလို႔ရိွရင္ ဘယ္ဘဝေရာက္ေရာက္ စားရမယ့္မယ့္ ေသာက္ရမယ့္မယ့္ ဆင္းဆင္းရဲရဲေနရမယ့္ ဘမ်ဳိးမျဖစ္ဘူး။ အိုတာေတာ့ အိုမယ္။

နာတာေတာ့ နာမယ္။ ေသတာေတာ့ ေသမယ္။ မအို မနာ မေသခင္မွာ ခ်မ္းသာ သုခေတြ ရနိဳင္ေသးတယ္။ ဒီလို ဆိုတာေပါ့ေနာ္။

ဘဝခရီးမွာ အခက္အခဲေတြ သက္သာသြားေအာင္ အကယ္၍ ဒါနဆိုတဲ့ ကုသိုလ္ရိကၡာ မပါဘူးဆိုရင္ ပင္ပန္းလွတဲ့ဘဝမွာ ထပ္ဆင့္ျပီးေတာ့ စားစရာကမေျပလည္း​

ေသာက္စရာကမေျပလည္ ေနစရာကမရိွ ဝတ္စရာကမရိွ ဆင္းရဲဒုကၡအတိနဲ႔ အသက္ေမြးရတယ္။

ဘဝမွာလည္းပဲ မၾကာခင္ အိုမင္း ရင့္ေရာ္ ေဝဒနာေတြျဖစ္.. ေနာက္ဆံုး ေသဖို႔ဝင္ရတဲ့အေနအထားမ်ဳိးထိ ေရာက္သြားနိဳင္တယ္ေပါ့။

ဒါက အေလးအနက္ ဆင္ျခင္စဥ္းစားဖို႔။ တို႔ေတာ့ ဒီလို မျဖစ္ပါဘူးလို႔ေတာ့ မေအာင္႔ေမ့ေလနဲ႔..။ ရိကၡာမပါသူတိုင္းဟာ ဒီတိုင္း ျဖစ္ကိုျဖစ္မွာ။

ဒါေၾကာင့္မို႔ ဒါနကုသိုလ္ဆိုတဲ့ ရိကၡာကိုလည္း ပါေအာင္ ယူၾကရတယ္။ ေအးသီလဆိုတဲ့ ရိကၡာမပါဘူးဆိုရင္ ဘာျဖစ္မလဲဆိုေတာ့ လူ႔ဘဝေရာက္လာျပီ မၾကာခင္ပဲ ေသသြားၾက။

ေရာဂါေဝဒနာေတြမ်ားတယ္။ ေဟာ… “ပါဏာတိပါတ”ဆိုတဲ့ ကိုယ္က်င့္သီလ ေရွာင္ၾကဥ္မႈကို ယိုယြင္းလာတဲ့ ပုဂၢိဳလ္ဟာ ဘဝမွာျပည့္စံုတဲ့ဘဝ မရတဲ့အျပင္မွာ

လူျဖစ္ရေသာ္လည္း ေရာဂါေဝဒနာေတြ ထူေျပာလို႔ ေနာက္ဆံုးမွာအသက္ရွည္ရွည္မေနရပဲနဲ႔ ဒုကၡေတြ ဘလေပြနဲ႔ ငယ္ငယ္နဲ႔ ေသဆံုးသြားၾကတာေတြ ျပည့္လို႔ပဲ။ အဲ့ဒါ ပါဏာတိပါတမလံုလို႔။

ေအး ပါဏာတိပါတေတာ့လံုျပီ.. ”အဒိႏၷာဒါန”ေတာ့

မလံုးဘူးဆိုရင္ ဒီသီလရိကၡာမပါရင္ ရိွလာတဲ့ပစၥည္းေလး ေတာ္ၾကာ မီးေလာင္တဲ့အထဲပါသြားျပန္ျပီ။ ေရေျမာတဲ့အထဲ ပါသြားျပန္ျပီ။ ေတာ္ၾကာ အသိမ္းခံလိုက္ရျပီ။

သူခိုးဓါျမထဲ ပါသြားျပန္ျပီ။ အိမ္မွာ သားဆိုး သမီးဆိုးေတြကေနျပီးေတာ့ မူးယစ္ေဆးဝါးသံုးျပီး ျဖဳန္းပစ္လိုက္ျပန္ျပီ။

စိတ္ဆင္းရဲစရာေတြနဲ႔ခ်ည္း ၾကံဳတယ္။ အဒိႏၷဒါနာမလံုဘူး။ ကိုယ့္ရဲ့ပစၥည္းဟာ တစ္နည္းမဟုတ္တစ္နည္း ပ်က္စီးဆံုးရံႈးရမႈနဲ႔ ၾကံဳတယ္။

ကာေမသုမိစာၦစာရ မလံုဘူးဆိုရင္..ေအး.. အသက္ေတာ့ရွည္ပါရဲ႕ ပစၥည္းဥစၥာလည္းေပါပါရဲ႕ .. အရပ္ထဲမွာ လူတစ္ကာက ရြံ႕ရတဲ့ လူမုန္းသူမုန္း ခံရတဲ့ပုဂၢိဳလ္မ်ဳိးျဖစ္တယ္။

လူမုန္းသူမုန္းခံရတဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာလည္းပဲ ဘယ္ေတာ့မွ စိတ္ခ်မ္းသာမႈရမွာ မဟုတ္ဘူး။ အမ်ားနဲ႔ဆက္ဆံနိဳင္တဲ့ အေနအထားမ်ဳိးမရိွဘူး။

အမ်ားရဲ့ခ်ဥ္ဖက္ျဖစ္ျပီး ဘယ္သူကမွ အဖက္မလုပ္တဲ့ သူမ်ဳိးျဖစ္ရင္လည္း တစ္သက္လံုး စိတ္ဆင္းရဲျပီးေနၾကမွာပဲေပါ့။ ေနာက္တစ္ခု အားလံုးေတာ့ ျပည့္စံုပါရဲ့… မတရားစြတ္စြဲခံရတယ္၊

မတရားဖမ္းစည္းခံရတယ္ ဆိုတာ မုသာဝါဒမလံုလို႔။ မိမိကို္ယ္တုိင္က မမွန္မကန္ေျပာခဲ့တဲ့ အတြက္ေၾကာင့္ ကို္ယ့္ကိုလည္း မမွန္ကန္တဲ့ အေၾကာင္းအရာေတြနဲ႔ အၾကိမ္ၾကိမ္ စြပ္စြဲေျပာဆိုခံရတတ္တယ္။

ဘဝဒုကၡေတြ ပိုမ်ားတာေပါ့။ ေအးမုသာဝါဒေတာ့ လံုျပီ။

“သုရာေမရယ” မလံုဘူးဆိုရင္ ေမြးလာကတည္းက က်ပ္မျပည့္တဲ့သူေတြ ျဖစ္လာတယ္။ အရူးအႏွံးေတြ ျဖစ္လာတယ္။ စာသင္လို႔မရဘူး။ အသိဉာဏ္အားနည္းတယ္။IQ မမွီဘူးဆိုတာဟာ ဒီလိုပုဂၢိဳလ္မ်ဳိးေတြျဖစ္လာတယ္။

အဲ့ဒီလိုဆိုရင္ လူ႕ဘဝရတာအလကားပဲ။ ဒါေၾကာင့္မို႔လို႔… သီလဆိုတဲ့ရိကၡာမပါပဲ ခရီးသြားမယ္ဆိုရင္ ဤအခက္အခဲေတြ ၾကံဳေနဦးမွာပဲ။ ဒါေၾကာင့္မို႔လို႔ သီလရိကၡာဆိုတာလည္း

ကိုယ္သႏၲာန္မွာ ရိွရမယ့္ ဘဝရိကၡာတစ္ခုပဲ။ သီလဆိုတဲ့ ကုသိုလ္ဟာ ဘဝမွာ ေကာင္းတဲ့ရိကၡာတစ္ခုျဖစ္တယ္။အသက္ရွည္တယ္ ပစၥည္းဥစၥာေတြေပါမ်ားတယ္ လူခ်စ္လူခင္ေပါတယ္။ အစြပ္အစြဲ အလိမ္အညာမခံရဘူး။

အသိဉာဏ္ ​ၾကြယ္ဝတယ္ဆိုေတာ့ ေဟာ… တစ္ဘဝျပီးတစ္ဘဝ ပိုျပီးေတာ့ ျမင့္တဲ့အဆင့္ကို ေရာက္ရိွသြားနိဳင္ပါတယ္တဲ့။ ဒီလိုေျပာတာေနာ္။ သာမန္ေလးမေနနဲ႔…။ အေလးအနက္ ဆင္ျခင္စဥ္းစားဖို႔ လိုတယ္ေပါ့။

သမထဝိပႆနာဆိုတဲ့ ဘာဝနာကုသိုလ္ဆိုတာလည္း ဘဝခရီးသြားတဲ့အခါမွာ ပါရမယ့္ရိကၡာတစ္မ်ဳိးပဲ။ အဲ့ဒါမပါလို႔ရိွရင္ သာသနာေတာ္နဲ႔ ေတြ့ေသာ္လည္း တရားထူးတရားျမတ္ရနိဳင္ဖို႔ရန္ ခက္ခဲတယ္ေပါ့။

သူေတာ္စင္ေတြနဲ႔ေတာ့ ေတြ႕ပါရဲ႕ တရားဓမၼနဲ႔ပတ္သက္ျပီး ဘာမွနားမလည္ဘူး။ နားမလည္ပဲနဲ႔ ဘဝတစ္ခု အဆံုးသတ္​သြားျပန္တယ္။ ေတြ႕ရတဲ့အခါက အင္မတန္မွ နည္းတယ္။ မေတြ႕ရတာကအမ်ားၾကီး။

ဒီလိုနဲ႔ သံသရာထဲမွာ ဘယ္ေတာ့မွ မလြတ္နိဳင္တဲ့ ဆင္းရဲဒုကၡေတြကို ခံစားျပီး ရိကၡာမပါဘူးဆိုရင္ အခုလို အခက္အခဲေတ ၾကံဳေတြ႕ခံစားရလိမ့္မယ္။

ဒါျဖင့္.. ျမတ္စြာဘုရားက ဘဝရိကၡာဆိုတာ ဒါနကုသိုလ္ သီလကုသိုလ္ ဘာဝနာကုသိုလ္မိမိတို႔သႏၲာန္မွာ ရနိဳင္သေလာက္ စု​ေဆာင္​းၿပီး ဘဝခရီးကို သြားတဲ့ပုဂၢိဳလ္ေတြက်ေတာ့ အင္မတန္မွခ်မ္းသာတယ္။

ကိုယ့္ကိုယ္ကို ျပန္စဥ္းစားၾက.. ငါေရာ ရိကၡာေတြ ရိွျပီလားလို႔??

တေန႔မဟုတ္တေန႔ အရြယ္ရလာတာနဲ႔ တစ္ျပိဳင္နက္ ဘုန္းၾကီးတို႔ဘဝဟာ သစ္ရြက္ဝါျဖစ္လာၾကျပီ။ ေၾကြမယ္မၾကာခင္ ။ေလေျပေလး မ..တို႔လိုက္နဲ႔ တို႔.. လိုက္တာနဲ႔.. ဘုတ္ကနဲဆို ေၾကြၾကေတာ့မွာ။

အဲ့ဒီလို ရင့္ေရာ္လာတဲ့ အရြက္ျဖစ္လာတဲ့အျပင္ ေသမင္းတမန္ေတြကလည္း အိမ္တံခါးလာေခါက္ေနျပီ။ ဘယ္ကေနေခါက္လဲ ေခါင္းကိုလည္းေခါက္တာပဲ။

ပါးစပ္လည္း လာေခါက္တာပဲ။ ေခါက္လိုက္တာနဲ႔ သြားတစ္ေခ်ာင္း ျပဳတ္ထြက္သြားတယ္။ ေခါင္းတစ္ခ်က္ ေခါက္လိုက္ရင္ ဆံပင္ေတြျဖဴသြားတယ္။

အဲ့ဒီလို ေသမင္းရဲ့တမန္ေတြကလည္း တံခါးလာေခါက္ေနၾကျပီ။ ေသဖို႔လမ္းဆံုး လမ္းဝ ေရာက္ေနၾကျပီ။ အဲ့ဒီအခ်ိန္မွာ ရိကၡာရိွျပီလား ကိုယ့္မွာ စဥ္းစားရမွာ။

ကုသိုလ္ဆိုတဲ့ ရိကၡာေတြကိုယ္္မွာ ပါျပီလား????

မပါေသးဘူးဆိုရင္ ရိကၡာဆိုတာ အေရျကီးတယ္။

(ပါခ်ဳပ္ဆရာေတာ္​ေဒါက္​တာနႏၵမာလာဘိဝံသ)

(“ဘဝရိကၡာ”တရားေတာ္မွ ေကာက္ႏႈတ္ခ်က္ ​ေရးသားခ်က္​)

Leave a Comment