ကလေးက ဝတုတ်နေတာပဲ လို့ပြောခံရရင် နောက်နေ့ဖျားရော .. အဲလိုဖြစ်တာကို အံံ့မိခြင်းလို့ခေါ်ပါတယ် ..

ကလေးက ဝတုတ်နေတာပဲ လို့ပြောခံရရင် နောက်နေ့ဖျားရော .. အဲလိုဖြစ်တာကို အံံ့မိခြင်းလို့ခေါ်ပါတယ်(အံ့မိခြင်းပျောက်စေဖို့)

အံံ့မိခြင်း အံ့မိတယ်ဆိုတာဘာဖြစ်တာလဲ အရောင်းအဝယ်တွေကောင်းနေရင်းကနေ ဗြုန်းကနဲ လာဘ်တွေတိတ်သွားတယ် ဈေးရောင်းအား ကျသွားတယ် ငွေတွေဝင်နေရင်း ငွေဝင်ရပ်သွားတယ် ကျန်းမာရေးကောင်းနေရင်းကနေ ဖောက်သွားတယ်….

စသဖြင့်ပေါ့နော် … အကောင်းတွေကနေ မကောင်းဖြစ်သွားတယ်ဆိုတာ တစ်ကယ်တော့အံ့မိသွားတာ။

ဘာကြောင့်အံ့မိလဲဆိုတော့ ဥပမာ ကျွန်တော်အဝတ်အစားအသစ်ဝတ်တာမြင်ရင် ” ဟာ …လန်းနေပါလား… အံမယ် … အဆင်ပြေနေပါလား လှလို့ ပလို့ ဝလို့ပါလား ” အဲလို အံ့ဩတကြီးပြောခံရရင် အံ့မိပါတယ်

ရွှေတွေငွေတွေနဲ့အပြင်သွားတယ် အဲ့မှာကိုယ့်ကိုမြင်တဲ့သူတွေက ဟာ….. မင်းကြည့်ကောင်းလာတယ် ဈေးတွေကိုယ်အရမ်းရောင်းနေရတဲ့အခါမှာ ဟာ…အရမ်းရောင်းရတယ်နော်

မင်းကိုအားကျတယ်…. အဲ့လိုမျိုးကိုယ့်ကိုပြောလာတဲ့စကားတွေက ကာယကံရှင်ကိုထိပါတယ် အံ့မိစေပါတယ်ဗျာ

ကလေးလေးဝဝတုတ်တုတ်လေးကို သနပ်ခါးအဖွေးသားလူးပီး ရပ်ကွက်ထဲခေါ်သွားတော့ဘေးကလူတွေက ဟယ်နင့်ကလေးလေးကဝတုတ်နေတာ ပဲ ချစ်စရာကြီးနော်

အံ့သြတကြီးချီးကျူးကြတာ အဲ့လိုဆိုအဲ့ကလေးဘာဖြစ်သွားလဲသိလား နောက်ရက်နေမကောင်းဖြစ်တာ အဲ့လိုလုပ်မပြောစေချင်ဘူး မလုပ်စေချင်ဘူး တားလို့မရပါဘူး

ပုထုစဉ်လူသားတွေမို့ မပြောပဲလည်းမနေနိုင်ကြပါဖူး ကိုယ့်ကိုလာပြောတဲ့လူတွေကိုလည်း အဲ့လိုလာမပြောနဲ့လို့လိုက်ပြောနေရင်ပါးချသွားမှာ အဲလိုမပြောမိအောင် မုဒိတာပွားပေးရပါတယ် သူလှတာက ကုသိုလ်ကောင်းလို့ လှတာ ဒီထက်မကလှပါစေ

ကျန်းမာပါစေ ချမ်းသာပါစေ အဲလိုလေး မုဒိတာပွားပြီးဝမ်းသာပေးရပါတယ် ကျွန်တော်တို့ဆရာမင်းနိူင်ရဲ့တပည့်များလည်း အဲဒီမုဒိတာစိတ်လေးဝင်အောင် ကြိုးစားပြီးကျင့်နေကြပါတယ် အဲဒီမုဒိတာစိတ်လေးဟာ တူသောအကျိုးကို ကိုယ်လည်းထပ်တူရပါတယ်ခင်ဗျာ…..

အံ့မိရင်လွတ်အောင်လုပ်တဲ့နည်းရှိပါတယ် ထမင်း ပူပူနွေးနွေး တစ်ပန်းကန် ခူး။ ကြက်ဥပြုတ် တစ်လုံး အခွံနွာ ထည့်။ နှင်းဆီပန်း အနီရဲရဲ တစ်ပွင့်ကနေ ပွင့်ဖတ်တွေ ခြွေယူပြီး ထမင်းပေါ် ပွင့်ဖတ်တွေ ဖြူးပါ….အဲဒီ ပန်းကန်ကို အမြင့် တစ်နေရာမှာ တင်။

အံ့မိခြင်းနှင့် ဆိုင်သော နတ်များအား ကပ်လှူပါသည်။ အံ့မိခြင်း၊ ခမည်းလိုခြင်း စသည့်အထွေထွေမှ အကျွန်ပ်မှ အစပြု၍ တစ်မိသားစုလုံး ကင်းလွတ်ငြိမ်းရပါလို၏ ။

အဲလို ပြောပြီး ကပ်။ အနည်းဆုံး ခြောက်နာရီတော့ ထား။ ခြောက်နာရီကျော်ရင် စွန့်။ စွန့်ပြီးရင် ဘယ်သူမှ မစားရ။ အားလုံးအလုပ်အကိုင်တွေအစဉ်ပြေပီး စီးပွားတိုးတက်အဆင်ပြေကြပါစေ……အံ့မိခြင်းကင်းကြပါစေ…..

အနုပညာလောကမှာရှိသောသူများအတွက်မော်ဒယ်လ်များ သီချင်းဆိုသူများ ဖက်ရှင်ရှိုးလျှောက်သူများအနုပညာဖြင့်အသက်မွေးဝမ်းပြုသူများအားလုံးမှာ ရင်ထဲမှာတုန်လှုပ်ခြောက်ခြားခြင်း ဘာမှန်းမသိတခုခုထိတ်လန့်ခြောက်ခြားခြင်း စိုးရိမ်ပူပန်ခြင်း ဒေါသထွက်ထွက်ခြင်းစိတ်တိုနေခြင်း အဲသလို မကြာ မကြာ ဖြစ်နေတတ်ပါတယ်။

အဲလိုဖြစ်နေခြင်းဟာ အံ့မိနေခြင်းကြောင့်ဖြစ်ပါတယ်….. အဲလိုတွေဖြစ်နေခဲ့ရင် အခုအံ့မိခြင်းယတြာကို ၁ ပတ်တခါဖြစ်စေ ၁၀ ရက်တခါဖြစ်စေ ပြုလုပ်လို့ရပါတယ်ခင်ဗျာ….

ဆရာမင်းနိုင်ကိုဦးခိုက်ကန်တော့ပါသည်…ရွှင်လန်းသောစိတ်ဖြင့်ပြည့်စုံပါစေ……

ဆရာ ဇယြောထကျ

Zawgyi

ကေလးက ဝတုတ္ေနတာပဲ လို႔ေျပာခံရရင္ ေနာက္ေန႔ဖ်ားေရာ .. အဲလိုျဖစ္တာကို အံံ့မိျခင္းလို႔ေခၚပါတယ္(အံ့မိျခင္းေပ်ာက္ေစဖို႔)

အံံ့မိျခင္း အံ့မိတယ္ဆိုတာဘာျဖစ္တာလဲ အေရာင္းအဝယ္ေတြေကာင္းေနရင္းကေန ျဗဳန္းကနဲ လာဘ္ေတြတိတ္သြားတယ္ ေဈးေရာင္းအား က်သြားတယ္ ေငြေတြဝင္ေနရင္း ေငြဝင္ရပ္သြားတယ္ က်န္းမာေရးေကာင္းေနရင္းကေန ေဖာက္သြားတယ္….

စသျဖင့္ေပါ့ေနာ္ … အေကာင္းေတြကေန မေကာင္းျဖစ္သြားတယ္ဆိုတာ တစ္ကယ္ေတာ့အံ့မိသြားတာ။

ဘာေၾကာင့္အံ့မိလဲဆိုေတာ့ ဥပမာ ကြၽန္ေတာ္အဝတ္အစားအသစ္ဝတ္တာျမင္ရင္ ” ဟာ …လန္းေနပါလား… အံမယ္ … အဆင္ေျပေနပါလား လွလို႔ ပလို႔ ဝလို႔ပါလား ” အဲလို အံ့ဩတႀကီးေျပာခံရရင္ အံ့မိပါတယ္

ေ႐ႊေတြေငြေတြနဲ႔အျပင္သြားတယ္ အဲ့မွာကိုယ့္ကိုျမင္တဲ့သူေတြက ဟာ….. မင္းၾကည့္ေကာင္းလာတယ္ ေဈးေတြကိုယ္အရမ္းေရာင္းေနရတဲ့အခါမွာ ဟာ…အရမ္းေရာင္းရတယ္ေနာ္

မင္းကိုအားက်တယ္…. အဲ့လိုမ်ိဳးကိုယ့္ကိုေျပာလာတဲ့စကားေတြက ကာယကံရွင္ကိုထိပါတယ္ အံ့မိေစပါတယ္ဗ်ာ

ကေလးေလးဝဝတုတ္တုတ္ေလးကို သနပ္ခါးအေဖြးသားလူးပီး ရပ္ကြက္ထဲေခၚသြားေတာ့ေဘးကလူေတြက ဟယ္နင့္ကေလးေလးကဝတုတ္ေနတာ ပဲ ခ်စ္စရာႀကီးေနာ္

အံ့ၾသတႀကီးခ်ီးက်ဴးၾကတာ အဲ့လိုဆိုအဲ့ကေလးဘာျဖစ္သြားလဲသိလား ေနာက္ရက္ေနမေကာင္းျဖစ္တာ အဲ့လိုလုပ္မေျပာေစခ်င္ဘူး မလုပ္ေစခ်င္ဘူး တားလို႔မရပါဘူး

ပုထုစဥ္လူသားေတြမို႔ မေျပာပဲလည္းမေနႏိုင္ၾကပါဖူး ကိုယ့္ကိုလာေျပာတဲ့လူေတြကိုလည္း အဲ့လိုလာမေျပာနဲ႔လို႔လိုက္ေျပာေနရင္ပါးခ်သြားမွာ အဲလိုမေျပာမိေအာင္ မုဒိတာပြားေပးရပါတယ္ သူလွတာက ကုသိုလ္ေကာင္းလို႔ လွတာ ဒီထက္မကလွပါေစ

က်န္းမာပါေစ ခ်မ္းသာပါေစ အဲလိုေလး မုဒိတာပြားၿပီးဝမ္းသာေပးရပါတယ္ ကြၽန္ေတာ္တို႔ဆရာမင္းႏိူင္ရဲ႕တပည့္မ်ားလည္း အဲဒီမုဒိတာစိတ္ေလးဝင္ေအာင္ ႀကိဳးစားၿပီးက်င့္ေနၾကပါတယ္ အဲဒီမုဒိတာစိတ္ေလးဟာ တူေသာအက်ိဳးကို ကိုယ္လည္းထပ္တူရပါတယ္ခင္ဗ်ာ…..

အံ့မိရင္လြတ္ေအာင္လုပ္တဲ့နည္းရွိပါတယ္ ထမင္း ပူပူေႏြးေႏြး တစ္ပန္းကန္ ခူး။ ၾကက္ဥျပဳတ္ တစ္လုံး အခြံႏြာ ထည့္။ ႏွင္းဆီပန္း အနီရဲရဲ တစ္ပြင့္ကေန ပြင့္ဖတ္ေတြ ေႁခြယူၿပီး ထမင္းေပၚ ပြင့္ဖတ္ေတြ ျဖဴးပါ….အဲဒီ ပန္းကန္ကို အျမင့္ တစ္ေနရာမွာ တင္။

အံ့မိျခင္းႏွင့္ ဆိုင္ေသာ နတ္မ်ားအား ကပ္လႉပါသည္။ အံ့မိျခင္း၊ ခမည္းလိုျခင္း စသည့္အေထြေထြမွ အကြၽန္ပ္မွ အစျပဳ၍ တစ္မိသားစုလုံး ကင္းလြတ္ၿငိမ္းရပါလို၏ ။

အဲလို ေျပာၿပီး ကပ္။ အနည္းဆုံး ေျခာက္နာရီေတာ့ ထား။ ေျခာက္နာရီေက်ာ္ရင္ စြန႔္။ စြန႔္ၿပီးရင္ ဘယ္သူမွ မစားရ။ အားလုံးအလုပ္အကိုင္ေတြအစဥ္ေျပပီး စီးပြားတိုးတက္အဆင္ေျပၾကပါေစ……အံ့မိျခင္းကင္းၾကပါေစ…..

အႏုပညာေလာကမွာရွိေသာသူမ်ားအတြက္ေမာ္ဒယ္လ္မ်ား သီခ်င္းဆိုသူမ်ား ဖက္ရွင္ရႈိးေလွ်ာက္သူမ်ားအႏုပညာျဖင့္အသက္ေမြးဝမ္းျပဳသူမ်ားအားလုံးမွာ ရင္ထဲမွာတုန္လႈပ္ေျခာက္ျခားျခင္း ဘာမွန္းမသိတခုခုထိတ္လန႔္ေျခာက္ျခားျခင္း စိုးရိမ္ပူပန္ျခင္း ေဒါသထြက္ထြက္ျခင္းစိတ္တိုေနျခင္း အဲသလို မၾကာ မၾကာ ျဖစ္ေနတတ္ပါတယ္။

အဲလိုျဖစ္ေနျခင္းဟာ အံ့မိေနျခင္းေၾကာင့္ျဖစ္ပါတယ္….. အဲလိုေတြျဖစ္ေနခဲ့ရင္ အခုအံ့မိျခင္းယၾတာကို ၁ ပတ္တခါျဖစ္ေစ ၁၀ ရက္တခါျဖစ္ေစ ျပဳလုပ္လို႔ရပါတယ္ခင္ဗ်ာ….

ဆရာမင္းႏိုင္ကိုဦးခိုက္ကန္ေတာ့ပါသည္…႐ႊင္လန္းေသာစိတ္ျဖင့္ျပည့္စုံပါေစ……

ဆရာ ဇေၾယာထက်

Leave a Comment