ဗုဒ္ဓ၏ အဆုံးအမနှင့် အညီနေထိုင်ခြင်းအဆုံးအမ

ဗုဒ္ဓ၏ အဆုံးအမနှင့် အညီနေထိုင်ခြင်းအဆုံးအမ

၁။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း နှလုံးကောင်း ထားပါ။

၂။ ကောင်းသော ဣဌာရုံနှင့်တွေ့သောအခါ လွန်စွာဝမ်းသာအားရ သောမနဿ လောဘ မဖြစ်ပါနှင့်။

၃။ မကောင်းသော အနိဌာရုံနှင့် တွေ့သောအခါ ၀မ်းနည်းပက်လက်မနှစ်သက်သော ဒေါမနဿ ဒေါသ မဖြစ်ပါနှင့်။

၄။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လိုသည့်မတရား ရယူလိုသည့်လောဘ မထွက်ပါနှင့်။

ရောင့်ရဲပါ၊ တင်းတိမ်ပါ၊ဆင်းရဲသည်ကို ဂုဏ်ယူပါ၊ မတရားချမ်းသာတာကို ဂုဏ်မယူပါနှင့်။

၅။ သတ္တဝါတို့ကို မညှဉ်းဆဲပါနှင့်၊ မနှိပ်စက်ပါနှင့်။ ကာယအားဖြင့်၊ နှုတ်အားဖြင့်၊ စိတ်အားဖြင့်မညှဉ်းဆဲပါနှင့်။

၆။ သတ္တဝါအားလုံး မိမိနှင့် ထိတွေ့သိရှိသူ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ၊မိမိအား ချစ်ခင်လိုလားသူ၊မိမိအား မုန်းတီးစက်ဆုပ်သူ၊

မိမိအား ချစ်လည်းမချစ်၊ မုန်းလည်းမမုန်း အလယ်အလတ်သဘောရှိသူ အားလုံးအပေါ် သန့်ရှင်းကြည်လင်သောမိမိနှင့်ထပ်တူဖြစ်သော မေတ္တာထားရှိပါ။

၇။ လိမ်ညာ မုသားစကား ပြောခြင်းမှရှောင်ကြည်ပါ။

၈။ မည်သည့်စိတ်ဖြင့် ဖြစ်စေကောင်းစေလို၍ပဲ ဖြစ်ဖြစ်၊ ဆိုးစေလို့၍ပဲ ဖြစ်ဖြစ် ဖရုသဝါစာတည်းဟူသော ဆဲဆိုခြင်းမှရှောင်ကြဉ်ပါ။

၉။ ချစ်သူနှစ်ယောက်ကွဲသွားအောင် ကုန်းတိုက်သော၊ ရန်တိုက်ပေးသော ပိသုဏဝါစာ စကားကို ရှောင်ကြဉ်ပါ။

၁၀။ ကလေးသူငယ်များနှင့်လူဖျင်းလူပေါ့တို့ နားထောင်၍ကောင်းရုံသာဖြစ်သော(အနက်အဓိပ္ပာယ်မရှိ၊ အကျိုးမရှိသော)အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဇပ္ပလာပစကားကို ရှောင်ကြဉ်ပါ။

ဟိုစပ်စပ် ဒီစပ်စပ် ပါ၀င်ကာ အာလာပ သလ္လာပ ဗရုတ်သုတ်ခမဟုတ်က ဟုတ်က စကားများ မပြောမိပါနှင့်။

၁၁။ ဆိုရေးရှိက ဆိုသည့်စကားကိုနားခံသာအောင်၊ သဘောပေါက်လွယ်အောင် သာယာပျောင်းညင်းစွာ ပြောဆိုပါ။

လူပုံအလယ်တွင် အရှက်ကွဲစေခြင်း၊ဒေါသတကြီး ပြုမူပြောဆိုခြင်းတို့မှရှောင်ကြဉ်ပါ။

၁၂။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံအားထုတ်ပေးပါ။

၁၃။ သရဏဂုံသုံးပါး တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ၊မေတ္တာဘာဝနာကို ပွားပါ။၀ိပဿနာလမ်းသို့ တက်လှမ်းနိူင်ပါစေ။

၁၄။ သူတော်ကောင်းတို့ကိုဆည်းကပ်ပါ။

၁၅။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ။

၁၆။ အစဉ်ကြည်လင်သောကောင်းသောစိတ်ကို မြှုပ်နှံထားပါ။

၁၇။ လောကုတ္တရာတရားတော်တွင်စိတ်ကို မြှုပ်နှံထားပါ။

၁၈။ ခန္တီစ သည်းခံခြင်းတရားကိုမမေ့မလျော့လေနှင့်။ ရန်ကိုရန်ချင်း မတုံနှင်းနှင့်။မေတ္တာဖြင့်သာ ရန်ကို အောင်နိူင်ရာ၏။

၁၉။ ကာယ၊ ၀စီ၊ မနောအားဖြင့်ပြုမှုလှုပ်ရှား ပြောဆိုမှု၊ကြံစည်တွေးတောမှု မှန်သမျှသည်

သင့်မသင့် လျော်မလျော်၊အချိန်အခါ ဟုတ်မဟုတ်၊ပြောလျှင် ဘာဖြစ်မလဲ၊မပြောလျှင် ဘာဖြစ်မလဲ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏၊

လုပ်သင့်၏၊ စဉ်းစားသင့်၏။အကျိုးအပြစ် ဝေဖန်ပြီးမှ လုပ်သင့်၏။စိတ်နောက်ကိုယ်ပါ၊ အချွန်းမရှိ၊ ပညာမရှိ မပြုမူသင့်။

၂၀။ ဇကောဓမ္မော ဟူသည့်အတိုင်းမိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ၊ လူကောင်းသူကောင်းလည်းဖြစ်၊ ယခုဘဝတွင်ရော၊ သံသရာတွင်ပါ ချမ်းသာသုခ ရနိူင်သည်။

နိဗ္ဗာ န်ရောက်ကြောင်းမဂ်တရား၊ ဖိုလ်တရားကို ကျင့်ကြံအားထုတ်နိူင်ပါစေ။

၂၁။ စိတ်ကို မေတ္တာဖြင့် ထုံမွမ်းပါလေ။

၂၂။ မိမိစိတ်ကု ိ အစဉ်သတိဖြင့်ကပ်ထားပါလေ၊ မလွတ်လိုက်ပါနှင့်။စိတ်ဟူသည် ဖြန့်ကျက်တက်သောသဘောရှိ၏။

Nay Lin

Zawgyi

ဗုဒၶ၏ အဆံုးအမႏွင့္ အညီေနထိုင္ျခင္းအဆံုးအမ

၁။ မည္သူ႔အေပၚတြင္ မဆုိ အရင္းအဖ်ား မခြဲျခားဘဲ စိတ္ေကာင္း ႏွလုံးေကာင္း ထားပါ။

၂။ ေကာင္းေသာ ဣဌာရုံႏွင့္ေတြ႔ေသာအခါ လြန္စြာ၀မ္းသာအားရ ေသာမနႆ ေလာဘ မျဖစ္ပါႏွင့္။

၃။ မေကာင္းေသာ အနိဌာရုံႏွင့္ ေတြ႔ေသာအခါ ၀မ္းနည္းပက္လက္မႏွစ္သက္ေသာ ေဒါမနႆ ေဒါသ မျဖစ္ပါႏွင့္။

၄။ မိမိပိုင္ မဟုတ္ေသာ ပစၥည္းဥစၥာမ်ားကုိ မတရား ပုိင္ဆုိင္လုိသည့္မတရား ရယူလုိသည့္ေလာဘ မထြက္ပါႏွင့္။

ေရာင္႔ရဲပါ၊ တင္းတိမ္ပါ၊ဆင္းရဲသည္ကုိ ဂုဏ္ယူပါ၊ မတရားခ်မ္းသာတာကုိ ဂုဏ္မယူပါႏွင့္။

၅။ သတၱ၀ါတုိ႔ကုိ မညွဥ္းဆဲပါႏွင့္၊ မႏွိပ္စက္ပါႏွင့္။ ကာယအားၿဖင့္၊ ႏႈတ္အားျဖင့္၊ စိတ္အားျဖင့္မညွဥ္းဆဲပါႏွင့္။

၆။ သတၱ၀ါအားလုံး မိမိႏွင့္ ထိေတြ႔သိရွိသူ၊ မိမိႏွင့္ ထိေတြ႔သိရွိျခင္း မရွိသူ၊မိမိအား ခ်စ္ခင္လုိလားသူ၊မိမိအား မုန္းတီးစက္ဆုပ္သူ၊

မိမိအား ခ်စ္လည္းမခ်စ္၊ မုန္းလည္းမမုန္း အလယ္အလတ္သေဘာရွိသူ အားလုံးအေပၚ သန္႔ရွင္းၾကည္လင္ေသာမိမိႏွင့္ထပ္တူၿဖစ္ေသာ ေမတၱာထားရွိပါ။

၇။ လိမ္ညာ မုသားစကား ေျပာျခင္းမွေရွာင္ၾကည္ပါ။

၈။ မည္သည့္စိတ္ျဖင့္ ျဖစ္ေစေကာင္းေစလုိ၍ပဲ ျဖစ္ျဖစ္၊ ဆုိးေစလုိ႔၍ပဲ ျဖစ္ျဖစ္ ဖရုသ၀ါစာတည္းဟူေသာ ဆဲဆုိျခင္းမွေရွာင္ၾကဥ္ပါ။

၉။ ခ်စ္သူႏွစ္ေယာက္ကြဲသြားေအာင္ ကုန္းတုိက္ေသာ၊ ရန္တုိက္ေပးေသာ ပိသုဏ၀ါစာ စကားကုိ ေရွာင္ၾကဥ္ပါ။

၁၀။ ကေလးသူငယ္မ်ားႏွင့္လူဖ်င္းလူေပါ့တုိ႔ နားေထာင္၍ေကာင္းရုံသာျဖစ္ေသာ(အနက္အဓိပၸာယ္မရွိ၊ အက်ဳိးမရွိေသာ)အပ်က္အေခ်ာ္ ေပ်ာ္ရုံသာျဖစ္ေသာ သမၨပၸလာပစကားကုိ ေရွာင္ၾကဥ္ပါ။

ဟုိစပ္စပ္ ဒီစပ္စပ္ ပါ၀င္ကာ အာလာပ သလႅာပ ဗရုတ္သုတ္ခမဟုတ္က ဟုတ္က စကားမ်ား မေျပာမိပါႏွင့္။

၁၁။ ဆုိေရးရွိက ဆုိသည့္စကားကုိနားခံသာေအာင္၊ သေဘာေပါက္လြယ္ေအာင္ သာယာေပ်ာင္းညင္းစြာ ေၿပာဆုိပါ။

လူပုံအလယ္တြင္ အရွက္ကြဲေစျခင္း၊ေဒါသတၾကီး ျပဳမူေျပာဆုိျခင္းတုိ႔မွေရွာင္ၾကဥ္ပါ။

၁၂။ ငါးပါးသီလကုိ ၿမဲၿမံစြာ က်င့္ၾကံအားထုတ္ေပးပါ။

၁၃။ သရဏဂုံသုံးပါး တည္ၿပီးလွ်င္ ဗုဒၶါႏုႆတိ ဘာ၀နာ၊ေမတၱာဘာ၀နာကုိ ပြားပါ။၀ိပႆနာလမ္းသို႔ တက္လွမ္းႏူိင္ပါေစ။

၁၄။ သူေတာ္ေကာင္းတုိ႔ကုိဆည္းကပ္ပါ။

၁၅။ သူေတာ္ေကာင္း တရားတုိ႔ကုိ ၾကားနာမႈမ်ားပါ။

၁၆။ အစဥ္ၾကည္လင္ေသာေကာင္းေသာစိတ္ကုိ ျမွဳပ္ႏွံထားပါ။

၁၇။ ေလာကုတၱရာတရားေတာ္တြင္စိတ္ကုိ ျမွဳပ္ႏွံထားပါ။

၁၈။ ခႏီၲစ သည္းခံျခင္းတရားကုိမေမ့မေလ်ာ့ေလႏွင့္။ ရန္ကုိရန္ခ်င္း မတုံႏွင္းႏွင့္။ေမတၱာျဖင့္သာ ရန္ကုိ ေအာင္ႏူိင္ရာ၏။

၁၉။ ကာယ၊ ၀စီ၊ မေနာအားျဖင့္ျပဳမႈလႈပ္ရွား ေျပာဆုိမႈ၊ၾကံစည္ေတြးေတာမႈ မွန္သမွ်သည္

သင့္မသင့္ ေလ်ာ္မေလ်ာ္၊အခ်ိန္အခါ ဟုတ္မဟုတ္၊ေျပာလွ်င္ ဘာၿဖစ္မလဲ၊မေျပာလွ်င္ ဘာၿဖစ္မလဲ၊ ဆင္ျခင္ၿပီးမွ ေၿပာသင့္၏၊

လုပ္သင့္၏၊ စဥ္းစားသင့္၏။အက်ဳိးအျပစ္ ေ၀ဖန္ၿပီးမွ လုပ္သင့္၏။စိတ္ေနာက္ကုိယ္ပါ၊ အခ်ြန္းမရွိ၊ ပညာမရွိ မျပဳမူသင့္။

၂၀။ ဇေကာဓေမၼာ ဟူသည့္အတုိင္းမိမိစိတ္ကုိ ေစာင့္ထိန္းမွသာ တရားလည္းရ၊ လူေကာင္းသူေကာင္းလည္းျဖစ္၊ ယခုဘ၀တြင္ေရာ၊ သံသရာတြင္ပါ ခ်မ္းသာသုခ ရႏူိင္သည္။

နိဗၺာ န္ေရာက္ေၾကာင္းမဂ္တရား၊ ဖုိလ္တရားကုိ က်င္႔ၾကံအားထုတ္ႏူိင္ပါေစ။

၂၁။ စိတ္ကုိ ေမတၱာျဖင့္ ထုံမြမ္းပါေလ။

၂၂။ မိမိစိတ္ကု ိ အစဥ္သတိျဖင့္ကပ္ထားပါေလ၊ မလြတ္လုိက္ပါႏွင့္။စိတ္ဟူသည္ ျဖန္႔က်က္တက္ေသာသေဘာရွိ၏။

Nay Lin