သံပုရာသီးဖြင့် ဖြေရှင်းနိုင်သော ကျန်းမာရေး ပြဿနာများ
ဆေးဖက်ဝင်အသုံးပြုပုံများမှာ ၁။ သံပုရာရည်ကိုသောက်ခြင်းဖြင့် မောပန်းခြင်းကိုပြေစေပြီး လူ၏ ခန္ဓာ ကိုယ်တွင်ကျရောက်တတ်သောရောဂါများ၊အထူးသဖြင့်ဝမ်းဗိုက် တွင် ဖြစ်သောရောဂါများကို ကာကွယ်နိုင်ပါသည်။၏၏ ၂။ သံပုရာသီးအစိမ်း၏အခွံကိုစားပါက လေနာ ရင်နာပျောက်ကင်း၏။ ၃။ ယားနာ၊ ပွေးနာ အရေပြား၌ အမဲကွက်များပေါ်ခြင်း၊ အမွေးကျွတ်ခြင်း စသောရောဂါများ အတွက် သံပုရာသီးထက်ခြမ်းဖြင့် ပွတ်ပေးခြင်းဖြင့် သက်သာစေ နိုင်သည်။ ၄။ သံပုရာသီးအရည်ကို သကြားဖြင့်ဖျော်၍ များစွာသောက်ပါကဘိန်းကြောင့် အဆိပ်သင့်ခြင်း၊ အရက် နှင့် အစားမှားခြင်းကြောင့်ဖြစ်သောအဆိပ်သင့်ခြင်း များ မှ ပျောက်ကင်းစေနိုင်သည်။ ၅။ ထမင်းစားပြီးနောက် အော့အန်ခြင်းဖြစ်သောအခါ လတ်ဆတ်သော သံပုရာရည်ကိုသောက်လျှင် ပျောက်သည်။ ၆။ သံပုရာသီးသနပ်ကို ထမင်းနှင့်အမြဲသုံးဆောင်ပါက သရက်ရွက် ကြီးသော ရောဂါပျောက်၏။ ၇။ သံပုရာရည်ကို သကြားခတ်၍သောက်ပါက အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ … Read more