ကင်ဆာဆဲလ်ကို သေစေနိုင်သည်ဟုဆိုသော စေတီခရေုခါ် မရွတ်ကောင်
ကင်ဆာဆဲလ် ပြန့်ပွားမှုကို တားဆီးပေးသော ရခိုင်အခေါ် မရွတ် မနီလာ- ဒေသခံများက ဘာဂုံ ဂုံ(bagongon)အဖြစ် လူသိများသည့် ရခိုင်အခေါ် မရွတ် (ဗမာအခေါ် စေတီခရု)၏ အ သားသည် ကင်ဆာဆဲလ်ပြန့် ပွားမှုကို ထိရောက်စွာ တား ဆီးနိုင်ကြောင်း မနီလာမြို့ ဖိလစ်ပိုင်တက္ကသိုလ်မှကျောင်း သားများ၏ သုတေသနပြုချက်အရ သိရှိသည်။ ဖီလစ်ပိုင်လူမျိုးများက ဟင်းလျှာအဖြစ် စားသုံးကြသည့်ခရုမျိုးနွယ်ဝင် စေတီခရုသည် သွေးကြောအတွင်း ကင်ဆာဆဲလ်ဖြစ်ပွားစေမှုကို တားဆီးပေးသည်ဟုသိရသည်။ သွေးကြော၏ ကြီးထွားမှုကိုတားဆီးခြင်းဖြင့် ကင်ဆာဆဲလ်များသည် အဟာရငတ်ပြတ်ကာ ကြီးထွားမှုကို ရပ်တန့်သွားစေသည်။ စေတီခရုစားသုံးခြင်း၏ အစွမ်းသတ္တိကြောင့်ကင်ဆာတိုက်ဖျက်သည့် ဒြပ်ပေါင်းအဖြစ်ပြောင်းလဲသွားပြီး ကျူးမား(ခ)အဖုအကျိတ်အတွင်းရှိ ကင်ဆာဆဲလ်ကို တိုက်ရိုက် သတ်ခြင်းထက်ထိ ရောက်မှုရှိသည်ဟု သိရသည်။ ရခိုင်အခေါ် မရွတ်၏ အ စွမ်းသတ္တိကို တစ်ခြမ်းဖွင့်ထားသော ဘဲဥသားပေါက်၏ သွေးကြောကြီးထွားမှုဖြင့်စမ်းသပ်ခဲ့ရာ … Read more