သပြုသီး၏ ကျန်းမာရေး အကျိုးပြုပုံ
လေးဘက်နာကြောင့် ခြေဆစ်လက်ဆစ်တွေကိုက်နေရင် သပြုသီးနဲ့ ဆား ဆတူ/အချိုးတူ ပြုတ်ပြီး ပေါင်းခံ ချွေးအောင်းပေးလိုက်ပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးပုပ်တွေ ထွက်လာပြီးရင် ရေချိုးပေးပါ။ အစားရှောင်စရာ မလိုလောက်အောင် သက်သာပါတယ်။ သပြုသီးကို ငါးခူနှင့်ချက်စားလျှင် ကျောက်ကပ်၊ နှလုံးကောင်းလာပါမည်။ ငါးရံ့ကင်ပြီး သပြုသီးနှင့် ဟင်းချိုချက်စားလျှင် ဆီးချိုရောဂါ သက်သာပါမည်။ သပြုသီးပြုတ်ပြီး တို့စားမြုပ်စားလျှင် နှလုံးအားကောင်းပြီး ဆီးရွင်ပါသည်။ ဆီးကျောက်တည်လျှင် သပြုသီးအရွက်ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ကျောက်တဖြည်းဖြည်းကြွေကျပြီး သက်သာပျောက်ကင်းပါသည်။ ဝမ်းကိုက်လျှင် သပြုသီးပင် အခေါက်ကို ဆားနှင့်သွေး၍ သောက်ပေးပါ။ (ဟင်းစားတစ်ဇွန်းစာ) ခရစ်ဒစ် Unicode လေးဘက်နာကြောင့် ခြေဆစ်လက်ဆစ််တွေကိိုက်နေရင်် သပြုသီးနဲ့ ဆား ဆတူ/အချိုးတူ ပြုတ်ပြီး ပေါင်းခံ ချွေးအောင်းပေးလိိုက်ပါ။ တစ်ကိိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးပုပ်တွေ ထွက်လာပြီးရင် … Read more
သင်သတိမမူမိသော ဆား၏ အံ့ဖွယ် လျှို့ဝှက်ချက်များ
ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ ၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေတယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ… ပြီးရင် ခဏစောင့်ပါ…. နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်…. ၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ… အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်… ၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ… ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်…. ၄) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ… ကြေးခွံတွေအလွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်… ၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ… ၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်… ၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲစိမ်ကြည့်ပါ…. ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်ဥက ပေါလောပေါ်နေပါလိမ့်မယ်… ၈) ကြက်ဥပြုတ်တဲ့အခါ … Read more
အိမ်မှာ ကျန်းမာရေး ပြဿနာ ဘယ်လို ရှင်းမလဲ
အိမ်မှာနေရင်း ကျန်းမာရေး ပြဿနာက အိမ်မှာ နေရင်း ချောင်းဆိုးတာ၊ ဖျားတာ ဖြစ်လာရင် ငါတော့ ကိုဗစ်ပြီဆိုပြီး စိတ္တဇတွေ ဖြစ်လာကြတာ။ ဆေးရုံပြေးမရမလား၊ မပြေးရဘူးလား။ ငါ့များ ၂၁ ရက် စောင့်ကြည့်ထဲ ထည့်လိုက်ရင် ဒုက္ခ ဆိုတာမျိုး။ ဒီတော့ အကြမ်းဖျင်း အိမ်မှာ ကျန်းမာရေး ပြဿနာ ဘယ်လို ရှင်းမလဲ။ ၁- အရင်ဆုံးတော့ အသေးအမွှား ကျန်းမာရေး ပြဿနာ ရှင်းဖို့ အိမ်သုံးဆေးလေးတွေ စုထား။ ပါရာစီတမော၊ ဘာမီတွန်၊ စီထရင်း၊ ဓာတ်ဆား စတဲ့ အိမ်သုံးနေကျလေးတွေပါပဲ။ နောက် သာမိုမီတာ တခု ဝယ်ထား။ တိုင်းတတ်အောင် လုပ်ထား၊ ဆရာဝန် ရင်းနှီးသူ ဖုံးနံပါတ်တွေ စုထား။ အားဆေး ပုံမှန်သောက်၊ လေ့ကျင်းခန်းလုပ်။ … Read more
ကျန်းမာရေးမကောင်းသလို ဖြစ်နေချိန်တွင် ရှောင်သင့်သော အစားအစာများ
အိမ်သားတွေ နေမကောင်းဖြစ်ရင် ဒီအစားအစာတွေ မကျွေးရဘူးနော် နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။ အိမ်ရှင်မတွေသာမက အိမ်သားအားလုံးသိထားမှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိုင်မှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူပေမယ့် ဘာပဲပြောပြော သတိထားရှောင်လိုက်တာ အကောင်းဆုံးပါ။ နှာစေး ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ ဆေးလိပ် နှင့် အရက် ချောင်းဆိုး ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ အရက် နှင့် ချိုသောအစားအစာများ ရုတ်တရက်အစာအိမ်ရောင်ခြင်း ဖြစ်လျှင် အကြော်အလှော်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း နာတာရှည်အစာအိမ်ရောင်လျှင် ကောက်ညှင်း၊ အသုတ်၊ အချဉ်ဖေါက်ထားသောအစာ အူရောင် ငှက်ပျောသီး၊ မာလာကာသီး အသည်းရောဂါ ငန်း(ကြက်၊ဘဲ)အရေခွံ၊ … Read more
စိုက်ထားသင့်သည့် အဆိပ်ဖြေဆေးပင်
ဟင်းငုတ်ပင်(ခ)သခွပ်ပွင့် တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ပင်စည်တွင် အခေါက် အေပြးမရွိ။ အရွက်အနည်းငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။ တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေး ရှည်ရှည်။နှစ်ပေခန့်ရှိ။ ဆေးဘက်ဝင်ဝင်ပုံ အခေါက် ၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါက အခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ပါ။ ငန်းတော်ကျား။ငန်း မြွေ အပါအဝင်ပါ။(မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ) ၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက် လျှင်လည်းအခေါက်ဝါးးစားပါ။ ၃။ မျက်စေ့နာပါကအခေါက်သွေးပြီး မျက်လုံးကွင်းလိမ်းပါ။မကျည်း ခေါက်လိုအပွေးမရှိ။ ၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက် ပြုတ်ရေ ချိုးပါ။ အပွင့် ၁။ ရှေးကတည်းက ကလေးတွေကို ရောဂါကင်း။ကိုယ်တွင်းအဆိပ် ကင်းသည်ဆိုကာသုပ်ကျွေးသည် ၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက် သည်။အခြောက်ဆိုရင်ပြုတ်ရ သည်။အခြောက် အရောင်မဲနေ သည်မှလွဲ၍အရသာမပြောင်းပါ။ ၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာ တော်တော်များများအပွင့်သုပ်စား နေကြသည်။ ၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်း ချနေကြပါသည်။တို့စားစရာအ ဖြစ်လည်းသုံးသည်။ အရွက် ၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။ ၂။ … Read more
ဝမ်းချုပ်တတ်သူ၊ဆံပင်ဖြူ ပြန်နက်ချင်သူ၊ခံတွင်းနံသူများအတွက်
ပေါင်းတည်မြို့ ပုတီးကုန်းလမ်းမှကျောင်းအုပ်ဆရာကြီး ဦးစံချိန်၏ ဆေးနည်းလေးပါ။ ၀မ်းနုတ်ဆေး စားရန်မလို ဆံပင်ဆေးဆိုးရန် မလို ခံတွင်းနံ့ လုံးဝမနံ ၀မ်းပျော့ ဆံပင်နက်စေပါတယ်။ ဆေးနည်းကတော့ ကွမ်းရွက်နှင့်ဆားကို ပုံပါအတိုင်း ထမင်း စားပြီးတိုင်းစားပေးယုံပါပဲ။ ခံတွင်းနံ့ လုံးဝမနံ စေရန် နောက်တစ်နည်း ရှိသေးတယ်။ ဒီနည်းကတော့ အလွယ်ဆုံးနည်းလမ်းပါ။ အချဉ်ဓာတ်ပါတဲ့ အသီးတွေကို အရည်ညှစ်ပြီး သောက်ပေးပါ။ ဒါမှမဟုတ် အချဉ်ဓာတ်ပါတဲ့အသီး ကို ပါးပါးလှီးပြီး ရေထဲကို ထည့်ပေးပါ။ ရေခဲသေတ္တာထဲ တစ်ညသိပ်ပေးရင်တော့ ရေထဲကို ဗီတာမင်တွေ ရောက်သွားပါတယ်။ ဗီတာမင် စီပါတဲ့ သံပရိုသီး ၊ လိမ္မော်သီး ၊ ဘယ်ရီသီး တို့က ခံတွင်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ မူရင်းရေးသားသူ Unicode ပေါင်းတည်မြို့ ပုုတီးကုန်းလမ်းမှကျောင်းအုပ်ဆရာကြီး ဦးစံံချိန်၏ … Read more
ကိုယ်ခံစွမ်းအားကောင်းနေအောင် နေထိုင်နည်း
အထိုင်ခက် အထခက် ခါးနာခါးကိုက် ၊ဒူးနာဒူးကိုက် နေသူများအတွက်
ခါးနာခါးကိုက် ၊ဒူးနာဒူးကိုက် ၊ထိုင်ရခက်ထရ ခက်၊ လက်မောင်း လက်ဆစ် အဆစ်အမြစ် ၊အကိုက်အခဲ အားလုံးအတွက် ခါးနာ၊ ဒူးနာ၊ ထိုင်မရ ထမရ၊ ခြေကိုက်၊ လက်ကိုက်၊ လက်မောင်း လက်ဆစ်ကိုက် အာလုံး ရိုးတွင်းချဉ်ဆီ ခမ်းခြောက် နည်းပါးသွားခြင်းနဲ့အတူ အပူအောင်းအပူခို အကြောလွှဲနေတာမှန်သမျှ ဖြစ်တဲ့နေရာကို ကြက်ဆူဆီ (Castor oil ) အသားထဲ စိမ့်ဝင်နေအောင် လိမ်းပေးပါ စေးပျစ်နေခဲ့ရင် ဆီတစ်မျိုးမျိုး အနည်းငယ်ရောစပ်ပြီး ပွတ်လိမ်းပေးပါ။ ဆေးဝင်အောင်သွင်းပေးပါ။ လိမ်းတာနဲ့ ဆီသွင်းတာမတူပါဘူး။ ဆီသွင်းတယ်ဆိုတာ ဆီကို အသားထဲစိမ့်ဝင်သွားအောင် ဆီပျောက်တဲ့ထိ လိမ်းရတာပါ။ တစ်ခါလိမ်းရင် မိနစ်နှစ်ဆယ် နာရီဝက်ခန့်ကြာတတ်ပါတယ်။ ဆီပျောက်ပြီဆို နောက်တစ်ခါ ထပ်ယူပြီး ထပ်လိမ်းပွတ်သွင်း။ တစ်နေ့ကို နံနက်တစ်ကြိမ် ညတစ်ကြိမ် ပွတ်လိမ်းသွင်းလိုက်ရင် တစ်ရက် … Read more
ရောဂါဆယ်မျိုးကို ပျောက်ကင်းစေနိုင်တဲ့ ဆိပ်ဖလူး
ရောဂါဆယ်မျိုးကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းရှိတဲ့ ဆိပ်ဖလူးပင်၊ အပွင့်၊ အခေါက် တန်ဖိုးကြီးသောဆေးပွင့် မူးဝေငိုက်မျဉ်းခြင်းကို ပယ်ပျောက်စေနိုင်ပြီး စိတ်ကိုကြည်နူးစေသော ဆေးပွင့်။ သွေးဆေးဖော်စပ်ရာတွင် အသုံးပြုသော ဆေးပွင့်ဖြစ်သည်။ဆိပ်ဖလူးပင်၏ ပ ဉ္စငါးပါးသည် ဆံပင်ကို အကျိုးပြုသည်။ ဆံပင်ကျွတ်သောရောဂါကို ကောင်း၏။မီးယပ် သွေးလွန်၊ မြင်းသရိုက်ရောဂါ၊ အဆစ်ရောင်၊ သုတ်အားနည်းခြင်း၊ ဆီးလွန်ရောဂါ၊ ကလေးသန်ထိုးသောရောဂါ၊ တိရိစ္ဆာန်များ အဆိပ်သင့်သောရောဂါတို့ကို ပျောက်ကင်းစေသည်။ ကိုယ်ဝန်ကို ကြီးထွားစေသည်။ (၁)ဆိပ်ဖလူးပွင့်ကိုစုဆောင်း အမှုန့်ကြိတ်၍ သကြားနှင့် ရောစပ်၍ နေ့လယ် လဖက်စားဇွန်း တစ်ဇွန်းမှန်မှန်သောက်ပါက အမျိုးသားများ သုတ်သွေးအားကောင်းစေသည်။ (၂)ဆိပ်ဖလူးပွင့်ကို သကြားနှင့်ကြော်စားလျှင် မိန်းမတို့ ဘုန်းဆံထုံးဆိုသည့်အတိုင်း အမျိုးသမီးများ ဆံပင်ကောင်းစေ သန်စေသည်။ (၃)ဆိပ်ဖလူးပွင့်ကို ကြက်သားနှင့်ကြော်စားလျင် ကိုယ်ဝန်ကိုကြီးထွားစေသည်။ သန်မာထွားကျိုင်းသော သားသမီးရတနာ၏ မိခင်ဖြစ်မည်။ (၄)ဆိပ်ဖလူးပွင့် သတ္တရည်ကို … Read more
ကိုယ်ခံစွမ်းအားကောင်းဖို့ ရေနွေးကြမ်းလေး တစ်ခွက်
ကိုယ်ခံစွမ်းအားအတွက် ဂျင်း၊ကြက်သွန်ဖြူ ၊လက်ဖက်ရည်ကြမ်း ဘယ်လိုနှပ်သလဲ ကိုယ်ခံစွမ်းအား ကောင်းဖို့နဲ့ နှင့်ကိုယ်အလေးချိန် ကိုယ်ရည်စစ်သွားဖို့အတွက် သောက်ကြတဲ့ ဆေးဘက်ဝင် ဂျင်း – ကြက်သွန်ဖြူလက်ဖက်ရည်ကို ဘယ်လိုနှပ်ရမလဲ ။ ကိုယ်ခံစွမ်းအား အထူးသဖြင့် အဆုပ်အတွက် ဆေးဘက်ဝင်တဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ကို ကိုယ်အလေးချိန်လျှော့ချနိုင်သည့်နည်းလမ်းတစ်မျိုး အဖြစ်ခြင့်လည်း သောက်ကြတယ်။ ဂျင်းနဲ့ ကြက်သွန်ဖြူကို ရေနွေးကြမ်းလို့ ပြောကြတဲ့ လက်ဘက်ရည်ကြမ်းနဲ့ နှပ်လို့ ရတဲ့ ရှေးနည်းဟောင်းတစ်ခုကို တင်ပြလိုပါတယ်။ Coronavirus ခြိမ်းခြောက်မှုကြီးကြောင့် လူအများစုတို့ ကိုယ်ခံစွမ်းအား ကောင်းဖို့ ဂရုပြုလာကြတယ်။ကိုယ်ခံစွမ်းအားကို ခန္ဓာကိုယ်မှာ ရောဂါဖြစ်စေသောပိုးများကို ခန္ဓာကိုယ်ခုခံနိုင်သည့် မျှတသောအခြေအနေဟု သတ်မှတ်ပါတယ်။ ကိုယ်ခံစွမ်းအားအတွက် အံ့ဖွယ်အမှုပြုနိုင်သော အရာတွေထဲမှ ဂျင်းနှင့်ကြက်သွန်ဖြူတို့ဟာ ဟင်းချက်ရန်အတွက် အရသာအေးဂျင့်များမျှသာ မဟုတ်ပါ။ ဂျင်း၏ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများ အာယုဗေဒကျမ်းများတွင် အကျယ် … Read more