လည်ချောင်းနာ၊ နှာစေးနှာပိတ်၊နောက်ကျောတက်ခြင်း၊ ရောင်ရမ်းခြင်းတို့အတွက် ကြက်သွန်မြိတ်
ကြက်သွန်မြိတ်အသုံးဝင်ပုံ ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လိုပဲ Alliaceae အနွှယ်ဝင်ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ရဲ့ အာဟာတန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန်မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ (၁) သွေးကြောနံရံတွေကို အကာအကွယ်ပေးပါတယ် ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက်တစ်မျိုး သိသိသာသာ ပါဝင်ပါတယ်။ ဒီဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ (၂) ဖောလိတ်ဓာတ်ကို ရရှိစေပါတယ် ဖောလိတ်ရဲ့ Bioactive ပုံစံတစ်မျိုးဖြစ်တဲ့ 5-methyltetrahydrofolate ဟာ ကြက်သွန်မြိတ်ထဲမှာ ပါဝင်ပါတယ်။ … Read more
သွားကိုက်နေလျှင် အလွယ်နည်း
“သွားကိုက်နေလို့ စိတ်မညစ်ပါနဲ့” ပထမဆုံး ရေခဲကို သွားကိုက်နေသည့် နေရာမှာ အေးစက်သွားသည်အထိ့ ကပ်ပေးထားပါ။ မိမိ၏ သွားအခေါင်းပေါက်ထဲက သွားပိုးများကို သေစေချင်ရင်တော့ ငြုပ်ကောင်းစေ့ကို ဆားအနည်းဖြင့် ရောကြိတ်၍ ရရှိလာသော အမှုန့်ကို သွား၏ အခေါင်းပေါက်ထဲသို့ သိပ်ထည့်ပေးပါ။ လေးညင်းပွင့်ကိုလည်း အမှုန့်ကြိတ်၍ ဆားအနည်းငယ်ဖြင့် ရောစပ်ပြီး အပေါက်ထဲသို့ ဖိ့သိပ်ပေးပါ။ ကြက်သွန်ဖြူကို ညက်ညက်ကြေအောင်ထုထောင်း၍ ရရှိလာသော အနှစ်ကို သွားအပေါက်ထဲ သိပ်ပေးပါ။ လဘ်ဘက်ခြောက်ကိုလည်း အမှုန့်ကြိတ်၍ ထည့်ပေးရင်ဖြင့် သွားပိုးများကို သေစေပါတယ်။ ကျေးဇူးတင်ပါတယ် … ဘဝခါးခါး Unicode “သှားကိုကျနလေို့ စိိတ်မညစ်ပါနဲ့” ပထမဆုံး ရေခဲကို သွားကိုက်နေသည့် နေရာမှာ အေးစက်သွားသည်အထိ့ ကပ်ပေးထားပါ။ မိမိ၏ သွားအခေါင်းပေါက်ထဲက သွားပိုးများကို သေစေချင်ရင်တော့ ငြုပ်ကောင်းစေ့ကို ဆားအနည်းဖြင့် … Read more
အကြောပြေ ၊ဒဏ်ကြေလိမ်းဆေး
အကြောပြေ ဒဏ်ကြေဆေး ၁ ။ ။ ဂျင်း (၂၅) ကျပ်သား ၂ ။ ။ မိတ်သလင် (၂၅) ကျပ်သား ၃ ။ ။ အရက်ဦးရည် (၁) လီတာ ” ဆေးဖော်နည်း ” ဂျင်း နှင့် မိတ်သလင် ကို ညှက်အောင် ထောင်း၍ အရက်ဦးရည်ဖြင့်စိမ်ထားခြင်းဖြင့်ဆေးစွမ်းကောင်း တစ်လက်ရပါပြီ။ “‘အကျိုးကျေးဇူး ” ထိခိုက်ဒဏ်ရာအားလုံးအတွက် လက်တွေ့ဆေးစွမ်းကောင်း မိမိလိုအပ်သလို နတ်ပန်းညိုရွက် ၊တောရှောက်ခါးသီး နှင့် လိမ်ဆေးအတွက် လိုအပ်သော အခြား သစ်ဖု၊ သစ်ဥ၊ သစ်ရွက် များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ဆေးဆရာ ဦးရွှေစိန်( မိတ္ထီလာ ) Unicode အကြောပြေ ဒဏ်ကြေးဆေး ၁ … Read more
ခါးနာတာ ကျောက်ကပ်ကြောင့်လား၊ အရိုး ၊အကြော ကြောင့်လား ခွဲခြားမယ်
“ခါးနာတာ” ကျောက်ကပ်ကြောင့်လား? အရိုးကြောင့်လား? ခါးနာတယ်လို့ ယေဘုယျပြောတဲ့အခါ ဘယ်ကနာလဲဆိုတာ စတင်ဆန်းစစ်ဖို့ လိုလာပါတယ်။ လူနာတစ်ယောက် ခါးတစ်ဝိုက်မှာ လက်ကလေး တင်ထားသလို ပူပူကြီး နာနေပါသတဲ့။ ဓာတ်မှန် ရိုက်ကြည့်လိုက်တော့ ကျောက်ကပ်ထဲမှာ ကျောက်မှုန်လေးတွေ ရှိနေပါတယ်။ ရေများများ သောက်ခိုင်းလိုက်ပြီး နောက်လကျ ပြန်ရိုက်ဖို့ ချိန်းလိုက်ပါတယ်။ ကိုယ်က ခါးထောက်လိုက်တဲ့အခါ လက်ကလေးတင်ထားတဲ့နေရာကို ကျောက်ကပ်နေရာ ခေါ်ပါတယ်။ ကျောက်ကပ်က နာရင် ဆီးပူ ဆီးကျဉ် ဆီးအောင့် တာတွေ ရှိမယ်၊ ရှိခဲ့ဖူးမယ်။နာတာက ပူပြီးနာမယ် အရမ်းနာပြီး ချက်ချင်း ပြန်သက်သာသွားတာမျိုးလည်း ရှိတတ်မယ်။ နာတာက ပေါင်တွင်းကြောတွေကနေ အမျိုးသားဆိုရင် အမျိုးသားအင်္ဂါထိပါ နာလာတတ်မယ်။ဆီးမကောင်းဘူး၊ အရောင် ရင့်ရင့် နောက်ကျိနေမယ်။ ကိုယ်ကိုယ်တိုင်လည်း ရေသောက် နည်းမယ်ဆိုရင် ဆီးကျောက်တည်တာ ဖြစ်နိုင်ပါတယ်။ … Read more
အကြောကပ်၊ အကြောညပ်ခြင်းအတွက် ကျီးအာမြစ်
အကြောကပ် အကြောညပ်ခြင်းအတွက် ဆေးကောင်းတစ်လက် ကုန်သွယ်လယ်ယာဝန်ထမ်းဘ၀က အငြိမ်းစားယူခဲ့သော ဦးလေးဦးအောင်သိန်းကို အကြောင်းပြု၍ ရေးသားမိ၏။ ဦးအောင်သိန်း ညာဘက်လက်တစ်ဖက် အကြောတင် အကြောညှပ်နေရာမှ မြန်မာတိုင်းရင်းလူးဆေးဖြင့် သက်သာပျောက်ကင်းခဲ့သည်။သို့ဖြင့် ဦးလေးအား ဆေးနည်းဘယ်ကရလဲ မေးမိသည်။ ဦးလေးက နက္ခတ္တရောင်ခြည်မဂ္ဂဇင်းဟောင်းထဲမှာ ဆေးဆောင်းပါးလေးဖတ်ရတယ်။ဆောင်းပါရှင် မြလေးဖြူရေးတဲ့ အကြောကပ်အတွက်လူးဆေးတစ်ခွက် တဲ့။ အဲဒါကိုဖတ်ပြီး မပျောက်နိုင်တဲ့ အကြောကပ်တဲ့ဝေဒနာကိုလက်တွေ့လုပ် ဆောင်ရင်းဖြင့် သက်သာပျောက်ကင်းခဲ့တာပဲ ဟုဆိုပါသည်။ အချို့ မိတ်ဆွေတို့ မြန်မာတိုင်းရင်းဆေးနည်းများဖြင့် ကံစပ်စေရန် စာရေးရင်းအမြဲဆုတောင်းမိပါသည်။ အကြောင်းမှာ ဝေဒနာဖြစ်သည်ချင်းတူသော်လည်း အချို့ကပျောက်ကင်း၏။ အချို့ကမပျောက်ကင်းကြောင်း သိထား၍သာဖြစ်ပါ၏။ တင်ပြပါဆေးနည်းမှာ ငွေအသပြာမတတ်နိုင်သူများနှင့် တိုင်းရင်းဆေးပညာဖြင့် ယုံကြည်စွာ ကုသလိုသူတို့အတွက်သာ ရည်ရွယ်ပါသည်။ ဆေးနည်း – ကျီးအာပင်မှအမြစ်ဥကိုတူးပါ။ကျီးအာဥတစ်ဆယ်သားကို ဓားဖြင့်ပါးပါးလှီးပါ ပြီးနောက်ဒယ်အိုး သန့်သန့် တွင် နှမ်းဆီစစ်စစ်(၇)ကျပ်သားဖြင့်ကြော်ပါ။ ကျီးအာဥခြောက်ကပ်လာလျှင် မီးဖိုပေါ်ကချပါ။ … Read more
အတွင်းနာရှိသူများ ပူစီနံရွက်လေးစားပေးပါ
အစာမကျေ၊ ဗိုက်အင့် ၊လေပွသလိုဖြစ်တဲ့အခါ သက်သာစေသောနည်းလေး
လိပ်ခေါင်း အတွက် အိမ်တွင်းဆေးနည်းလေး
လိပ်ခေါင်းရောဂါအတွက်ငွေမကုန်လူမပမ်းဆေး ၁..ကြက်သွန်နီ အရည်ထမင်းစားဇွန်း တစ်ဇွန်းနှင့် မီးကွင်းဂမုန်းအရွက်ကို အရည်ညှစ် ထမင်းစားဇွန်းတစ်ဇွန်းကို အစာစားပြီး တစ်နာရီခန့်အကြာ သောက်ပါ ထိုနည်းတိုင်း တစ်ရက်၃ကြိမ်သောက်ပါ လိမ်းဆေးကို ဆရာခိုသာပါးပါးလေးလိမ်းပေးပါ (တစ်နေ့နှစ်ကြိမ်) သွေးကျ၍ အခံရခက်နေသော လိပ်ခေါင်းရောဂါ အမြန်သက်သာပျောက်ကင်းပါသည် (အပူအစပ် ရေခဲရေ အရက်ဘီယာ ရှောင်ရပါမည်) ကန်စွန်းရိုးနီ ချက်စား ​ကြော်စားပေးပါ Phyo WaiThant Unicode လိိပ်ခေါင်းရောဂါအတွက်ငွွေမကုန်လူမပမ်းဆေး ၁..ကြက်သွန်နီ အရည်ထမင်းစားဇွန််း တစ်ဇွန်းနှင့် မီးကွင်းဂမုန်းအရွက်ကို အရည်ညှစ် ထမင်းစားဇွန်းတစ်ဇွန်းကို အစာစားပြီး တစ်နာရီခန့်အကြာ သောက်ပါ ထိုနည်းတိုင်း တစ်ရက်၃ကြိိမ်သောက်ပါ လိမ်းဆေးကို ဆရာခိုသာပါးပါးလေးလိမ်းပေးပါ (တစ်နေ့နှစ်ကြိမ်) သွေးကျ၍ အခံရခက်နေသော လိိပ်ခေါင်းရောဂါ အမြန်သက်သာပျောက်ကင်းပါသည် (အပူအစပ် ရေခဲရေ အရက်ဘီယာ ရှောင်ရပါမည်) ကန်စွန်းရိုးနီ ချက်စား ​ကြော်စားပေးပါ … Read more
ဇရစ်၏ ဆေးဖက်ဝင်အစွမ်းများ
ဇရစ် ဆေးဖက်ဝင်ပုံ ကျေးလက်ဟင်းလျာ အစားအစာတို့တွင် နှုတ်မြိန်စေသော ဟင်းလျာထဲ ဇရစ်လည်းပါ၏။ ကျေးလက်ဒေသခံတို့အတွက် နှုတ်မြိန်ရုံမျှမက ဆေးဖက်ဝင်သော အပင်လည်းဖြစ်သည်။ ဇရစ်ပင်သည် ဆူးရှိသော အပင်ငယ်မျိုးဖြစ်သည်။ ဇရစ်၏ရုက္ခဗေဒအမည်မှာ Lasia Heterophyllaဖြစ်သည်။ တိုင်းရင်းဆေးအမြင် မြန်မာတိုင်းရင်းဆေး ဓာတ်သဘောအရ သီတကော တေဇောဓာတ်ဖြစ်သည်။ ချို၊ ဖန်၊ ချွဲ၊ အေးအရသာရှိသည်။ ဂုဏ်အားဖြင့် လည်းပင်းနာ၊ မြင်းသရိုက်နာများကို ပျောက်ကင်းစေသည်။ ဇရစ်ကိုကြော်စား၊ ချက်စား၊ ပြုတ်တို့စား၊ အချဉ်ဟင်း ချက်စား၊ သနပ်လုပ်စားကြသည်။ အိန္ဒိယဆေးကျမ်းအရ ဇရစ်မြစ်သည် လည်ချောင်းရောဂါအတွက် ဆေးတစ်လက် ဖြစ်သည်ဆိုသည်။ ဆေးဖက်ဝင်သော ဟင်းလျာများ ဇရစ်ရွက်နှင့် ငါးကြင်းသား ချက်စားပေးပါက မြင်းသရိုက်ရောဂါ၊ ဦးခေါင်းနှင့်ပတ်သက်သည့် ရောဂါ၊ လည်ကုတ်ရောဂါ၊ စောင်းရွဲ့သော လေရာဂါတို့ကို ဆေးဝါးဓာတ်စာအဖြစ် အသုံးပြုနိုင်သည်။ ထိုပြင် … Read more
အချိန်မတော် နားကိုက်တဲ့အခါ လတ်တလောဖြေရှင်းနိုင်သည့် နည်းလမ်းလေး
“ချင်း…(ဂျင်း)နားအစက်ချဆေးရည်(လက်တွေ့)” အချိန်မတော်နားကိုက်၍ ရုတ်တရက်ဆေးဝယ်ရန် ခက်ခဲကာ ဘာလုပ်ရမည်မသိ လူအတော်များများနှင့် မိသားစုဝင်များထဲတွင် ဖြစ်ဖူးတတ်ကြပါလိမ့်မည်။ ထိုသို့ဖြစ်ပါလျှင် ဆေးဖက်ဝင်အာနိသင်ဖြင့် ပြည့်ဝနေသော အိမ်တိုင်းမီးဖိုဆောင်တွင်ဆောင် ထားတတ်သည့်သဘာဝချင်းကို သတိရကြပါ။ မခံမရနိုင်အောင် နားကိုက်ခြင်း အတွက် လတ်ဆတ်သော ချင်းကို ရေဖြင့်သန့်စင်အောင် ဆေးကြောပြီး ထုထောင်း၍ အရည်ထုတ်ယူပါ။ တိုင်းရင်းဆေးပညာအခေါ်အရ သတ္တုရည်ဟု ခေါ်ပါသည်။ ရရှိသောဂျင်းသတ္တုရည်ကို သန့်စင်သောစတီးဇွန်းထဲသို့ထည့်ပြီး ဖယောင်း မီးလေးဖြင့် ပူရုံမျှ အပူပေးပါ။ နွေးနွေးလေးဆိုရပါပြီ။ ကိုက်နေသောနားအတွင်းသို့(၅) စက်မျှချပေးလိုက်ပါ။ နားကိုက်ခြင်းရောဂါ သက်သာပျောက်ကင်းသွားပါမည်။ ထိုနည်းမှာ ချင်း နားအစက်ချဆေးနည်းဖြစ်ပါသည်။ မိမိကိုယ်တိုင်လည်းခံစားဖူးသလို၊မိသားစုဝင်လူကြီး/ကလေးများ နားကိုက်ခြင်းဝေဒနာခံစားရပါက တင်ပြပါ ချင်းနားအစက်ချဆေးရည်နည်းဖြင့်သာ ကုသပေးခဲ့ပြီး သက်သာပျောက်ကင်းခြင်း မျိုးရှိခဲ့ပါသည်။ သင့်မိသားစုတွင်နားကိုက်ပါက ထူးထူးထွေထွေ မလိုဘဲ အိမ်တိုင်း ၏မီးဖိုဆောင်တွင် အမြဲ အသင့်ရှိနေတတ်သော ချင်းတစ်မျိုးသာ … Read more