ဆီးနှင့် ပတ်သက်သမျှအတွက် အိမ်တွင်းဆေးမြီးတိုစုစည်းမှု

ဆီး အတွက် အိမ်တွင်းဆေးမြီးတိုများ ၁ – ကျောက်ကပ်နဲ့ ဆီးမကောင်းခြင်းအတွက် ကြက်သွန်နီဥကြီး ၂ လုံးကို ၄ စိပ် စိပ် ရေမတ်ခွက်တလုံးထဲ ရေထည့် မနက်စိမ် ည အိပ်ရာဝင် အဝသောက်ပါ။ ၂. – ဆီးကျဉ် ဆီးတစက်စက်ဖြစ်လျှင် ကြက်သွန်နီ ၁ လုံးကို ၄ စိပ် (စိပ်သည့်အခါ ပြတ်ထွက်မသွားစေနဲ့) ရေတဖန်ခွက်ထဲ ထည့် ၃ နာရီကြာ စိမ်ရည်ကို သောက်ပါ။ ၃ – ဆီးကျဉ် ဆီအောင့် ဆီးထဲသွေးပါ – ဆင်နှာမောင်းပင် ပဉ္စငါးပါးကို ပြုတ်၍သောက်ပါ။ ၄ – ဆီးပူဆီးအောင့်ဖြစ်လျှင် ထိကရုံးပဉ္စငါးပါးကို အခြောက်လုပ်ထားပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးကြမ်း လုပ်သောက်ပါ။ ၅ – … Read more

ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ဖို့ ဒါလေးတွေစားပေးပါ

ပူပြင်းသော ရာသီဥတုတွင်စားသင့်သောအစားအစာများ လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈ ဒဿမ ၆ ဒီဂရီဖြစ်ပြီး ရာသီဥတုပေါ် မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်၊အကျ အနည်းငယ် ပြောင်းလဲတတ်ပါတယ်။ ကိုယ်အတွင်းအပူများတာကို ဆေးပညာလောကမှာ “Heat Stress” လို့ခေါ်ကြပြီး ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလို အေးသွားတာမျိုး မရှိတတ်ပါဘူး။ လိုအပ်တာထက် အပူချိန်များနေတဲ့အခါ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ- နှုတ်ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင်တယ်လို့ လေ့လာချက်အရ သိရပါတယ်။ ရေခဲရေများ၊ ရေနွေး၊စွပ်ပြုတ်စတဲ့ အရည်ပူပူများ၊ နေပူပူထဲ အချိန်အကြာကြီး သွားခြင်း၊ ငရုတ်သီး၊ ဂျင်း၊မျှစ်ချဉ်၊ငရုတ်ကောင်း၊ပတဲကောစတဲ့ ပူပူလောင်လောင် အစပ်တွေစားခြင်း၊ ရေသောက်နည်းခြင်းတို့က ကိုယ်တွင်း အပူရှိန် … Read more

လေဖြတ်လူနာရှိလျှင် ကြေးသွင်းလိုက်ပါ

လေဖြတ်လူနာများအတွက် သတင်းကောင်း။ လေဖြတ်လျှင် ကြေးသွင်းပါ။ လေဖြတ်လျှင် ကြေးသွင်းပါ။ လေဖြတ်ရောဂါကား ခေတ်စား၍ အဖြစ်များနေပါသည်။ အသက်(၄၀)ကျော် ကျား/မ များ အဖြစ်များနေပါသည်။ စာရေးသူ၏ ဇနီးက အသက်(၆၆)နှစ် ရှိပါပြီ။ ဝဖြိုး၍ ကျန်းမာရေး ကောင်းပါသည်။ သို့သော် ယခုနှစ်ပိုင်းတွင် နေပူသွားဖြင်း၊ လူအုပ်ထဲသွားခြင်းများ ပြုပါက ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်လာပါသည်။ တစ်ခါတစ်ရံ အိမ်နီးချင်းဆရာမထံသွား၍ သွေးချိန်ကြည့်ပါသည်။ (၁၇၀-၈၀)ခန့် ရှိနေတတ်ပါသည်။ “ဘာမှ မဖြစ်ပါ”ဟု ဂရုမစိုက်ခဲ့ပါ။ ၁၂-၁-၂၀၁၂ နေ့ ည(၉း၀၀)နာရီတွင် စာရေးသူမှာ ရင်ကျပ်နေသဖြင့် ဆေးရုံသွား၊ အောက်စီဂျင်ရှူရန် အကြောင်းပေါ်လာပါသည်။ (၈)မိုင်ဝေးသောတောင်တွင်းကြီး မြို့ဆေးရုံသို့ ကားကလေးဖြင့် အမြန်သွားရခြင်းပါ။ အလွန်အေးချမ်းသော ညဖြစ်ပါသည်။ ဇနီးသည်တွင် အပေါ်အနွေးထည် အကျီ်မပါပါ။ ကားမောင်းအသွားလမ်းတစ်ဝက်မှာ ရင်ကျပ်သူက … Read more

ကင်ဆာဆဲလ်ကို သေစေနိုင်သည်ဟုဆိုသော စေတီခရေုခါ် မရွတ်ကောင်

ကင်ဆာဆဲလ် ပြန့်ပွားမှုကို တားဆီးပေးသော ရခိုင်အခေါ် မရွတ် မနီလာ- ဒေသခံများက ဘာဂုံ ဂုံ(bagongon)အဖြစ် လူသိများသည့် ရခိုင်အခေါ် မရွတ် (ဗမာအခေါ် စေတီခရု)၏ အ သားသည် ကင်ဆာဆဲလ်ပြန့် ပွားမှုကို ထိရောက်စွာ တား ဆီးနိုင်ကြောင်း မနီလာမြို့ ဖိလစ်ပိုင်တက္ကသိုလ်မှကျောင်း သားများ၏ သုတေသနပြုချက်အရ သိရှိသည်။ ဖီလစ်ပိုင်လူမျိုးများက ဟင်းလျှာအဖြစ် စားသုံးကြသည့်ခရုမျိုးနွယ်ဝင် စေတီခရုသည် သွေးကြောအတွင်း ကင်ဆာဆဲလ်ဖြစ်ပွားစေမှုကို တားဆီးပေးသည်ဟုသိရသည်။ သွေးကြော၏ ကြီးထွားမှုကိုတားဆီးခြင်းဖြင့် ကင်ဆာဆဲလ်များသည် အဟာရငတ်ပြတ်ကာ ကြီးထွားမှုကို ရပ်တန့်သွားစေသည်။ စေတီခရုစားသုံးခြင်း၏ အစွမ်းသတ္တိကြောင့်ကင်ဆာတိုက်ဖျက်သည့် ဒြပ်ပေါင်းအဖြစ်ပြောင်းလဲသွားပြီး ကျူးမား(ခ)အဖုအကျိတ်အတွင်းရှိ ကင်ဆာဆဲလ်ကို တိုက်ရိုက် သတ်ခြင်းထက်ထိ ရောက်မှုရှိသည်ဟု သိရသည်။ ရခိုင်အခေါ် မရွတ်၏ အ စွမ်းသတ္တိကို တစ်ခြမ်းဖွင့်ထားသော ဘဲဥသားပေါက်၏ သွေးကြောကြီးထွားမှုဖြင့်စမ်းသပ်ခဲ့ရာ … Read more

ဒူလာရောဂါ နှင့် ခြေသားလုံးကြွက်သားများကိုက်ခြင်း တိုးအတွက် ဖလံတောင်ဝှေးဥအစွမ်း

ဖလံတောင်ဝှေးဥအစွမ်း အမျိုးသားများအတွက်အထူးဆေးတစ်လက်တချို့အမျီုးသားများခံစားနေရတဲ့ ဒူလာရောဂါ ၊ခြေသားလုံးကြွက်သားများကိုက်ခြင်း ၊ပန်းသေ ၊ပန်းငြိုး အိမ်ထောင်ရေးသုခမပြည့်စုံခြင်းတို့အတွက်အဟာရပုံစံဖြင့်စားသုံးပေးရုံဖြင့်အိမ်ထောင်ရေးသုခပြည့်စုံနိုင်ပါသည် ဆေးအညွှန်း ဖလှံတောင်ဝှေးဥ များအား ပါးပါးလှီး အခြောက်လှမ်း အမှုန့်ပြုလုက်၍ ပျားရည်နှင့်တည် တစ်နေ့သုံးကြိမ်ထမင်းစားပီးတိုင်းအဟာရပုံစံဖြင့်ဟင်းစားတစ်ဇွန်းခန့်စားသုံးပေးနိုင်ပါသည်။ အားလုံးပဲကျမ်းမာရေးသုခပြည့်စုံကြပါစေဗျာ ဆေးမြီးတိုမှတ်စု Unicode ဖလံံတောင်ဝှေးဥအစွမ်း အမျိုးသားများအတွွက်အထူးဆေးတစ်လက်တချို့့အမျီုးသားများခံစားနေရတဲ့ ဒူလာရောဂါ ၊ခြေသားလုံးကြွက်သားများကိုက်ခြင်း ၊ပန်းသေ ၊ပန်းငြိုး အိိမ်ထောင်ရေးသုခမပြည့်စုံခြင်းတို့အတွက်အဟာရပုံစံဖြင့်စားသုံးပေးရုံဖြင့်အိိမ်ထောင်ရေးသုခပြည့်စုံနိုင်ပါသည် ဆေးအညွှန်း ဖလှံှတောင်ဝှေးဥ များအား ပါးပါးလှီး အခြောက်လှမ်း အမှုန့်ပြုလုက်၍ ပျားရည်နှင့်တည် တစ်နေ့သုံးကြိမ်ထမင်းစားပီးတိုင်းအဟာရပုံစံဖြင့်ဟင်းစားတစ်ဇွန်းခန့်စားသုံးပေးနိုင်ပါသည််။ အားလုံးပဲကျမ််းမာရေးသုခပြည့်စုံကြပါစေဗျာ ဆေးမြီးတိုမှတ်စု

နှစ်နဲ့ချီခံစားနေရတဲ့ သွားကိုက်ဝေဒနာ အတွက်

ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ဝေတနာရှင်ဗျ။ ကိုယ့်ရောဂါ ကိုယ့်ဝေတနာကို ကိုယ့်ဖာသာ မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်းရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။ ဒီလိုဗျ …၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့ ဆရာဝန်သွားပြတယ် ။ ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။ ဒါပေမယ့် သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။ ပြီတည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့်ညှစ်ထုတ်လိုက်လို့ပြီထွက်သွားရင် တစ်ပါတ်လောက်နေထိုင်လို့ကောင်းသွားပြန်ရော။ ပြီးရင်ပြန်ထွက်။ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်နေ့တိုင်းသောက်လာလိုက်တာ ၂၀၁၇မှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။ နှစ်နှစ်ပြည့်တော့မယ်။နှစ်ချီကြာလာတော့ ကင်ဆာဘာညာလန့်လာင်္ပြီလေ။ရန်ကုန်ရောက်တော့ လှည်းတန်းသွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ဆက်ပြတယ်။ ဆရာဝန်က ဓါတ်မှန်ရိုက်စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ဆက်ကုပေါ့။သက်သာသလိုရှိပေမယ့် အနာပြီထွက်တာတော့ ထုံးစံအတိုင်းပဲ။ တင်းပြီလေ။ လူကခတ်ရွတ်ရွတ်ဆိုတော့တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။ တမာရွက်တွေဝါး။ တမာခေါက်ငုံ။ ဆားရေငုံ မရပါဘူး။ တစ်နေ့ ဖုန်းပွတ်ရင်းကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်းရေးထားတာလေးတွေ့လို့ … Read more

ဆီး နှင့် ကျောက်ကပ်ကျောက်တည်လျှင်

ကျောက်ကပ် ဆီးကျောက်တည်လျှင် ဆီးကျောက် ဆိုသည် မှာ ဆီးအတွင်း၌ ပါသော ပစ္စည်းများ မှ ကျောက်ကပ် အတွင်း မာခဲခဲ အနည် များကျခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဒီဖြစ်စဉ် အား ဆီးကျောက် တည်ခြင်းဖြစ်စဉ် ဟုခေါ်သည်။ ဆီးကျောက်များ သည် သေးသေးလေး မှ လက်မလောက်ထိ ကြီးတတ်ပါ၏ ။ ကျောက်ကပ် မှ ဆီးအိမ် ဆီသို့ ဆီးသယ်ပေးသောပြွန် (ဆီးပြွန်) များတွင် ပြည့်နေသည့် ဆီးကျောက် အကြီးကြီးများကို S t a g h o r n (စတက်ဟွန်း)ကျောက် ဟုခေါ်သည်။ K i d n e y S t … Read more

ဆီးနှင့်ပတ်သက်လျှင် ဆီးဖြူသီး၏ အစွမ်း

ဆီးပူး၊ ဆီးအောင့်၊ ဆီးကျဉ်၊ ဆီးချုပ်၊ဆီးကျန် ဖြစ်ပါလျှင် အရှင်းပျောက်ကင်းစေသော ဆေးနည်း ဆီးနီ၊ ဆီးဝါ၊ ဆီးချုပ်၊ ဆီးအောင့်၊ ဆီးပူး၊ ဆီးကျဉ်၊ ဆီးကျန် ဖြစ်ပါလျှင် အရှင်းပျောက်ကင်း ဆီးရောဂါကင်းစေသော ဆေးနည်းအား ကျေးဇူးတော်ရှင်ရွှေပေါ်ကျွန်း ဆရာတော်ကြီးထံမှ အမှတ်မထင် ရရှိခဲ့ပါသည်။ ဆရာတော်ဘုရားသည် ဆေးပညာ အလွန်ကျွမ်းကျင်ပါသည်။ တပည့်ဝေနေယျများအား တစ်ခါတစ်ရံ ဆေးနည်းများ ပေးသည်လည်း ရှိပါသည်။ “နနွင်း၊ ဆီးဖြူ၊ပျားရည်ကူက မလွဲသေချာ ဆီးရောဂါပျောက်၏” ဟု မိန့်ဖူးပါသည်။ ယုံစွာအမှန် လုပ်ဆောင်ရန်က ဝေဒနာရှင်၏ တာဝန်တည်း ..။ ယခုတင်ပြသော ဆီးရောဂါဆေးနည်းမှာ လူသိနည်းပါသည်။ ယောကျာ်းသား အတော်များများ ဆီးရောဂါမျိုးစုံ ခံစားရတတ်ကြပါသည်။ နနွင်းမှုန့် (၃) ပဲသား ဆီးဖြူသီး သတ္တုရည် (၁) ဇွန်း … Read more

နှာစေးရခြင်း အကြောင်းရင်းများ

ဘာလို့ နှာစေးရတာပါလဲ??? နှာစေးရခြင်းအကြောင်း (၁၅)မျိုး နှပ်က နှာခေါင်းတွင်းရှိ Mucous Membrane အမြှေးပါးလေးက ထုတ်ပေးပြီး အဆုတ်ထဲကို ဖုန် ဝတ်ဆံ နဲ့ ဘက်တီးရီးယား တွေမဝင်အောင် ကာကွယ်ပေးတဲ့ အရာတစ်ခုပါ. နေ့တိုင်း ချွှဲ သလိပ် နှပ်တွေ ထုတ်နေပေမယ့် ကျွန်ုပ်တို့က သတိမထားမိပါဘူး. တံတွေးနဲ့ အရည်တွေနဲ့ ရောပြီး လည်ချောင်းထဲကို စီးကျသွားလို့ပါ.နှာစီးတာ နှာသီးရောင်တဲ့အခါ နှပ်တွေပိုထွက်တာ အားလုံးလည်း သိပြီးဖြစ်မှာပါ. ဒါဆို ဒေါက်တာဇီဝက က ထုံးစံလေးတိုင်း နှာစေးရခြင်း အကြောင်းတွေ ပြောပြသွားပါမယ်… (၁) ဓာတ်မတည့်ခြင်း အိမ်ပြင်ကော အတွင်းမှာပါ ဖြစ်တတ်ပြီး ဖြစ်ရခြင်းအကြောင်းတွေကတော့ ဖုန်မှုန့် ဝတ်ဆံ အိမ်မွေးတိရစ္ဆာန်လေးတွေပါဝင်ပါတယ်. လက္ခဏာတွေက နှာချေမယ် ခေါင်းကိုက်မယ်. လည်ပင်းနာတာတွေဖြစ်ပါတယ်. အဲ့ဒီ … Read more

ကျန်းမာရေးအတွက် လတ်တလော ဖေရှင်းနိုင်တဲ့ ထူးထူးဆန်းဆန်း နည်းလမ်းလေးများ

ကျန်းမာရေး ပြဿနာအချို့ကို ဖြေရှင်းနိုင်တဲ့ ထူးထူးဆန်းဆန်း နည်းလမ်းများ နေ့စဉ် လှုပ်ရှားရုန်းကန်ရတဲ့အခါ မထင်မှတ်ထားတဲ့ ကျန်းမာရေး ပြဿနာ အသေးအဖွဲတွေဟာ မကြာခဏဆိုသလို ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ပေါ်တဲ့အခါ ဆေးဝါး အကူအညီထက် အခုဖော်ပြပေးမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတွေက အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ (၁) စိတ်လှုပ်ရှားပြီး ဂနာမငြိမ် ဖြစ်တဲ့အခါ ပထမဆုံးပြောပြပေးမယ့် နည်းလမ်းကတော့ စိတ်တွေလှုပ်ရှားပြီး ဂနာမငြိမ် ဖြစ်နေတဲ့အခါမျိုးမှာ သင့်ရဲ့ လက်မကို ထောင်ပြီး လေနဲ့ မှုတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ လက်မဟာ အာရုံကြောတွေနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် အခုလိုပြုလုပ်ပေးခြင်းဟာ စိတ်လှုပ်ရှားခြင်းကြောင့် နှလုံးခုန်နှုန်းမြန်ခြင်းနဲ့ သွေးပေါင်ချိန် တက်လာခြင်းကို လျော့ကျစေမှာ ဖြစ်ပါတယ်။ (၂) ရုတ်တရက် ခေါင်းကိုက်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက် ခေါင်းကိုက်လာတဲ့အခါ လက်ဖဝါး … Read more