တစ်နှစ် သိန်း 80 ကျော်ရရှိနိုင် တဲ့ အုန်းပင်စိုက်နည်း
အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း 80 ကျော်ရရှိနိုင်တယ်။ တစ်လကို 6 သိန်းကျော်ရပါလိမ့်မယ်။ အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။ 2 နှစ်ခွဲ 3 နှစ်မှာ စသီးပါတယ်။ 4 နှစ်အထက်ဆိုရင် အသီးကောင်းပါမယ်။ အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့် တစ်ပင်နဲ ့တစ်ပင်ကို ခတ်စိတ်စိတ်စိုက်နိုင်တယ်။ အုန်းတစ်ပင်နဲ ့တစ်ပင် 5 မီတာ(16ပေကျော်) ကြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် 160 စိုက်လို ့ရတယ်။ အုန်းချိုမွှေးတစ်ခိုင်မှာအလုံး 5 လုံးမှ 20 လုံးအထိသီးတယ်။အုန်းချိုမွှေးအရည်သောက်အရွယ်ကို ရက် 20 မှာ တစ်ခိုင်ခုတ်နိုင်တယ်။ တနှစ်မှာ 18 ခိုင်ရတယ်။ တစ်ဧက အပင် 160 x တစ်နှစ် 18 ခိုင် … Read more
အဆိပ်အတောက်ကင်းတဲ့ သဘာဝ ဆေးရွက်ကြီး ပိုးသတ်ဆေးရည် ပြုလုပ်နည်း
မြန်မာ့ ဆေးရွက် ကြီးဖြင့်ပိုးသတ်ဆေးပြုလုပ်ပြီး စမ်း သပ်ပုံ။ ၁။မြေဆီလွှာပျက်စီးခြင်းမှ ကာကွယ်ခြင်း။ ၂။ စားသုံးသူအတွက် အဆိပ်အတောက်မဖြစ်ခြင်း။ ၃။ အပင်ပေါ်ကျရောက်သော ပိုးမွှားအန္တရာယ်ကို ကာကွယ်နိုင်ခြင်း။ ၄။ သဘာဝ ပိုးသတ်ဆေးဖြစ်၍ ရေရှည် သုံးစွဲ၍ ကောင်းခြင်း။ ၅။ အသီးအနှံအထွက်တိုးခြင်း။လောလောဆယ် ဒါတွေကို သိရပါပြီ။ ဆေးရည် ပြုလုပ်ပုံ =( ကျနော်ကိုယ်တိုင်ပြုလုပ်ပုံ} ဆေးရွက်ကြီး ၁ ပိဿာကို ရေသန့်ဗူး (၂၄ )ဗူးနဲ့စိမ်။ {ဒီထက် ရေအများကြီး ထည့်လို့ရပါသေးတယ်} ထုံးဖြူအမှုန့် ၃၀ ကျပ်သားခန့်ထည့်ပြီး အနည်းဆုံး ရ ရက်မှ ဆယ်ရက်အထိ စိမ်ထား။ ရလာတဲ့ အရည်/ ရေသန့်ဗူးခွံ တဗူးကို ရေသန့်ဗူး၂၀ မှ ဗူး 60 အထိရောပြီး ဖြန်းပါ။၃ … Read more
ငှက်ပျောခွံ အသုံးပြုနည်း လှို့ဝှက်ချက် ၁၀မျိုး
စိုက်ပျိုးရေး အတွက် ငှက်ပျောသီးခွံ အသုံးဝင်ပုံ (၁၀)မျိုး သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ ဝက်မလွတ် ပွဲထဲက ငှက်ပျောသီးပါမကျန် သူ့အရသာလေးနဲ့ သူကောင်းလို့မွန်လို့ စားကြတယ်။ အိမ်နီးနားချင်းတွေကို ဝေကြပါတယ်။ အမယ်..ဦးရှင်ကြီးတင်လို့ စားရတဲ့ မုန့်ဆမ်းနဲ့ ငှက်ပျောသီးလေးဆို ကောင်းလွန်းလို့။ အသီးကပဲ စားကောင်းတာမဟုတ်ပါဘူး။ သူ့အခွံကလည်း အသုံးဝင်တယ်ဆိုတာ သိစေချင်ပါတယ်။ စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုသုံးလို့ ရနေတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာမို့ ငှက်ပျောသီးကျွေးပြီးရင် အခွံလေးပြန်တောင်း ပြန်စုကြပါ။ (၁) ငှက်ပျောခွံ အရည် မြေဆွေးအရည်လိုမျိုးပဲ ငှက်ပျောသီးအခွံနဲ့လုပ်ထားတဲ့ ငှက်ပျောခွံရည်ဆိုတာကို ရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးလို့ရပါတယ်။ အပင်တွေကို လောင်းပေးလို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကျတော့ ရေနဲ့ (၂) ရက် (၄၈ နာရီ) ထားပြီးရင် အဲ့ငှက်ပျောခွံရည်နဲ့ အပင်တွေကို … Read more
ပိုးစေးနှဲသာဆိုရင် ဒီလိုစမ်းပါ
အရွက် အားဆေးရည် ကိုယ်တိုင်လုပ်နည်း
အပင်အရွက် အတွက် ထမင်းသိုး ဂျူလင်စီ ဆေးရည်ကိုယ်တိုင်ပြုလုပ်နည်း ထမင်းသိုးးဆန်တစ်ဗူးချက်ခန့် ၊သကြား ထမင်းစားဇွန်း-2 ဇွန်း ၊နို့ချဉ် ၅၀ စီစီ ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ ။ပြီးနောက် ၅ မိနစ်ခန့်မွှေပေးပါ ထမင်းသိုးးမှ အရည်အား လုံး သမသွားပါက ၅ မိနစ်ခန့်အနည်ထိုင်အောင် စောင့်လိုက်ပါ အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ .. စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ သမသွားအောင် နဲ့ သကြားများ ပျော်အောင် မွေပါ .. အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးးလွတ်ထဲထည့် ပြီးအရိပ်ထဲထားလိုက်ပါ။ ဘူးးအဖုံးးကိုတော့အလုံ မပိတ်ဘဲတရစ်ခန့် ချန်ထားးပါ GAS ထွက်ရန်ဖြစ်ပါတယ်။ … Read more
နံ့သာဖြူစိုက်ပျိုးနည်း
နံသာဖြူ စိုက်ပျိုးရေး နည်းလမ်း ဒီအပင်က သစ်တောပင် ဖြစ်တဲ့အတွက် မြေသိပ်မရွေးဘူး။ မြေညံ့တဲ့ နေရာဆို အနှစ်ပို ကျစ်လစ်ပါတယ်။ မြေကောင်းတဲ့ နေရာဆို ဖြစ်ထွန်းတာ မြန်တယ်၊ နည်းနည်းပွတယ်။ အဓိက ကေတာ့ စိမ့်မြေ နေရာမျိုး၊ ဆပ်ပြာပေါက်တဲ့ နေရာမျိုး ကလွဲရင် ဖြစ်ထွန်းပါတယ်။ ကျောက်တောင် ကျောက်ကြားတွေ၊ တောင်ကုန်းတွေ ၊ ကျောက်စရစ်မြေ တွေမှာလည်း ဖြစ်တယ်။ အဖြစ်နှေးတဲ့ အတွက် စိတ်ရှည်အောင် စောင့်ရပေမယ့် ရှစ်နှစ် နောက်ပိုင်းဆို ထွက်မှာ သေချာတယ်။ ရှစ်နှစ်လောက် ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရ တဲ့အတွက် ထီထိုးတာထက် သေချာတယ်။ ၁၀ နှစ်၊ ၁၂ နှစ် သားဆို သုံးပိဿာ၊ သုံးပိဿာခွဲ လောက်ကနေ … Read more
ဂေါ်ဖီထုပ်သေးသေးလေးတွေ စိုက်ပျိုးနည်း
ဂေါ်ဖီ ထုပ်အသေး စနစ်တကျ စိုက်ပျိုးနည်း မုန်လာအုပ်စုတွင် ပါဝင်သောအပင်ဟူသမျှတို့သည် မြေကောင်းကိုကြိုက်ကြသည်။ ၎င်းအတွင်းအကောင်းဆုံးမြေကား သဲဆန်သောနုန်းမြေဖြစ်ပါသည်။ မြေအချဉ် အငံဓာတ် (၆ – ၆.၆)မြေမျိုးကို ကြိုက်နှစ်သက်သည်။ ရာသီဥတု ဂေါ်ဖီထုပ်အသေးသည် အေးပြီးအစိုဓာတ်အမြဲရလျှင် စိုက်နိုင်သည်။ သို့သော် ။ တစ်လတွင် ပျမ်းမျှအပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက်ရှိရမည်။ ဂေါ်ဖီထုပ်အသေးသည် ခြောက်သွေ့မှုဒဏ်ခံနိုင်ပေသည်။ စိုက်ပျိုးချိန် မြေပြန့်ဒေသ – စက်တင်ဘာ၊ အောက်တိုဘာ ၊တောင်ပေါ်ဒေသ – ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာ ပျိုးထောင်ခြင်း (၁၀ x ၂.၅)ပေ၊ ဘောင်ကို ပေါက်ပြားဖြင့် မြေစိုင်ခဲကလေးများရစေရန် ပြုပြင်ပေးရပေ၏။ မြေများစွာ ညက်လျှင် ရေလောင်းသောအခါကြပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက်မကောင်းပဲ အညှောင့်ပေါက်မှု ညံ့လာ၏။ ပျိုးတစ်ဘောင်လျှင် မျိုးစေ့အောင်စဝက်ခန့်လိုပါသည်။ ပျိုးဘောင်ပေါ်တွင် … Read more
စိုက်ပျိုးမြေ မြေခံကောင်းမကောင်း အလွယ် တိုင်းနည်း
မြေခံ မြေသြဇာထက်သန်မှု ရှိ/မရှိ အလွယ်သိရန် စိုက်ပျိုးရန်မြေ ကောင်း/မကောင်း အလွယ်ကူဆုံး သိနိုင်စေရန် ပေါက်ရောက်သော အပင်များကိုကြည့်၍ အကြမ်းဖျင်း ခွဲခြားနိုင်သည်..ခေတ်မှီနည်း မဟုတ်ပေမဲ့ အထိုက်အလျောက်တော့သိနိုင်တာပေါ့ဗျာ။ ၁။ အရွက်သေးသေး ဆူးများများအပင်များ ( ဆူးရစ်ပင် ၊နန်းလုံးကြိုင်အပင် ၊ ပဒုမ္မာကြာပင် ၊ ကျားရှာ) စသော အပင်များ ပေါက်ရောက်မှု များနေလျှင် မြေအစိုဓာတ်နည်းသည်။၎င်းမြေကို စီးပွားဖြစ် စိုက်ရန်မသင့်ချေ။ ၂။ သမင်မွှေး ၊ မြောက်မြီးမြက်များသာ ပေါက်ရောက်သောမြေသည် ကျောက်စရစ်ကုန်း ၊ ကျပ်တီးမြေများဖြစ်ပြီး စိုက်ပျိုးရန် မသင့်တော်ပါ။ ၃။ မြက်ခါး ၊ မြေဇာမျက်များ ပေါများလျှင် စိမ့်စွဲသောမြေ ဆပ်ပြာပေါက်သော မြေဖြစ်သည်။ စိုက်ပျိုးရန် မသင့်ချေ။ ၄။ လက်ပံပင်ပေါက်သော မြေသည် မြေသြဇာ … Read more
ဆီးသီးပင် ၊ဆီးသီး ဒီလိုစိုက်ပါ
စီးပွားဖြစ်ဆီးသီးပင် စိုက်ပျိုးနည်း မြန်မာပြည်တွင် စိုက်ပျိုးသော ဆီးယဉ်မျိုးများတွင် စလေဆီးသီးနှင့် ဆီးတော်သီး မျိုးနှစ်မျိုးသည် နာမည်ကြီးလှသည်။ ယခုအခါ စီးပွါးဖြစ် စိုက်ပျိုးနေကြသော မျိုးများဖြစ်သည့် တိချွန်း၊ တိချိုင်းမျိုးများသည် သီးအားကောင်းသော အသားများပြီး စားကောင်း၍ အရသာရှိသည်။ အသားကျွတ်ဆတ်၍ ရွမ်းပြင်းအရွယ်တွင် စား၍ကောင်းသည်။ မှည့်သွားလျှင် စားမကောင်းတော့ချေ။ အမှည့်လွန်သော အသီးများကို မခူးဆွတ်တော့ဘဲ အပင်ပေါ်တွင် အခြောက်ခံ၍ ဆွတ်ယူကာ ဇီးယို၊ ဇီးပြားလုပ်ရာတွင် အသုံးပြုကြသည်။ ဆီးတော်သီးသည် ယိုးဒယားဆီးထက် အလုံးကြီးသည်။ အသားကျွတ်ဆတ်ပြီး ရွမ်းပြင်းအရွယ်တွင် စား၍ကောင်းသည်။ ထူးခြားချက်မှာ ယိုးဒယားဆီးနှင့်မတူဘဲ မှည့်လျှင်လည်း စား၍ကောင်းသည်။ဆီးပန်းသီး မျိုးသစ်တစ်မျိုးသည် အလုံးအရွယ်ကြီးမား၍ ဈေးကွက်ကောင်းသည်။ ရေမြေရာသီဥတု ဆီးပင်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုကြိုက်နှစ်သက်သည်။ ထို့ပြင် အကြမ်းခံသော သစ်သီးပင်မျိုးဖြစ်သည်။ အခြားသစ်သီးပင်များ မပေါက်နိုင်သော … Read more
သီး နှံ စိုက်ခင်းတို့အတွက် သဘာဝ ပိုးသတ်ဆေးရည် ပြုလုပ်နည်း
သဘာဝတိုင်းရင်း ပိုးသတ်ဆေး ပြုလုပ်နည်း ရဲယိုရွက်၊ ငုဝါသီး ၊ဆင်တုံးမနွယ် ၊ဆနွင်း ၊ဆေးခါးကြီးရွက် ရှောက်နုသီးခွံ စတာတွေကို ရေနွေးဆူဆူထဲမှာ တစ်နာရီခန့်ပြုတ်ပါ။ ရေကို သင့်တော်သလိုထည့်နိုင်ပါတယ်။ ပထမတစ်ရေယူပြီးရင် နောက်တစ်ရေ ထပ်ယူနိုင်ပါသေးတယ်။ ပြီးရင် ဆေးပြုတ်ရည်တစ်ဂါလံကို ငရုတ်သီး (၅၀)သားကြိတ်ပြီးထည့်ပါ။ ငရုတ်ကောင်း (၅၀)သား၊ ဆေးရွက်ကြီး (၅၀) သား၊ မင်းဂွတ်သီးအမှုန့် (၅၀)သားထည့်ပါ။ ကြက်သွန်ဖြူ၊ စပါးလင်၊ မြိတ်သလင် စတဲ့ ဆေးဖက်ဝင်အပင်တွေကို လည်းထည့်စိမ်နိုင်ပါတယ်။ ပြီးရင် သကြားအညို (၁)ပိဿာထည့်ပြီးစိမ်လိုက်ပါ။ သုံးလခန့်ထားပြီးရင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ရေတစ်ပုံးကို ဆေးရည် ဟင်းခတ်ဇွန်း (၅) ဇွန်းနဲ့ အသုံးပြုရင် လုံလောက်ပြီဖြစ်ပါတယ်။ ဆေးနဲ့ ရေနဲ့ စပ်ပြီးသားတစ်ပုံးကို ပန်းကန်ဆေးရည် (သို့) ဆပ်ပြာရည် (၃) ဇွန်းနဲ့ … Read more