ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် အကွာအဝေး တွက်နည်း

ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။ (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ပင်ခြား ကွာဝေးမြှောက်ကိန်း မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄ ၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင် ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂ ၄၁၆ + ၆၂= ၄၇၈ ပင် … Read more

ကြက်ဥတစ်ခွံ၊ ငှက်ပျောခွံ တစ်ခုဖြင့် တစ်ရာသီစာ အပင်အားဆေးမှုန့် အလွယ်လုပ်မယ်

အပင်မျိုးမျိုးအတွက် လိုအပ်တဲ့ သဘာဝ မြေသြဇာမှုန့် အလွယ်တစ်ကူ ပြုလုပ်နည်း ကယ်လ်ဆီယမ် ၊ ပိုတက်ဆီယမ် ၊ ဖော့စဖိတ် အဟာရဓာတ်များစွာ ပါဝင်သော မြေဩဇာမူန့်ပါ။ ကြက်ဥခွံ = ၆ ခွံ ငှက်ပျောသီးခွံ = ၂ ခွံ မီးအပူပေးပါ အမှုန့်ကြိတ်ပြီး အပင်တစ်ပင်အတွက် လ္ဖက်စားဇွန်း ၂ ဇွန်း နှုန်းဖြင့် သီးနှံစုံအတွက် အပင်ခြေရင်း ပတ်လည်ထည့်ပေးနိုင်ပါသည်။ အပင်တစ်ပင်ကို ကြက်ဥခွံ ၁ ခွံ ငှက်ပျောသီးခွံ ၁ ခွံ အသုံးပြုလျှင် တစ်ရာသီအတွက် လုံလောက်ပါတယ်။ စိုက်ပျိုးရေး နည်းပညာ Unicode အပင်မျိုးမျိုးအတွက်် လိုိအပ်တဲ့ သဘာဝ မြေသြဇာမှုန့် အလွွယ်တစ်ကူ ပြုလုပ်နည်း ကယ်လ်ဆီီယမ် ၊ ပိုတက်ဆီယမ်် ၊ … Read more

အပင်မျိုးစုံကို ဘွန်စိုင်း အပင်ငယ်လေးတွေဖြစ်အောင် စိုက်နည်း

အပင်အမျိုးမျိုးကို ဘွန်စိုင်းအပင်ဖြစ်အောင်ပြုလုပ်နည်း ဒီနည်းပညာတွေဟာ ဂျပန်လူမျိုးများက စတင်စမ်းသပ်စိုက်ပျိုးလာခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဘွန်စိုင်းပင်ဆိုတာက အပင်တစ်ပင်ရဲ့ ရေသောက်မြစ်ကို ဖြတ်တောက်ပြီး အခြားသော အမြစ်ငယ်များဖြင့် ကျောက်တုံးခဲလေးများပေါ်၌ မြေဆွေးဖြူးပြီး စိုက်ပျိုးခြင်းဖြစ်ပါတယ်။ အရင်ဆုံး ငရုတ်ပင်ကို ဘွန်စိုင်းပင် ဖြစ်အောင် ပြုလုပ်နည်း။ မိမိမှာ အပင်အမျိုးအစားအပေါ်မှုတည်ပြီး Bonsai pots လို့ခေါ်တဲ့ အပင်ထည့်စိုက်ရန်အတွက် စောက်တိမ်ပြီး အောက်ခြေ၌ အပေါက်ငယ်လေးများ ဖောက်ထားသော အင်တုံ အိုးငယ်လေးများ အဆင်သင့် ရှိထားရပါမယ်။ ပထမဆုံး မိမိစိုက်ပျိုးလိုသော ငရုတ်ပင် တစ်ပင်ကို အမြစ်များပါရှိအောင် နုတ်ယူပါ…နုတ်ယူပြီးပါက အပင်ရဲ့ အကိုင်းအတက်များကို သေချာသန့်စင်အောင် ဖြတ်တောက်ပစ်ပါ။ နုတ်ယူပြီးသော ငရုတ်ပင်မှ မြေဆွေးများကို ကုန်စင်အောင် ခါချပြီး အပင်၏ အလယ်တည့်တည့်၌ရှိသော ရေသောက်မြစ်လို့ခေါ်တဲ့ အမြစ်မကြီးကို အပင်၏ … Read more

သင့် စိုက်ခင်းမြေ အမျိုးအစားအား ချဉ်သလား ၊ ငံသလား အလွယ်တကူ ခွဲခြားနည်း

သင့် စိုက်ခင်းမြေ ချဉ်သလား ၊ ငံသလား အလွယ်သိချင်လျှင်……. မီးဖိုချောင်သုံး ဗီနီဂါ နဲ့ မုံ့ဖုတ်ဆော်ဒါ ရှိရင်ရပြီ။ စမ်းသပ်နည်းကတော့ အောက်ပါပုံ အတိုင်းပဲပေါ့။ စမ်းသပ်နည်း စိုက်ခင်းထဲမှ မြေသားအနည်းငယ်စီ ကို နေရာခွဲပြီး ၊နို့ဆီတဗူးခန့်ယူပါ။ ပြီးရင် သီးသန့်ဖန်ခွက်တခုထဲသို့ ၊ခုနက မြေထဲက နှစ်ဇွန်းခန့်ထည့်ပါ။ အဲဒီအပေါ် ဗီနီဂါ အရည် ဖန်ခွက်တဝက်ခန့်လောင်းထည့်ပါ။ အမြှုပ်တွေထွက်လာရင်၊ မြေငံပါသတဲ့။pH 8 +ဝန်းကျင်ပေါ့။ အကယ်၍ အမြှုပ်မထွက်ဘူးဆိုရင်တော့ အဲဒီမြေသားကို နောက်တနည်းဖြစ်တဲ့ ဆော်ဒါနဲ့ထပ်စမ်းရပါမယ်။ သီးခြားခွက်ထဲမှာ မြေသား နှစ်ဇွန်းခန့်ထည့်မယ်၊ အဲဒီအပေါ် ရေသန့် နဲ့ ဖျော်မယ်။ရွှံ့ရည်ရပြီဆိုရင် အဲဒီထဲကို ဆော်ဒါထည့်မယ်။ အမြှုပ်ထွက်ရင် မြေချဉ်လို့ပါတဲ့။pH5ဝန်းကျင်ပေါ့လေ။ အဲဒါ ပုံမှာပြထားတဲ့အတိုင်းပဲပေါ့။ အဲလို စမ်းသပ်လို့မှ အမြှုပ်မထွက်ဘူး၊တုံ့ပြန်မှုမရှိဘူးဆိုရင်တော့ သင့်မြေဟာ … Read more

စံပါယ်ပန်း စနစ်တကျ စိုက်ပျိုးနည်း

စံပါယ်ပန်း စိုက်ပျိုးနည်း စံပါယ်ပန်းကို မိုးဦးကာလတွင် အပင်ပျိုးထောင် စိုက်ပျိုးကြသည်။ အပင် မစိုက်ခင်မြေဆွေး နွားချေးဆွေးများကို စိုက်မည့်နေရာတွင်ကျင်းထူး ပြီးထည့်ပေးရမည်။ (အချိုးနှုန်းကတော့ ၁ကျင်းလျှင် ၅၀၀ မှ ၁၀၀၀ ဂရမ် နှုန်း) ပြီးလျှင် အပင် ကိုင်းတက် (Sucker) ဒါမှမဟုတ်ရင်အမြစ်ထွက်ပြီး ကိုင်းကူး/ကိုင်ထိုးပင် (layering/ cutting) အပင်တွေကိုစိုက်လို့ရပါပြီ။ ၁ နှစ်သားဆိုရင် ပန်းစပွင့်တာပါဘဲ.. စိုက်တဲ့အချိန်မှာ 3 ပေ 5 ပေခြား ပြီးစိုက်ကြပါတယ်.. စံပါယ်ပန်းဟာမိုးဦးကျတွင် စတင်ပွင့်ကြပါသည်။ အချို့ဒေသတွင် စံပါယ်ပန်း စောစော ပွင့်စေရန် ဆောင်းအကုန် ဒီဇင်ဘာလ/ ဇန်နဝါရီလ လောက်မှာ အပင်ပြုပြင်ပေး ရပါတယ်။ ပြုပြင် နည်းတွေကတော့ အရွက်ချွေပေးတာ တို့၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေးတာ၊ … Read more

စပျစ် စနစ်တကျစိုက်ပျိုးနည်း

စပျစ်ပင် စိုက်ပျိုးနည်းစနစ်နှင့် သိကောင်းစရာများ ၁။ မူရင်းဒေသ အာရှနှင့် အာရှမိုင်းနား ဖြစ်သည်။ မြန်မာအမည် – စပျစ်၊ အင်္ဂလိပ်အမည် – Grape ၂။ စပျစ်မျိုးများ စပ်စ္ကို မျိုးခွဲရာတွင် – (က) အသီးပုံသဏ္ဍာန်ကိုလိုက်၍လည်းကောင်း၊ (ခ) ဒေသပေါ်မူတည်၍လည်းကောင်း (ဂ) လူတို့အသုံးပြုမှုပေါ်မူတည်၍လည်းကောင်း အမျိုးမျိုးခွဲခြားပါသည်။ (က) အသီးပုံသဏ္ဍာန်ပေါ်မူတည်ပြီး (၂) မျိုးခွဲခြားထားပါသည်။ (၁) သီးချွန် နှင့် (၂) သီးဝိုင်း ဟူ၍ဖြစ်ပါသည်။ (ခ) ဒေသေပေါ်မူတည်ပြီး (၂) မျိုး ခွဲခြားထားပါသည်။ (၁) ပြည်တွင်းမျိုးမှာ ရွှေနီစပျစ် (၂) ပြည်ပမျိုးမှာ အီတလီ။ သီးချွန် (ဂ) လူတို့ငသုံးပြုမှုပေါ်မူတည်ပြီး (၃) မျိုးခွဲခြားထားပါသည်။ (၁) စားစပျစ်မျိုး (Table … Read more