ဆီမီးပူဇော်ရခြင်း ကြောင့် ရရှိသည့် အကျိုးများ
ဆီမီး လှူရသောအကျိုး အလှူဒါနပြုကြရာ တွင် ဆီမီးလှူရသော အကျိုး ရှစ်ပါးဟူ၍ ရှိပါသည်။ ထိုအကျိုး ရှစ်ပါးတို့မှာ – ၁။ ဒိဗ္ဗစက္ခုဉာဏ်ကိုရခြင်း။ ၂။ အမိ၀မ်းတွင်းမှ ကန်းသောအမျိုး၌ မဖြစ်ခြင်း၊ ၃။ တွေဝေငိုက်မျဉ်းခြင်းမှကင်းခြင်း၊ ၄။ ကြည်လင်သော မျက်စိရှိခြင်း၊ ၅။ အမျိုးစည်းစိမ် အခြံအရံအားဖြင့် မြတ်ခြင်း၊ ၆။ အမှတ်မရှိသော အရပ်၌ရှိသောဝတ္ထုတို့ကို ထိုအရပ်မှ မြင်နိုင်ခြင်း၊ ၇။ တောက်ပသော အရောင်ရှိခြင်း၊ ၈။ နတ်ကဲ့သို့တင့်တယ်ခြင်းဟူ၍ဖြစ်ကြပါသည်။ ချစ်စွာသော စာရှုသူများရှင့် …။ စာရှုသူများ အားလုံးလိုလိုပင် မြတ်စွာဘုရား ရှင်အား ဆီမီးလှူခြင်း ကုသိုလ်နှင့်အတော်ပင် နီးစပ်လှူဒါန်းကြဖူး ပေလိမ့်မည်။ တချို့လည်း နေ့ညမပြတ် ဆီမီးလှူဒါန်း ပူဇော်ကြသကဲ့သို့ အချို့လည်း ဘုရားစေတီ များတွင် သီတင်းကျွတ်၊ … Read more