နှောင်းမှ တကြမည့် နောင်တ (၁၀) ပါး

နောင်တ (၁၀) ပါး ၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့၍ အိုမင်း ရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။ ၂။ ငယ်ရွယ်စဉ်က ပညာသင်ရန် အခွင့်ရေးရပါလျှက် ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။ ၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း ။ ၄။ သတ္တဝါများအား သနားမဖက် ရက်စက်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာ ရခြင်း။ ၅။ မသွားလာအပ်သော သူမယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျတ်ဆီးမိခြင့်ကြောင့် မိမိသားသမီးရလာသောခါ နောင်တ တဖန် ပူပန်ရခြင်း။ ၆။ များစွာသော ပစ္စည်းဥစ္စာ … Read more

နှုတ်လွန်အောင် မပြောမိပါစေနဲ့

နှုတ်လွန်အောင် မပြောကြနဲ့ ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူကမှ “ငါမိုက်တယ်”လို့ မထင်ဘူးတဲ့။ ပဋိပက္ခဖြစ်ပြီဆိုရင် “ငါမိုက်လို့ ဖြစ်ရတယ်”လို့ ဘယ်သူမှ မစဉ်းစားဘူးတဲ့။ ငါတော်တယ်လို့ပဲ ထင်ကြတယ်။ အဖွဲ့အစည်းတစ်ခု၊ သံဃာ့အဖွဲ့အစည်းတစ်ခု မတည့်လို့ စိတ်ဝမ်းကွဲကြရင် ဖြစ်လာမယ့်ပြဿနာတွေ တခြားပြဿနာတွေ ပိုကြီးလာမယ်ဆိုတာ နားမလည်ကြဘူး။ ထည့်သွင်းမစဉ်းစားကြဘူး။ အိမ်မှာ မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးဘူး။ အငြင်းပွားကြတယ်၊ ရန်ဖြစ်လာပြီဆိုရင် အသံတွေဟာ ကျယ်သထက်ကျယ်လာတယ်။ ရန်ဖြစ်ပြီဆိုရင် အသံကကျယ်လာတာပဲ။ “ငါမှားတယ်”လို့ ဘယ်သူမှ မထင်ဘူး။ ငါလုပ်တာ မှန်တယ်။ သူမှားတယ်ပဲ တွက်တယ်။ အဲ့ဒီလိုဆိုရင် ပြဿနာက ဘယ်တော့မှ မပြေဘူးတဲ့။ ဒီတင်ရပ်မှာ မဟုတ်ဘူးတဲ့။ ပြဿနာတွေ နောက်ဆက်တွဲ အများကြီးလာလိမ့်မယ်တဲ့။ မြတ်စွာဘုရားကတော့ ဒီလိုဟောတာ။ ဒါ ကိုယ့်ရဲ့ ဘဝမှာ သတိထားဖို့၊ … Read more

စိတ်ညစ်ရင် ကုသိုလ်တရားကိုပဲ အာရုံပြောင်းပေးလိုက်ပါ

စိတ်ညစ်ရင် ကုသိုလ်တရားနဲ့ပဲ အာရုံပြောင်းပေးလိုက်တာ အကောင်းဆုံး အဆိုးလောကဓံကို ဘယ်သူမှ မကြုံချင်ကြဘူး… ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်…ပုထုဇဉ်ပဲ ညစ်ပေါ့… အေး…ကိုယ့်စိတ်တိုင်းကျ ညစ်ပြီးရင်တော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ပဲ… စိတ်ညစ်စရာလည်းညစ်…တစ်နေ့တာ ကိုယ်လုပ်စရာရှိတာလည်း လုပ်ပေါ့…အဓိက,ကတော့ စိတ်ညစ်စရာ ရှိပေမယ့် တစ်နေ့တာ ကိုယ်လုပ်ရမယ့် ဒါန သီလ ဘာဝနာဆိုတဲ့ ကုသိုလ်တရားအလုပ်လေးတွေ ပျက်မသွားဖို့ပဲ အရေးကြီးတယ်နော်… ဒီတော့ စိတ်ညစ်တဲ့အခါ အကောင်းဆုံးကတော့ ကုသိုလ်တရားနဲ့ပဲ အာရုံပြောင်းလိုက်… ပါချုပ်ဆရာတော်ကြီး Unicode စိတ်ညစ်ရင် ကုသိိုလ်တရားနဲ့ပဲ အာရုံပြောင်းပေးလိုက်တာ အကောင်းဆုံး အဆိုးလောကဓံကိို ဘယ်သူမှ မကြုံချင်ကြဘူး… ဒီတော့ ကြံုလာရင် စိတ်ညစ်မယ်…ပုထုဇဉ်ပဲ ညစ်ပေါ့… အေး…ကိုယ့်စိတ်တိိုင်းကျ ညစ်ပြီးရင်တော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ပဲ… စိတ်ညစ်စရာလည်းညစ််…တစ်နေ့တာ ကိုယ်လုပ်စရာရှိတာလည်း လုပ်ပေါ့…အဓိက,ကတော့ စိိတ်ညစ်စရာ ရှိပေမယ့် … Read more

မြတ်ဗုဒ္ဓ၏ နောက်ဆုံးခရီးစဉ်နှင့် နောက်ဆုံးမိန့်မှာချက်များ

မြတ်ဗုဒ္ဓ၏ နောက်ဆုံးခရီးနှင့် နောက်ဆုံးမိန့်မှာချက်များ ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မှီ လပိုင်းအလိုလောက်မှစ၍ သာသနာတော်ကြီးအဓွန့်ရှည်စေရေး နှင့် ရဟန်းတို့ အကျိုးစီးပွား အတွက် အမျိုးမျိုး အထူး သတိပေးမှာကြားခဲ့ပုံ၊ မိမိ မရှိတော့မည့်အကြောင်း သိ၍ ၀မ်းနည်းနေကြသော ရဟန်းတို့အား နှစ်သိမ့်အားပေးခဲ့ပုံ ၊ သုဘဒ္ဒပရိဗိုဇ် တရားထူးရမည်ကို သိသောကြောင့် ပါဝါပြည်မှ ကုသိနာရုံပြည်အထိ ဝေဒနာခံစားနေသည့်ကြားမှ ခြေလျှင်ခရီး ကြွချီခဲ့ပုံ စသည်တို့ကို ဝေသာလီပြည်မှ ကုသိနာရုံအထိ မိုင် ၁၁၀ ခရီးစဉ်တလျှောက်အကြောင်းဖော်ပြထားသော မဟာပရိနိဗ္ဗာနသုတ် တွင် လေ့လာကြည့်လျှင် ကြည်ညိုဖွယ်ရာ တွေ့နိုင်ပေသည်။ Bryan de Kretse ၏ Man in Buddhism and Christianity , Page 67တွင် ….”ခရစ်ယာန်ဘာသာ ၀င်ပညာရှင်တစ်ဦးကဗုဒ္ဓစာပေကျမ်းဂန်များထဲ၌ … Read more

ကဆုန်လပြည့်ဗုဒ္ဓ နေ့အကြောင်း သိကောင်းစရာများ

ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့— (၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။ (၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။ … Read more

အခက်အခဲတွေနဲ့ကြုံတဲ့အခါ ပြုရမည့် အဓိဋ္ဌာန်ပါရမီ

အခက်အခဲတွေနဲ့ကြုံတဲ့အခါ အဓိဋ္ဌာန်ပါရမီပြုပါ အားလုံးသင်ခန်းစာယူရမှာက ကိုယ့်မှာ တခါတရံ လုပ်ငန်းကိုင်ငန်းလုပ်ရင်းနဲ့ အခက်အခဲ မကြုံဘူးလား? (ကြုံပါတယ် ဘုရား) အခက်အခဲဆိုရင် ဒါ စိတ်ဆင်းရဲစရာပြောတာပေါ့။ ဘာကိုပြောတာလဲ? (စိတ်ဆင်းရဲစရာကို ပြောတာပါ ဘုရား) ဖြစ်ချင်းတိုင်းမဖြစ် မကြားချင်တာကြားရ မမြင်ချင်တာ မြင်ရတာဆိုတာက ကုသိုလ်အကျိုးပေးလား၊ အကုသိုလ်အကျိုးပေးလား? (အကုသိုလ် အကျိုးပေးပါ ဘုရား) အကုသိုလ်ဆိုရင် မေတ္တာလား၊ ဒေါသမာနလား? (ဒေါသ မာနပါ ဘုရား) အဲ့ရဲ့အကျိုးပေးပြန်လာတာလေ။ အဲတော့ အဲဒါကို ဘာနဲ့ကာမလဲဆိုတော့ မေတ္တာနဲ့ပဲ ကာရမှာပေါ့။ ဘာနဲ့ ကာရမှာလဲ? (မေတ္တာနဲ့ပဲ ကာရမှာပါဘုရား) ဆရာတော်ဘုရားကြီးက “ကံကိုကွယ်တဲ့ ကံအကျိုးပေးကိုဖျက်ချင်ရင် ကံနဲ့ပဲ ဖျက်ရတယ်။” တဲ့။ ကံကို ကံနဲ့ဖျက်။ အဲတော့ မေတ္တာပေါင်းပေါ့။ အခက်အခဲရှိလို့ စီးပွားတွေကအစ ဆွဲအားနည်းတော့ … Read more

ဗုဒ္ဓဘာသာဝင် သိသင့်သိထိုက်သော အခြေခံ၊အတိုချုပ်

ဗုဒ္ဓဘာသာဝင် သိသင့်သိထိုက်သော အခြေခံ၊အတိုချုပ် ကလေးငယ်တွေကပဲမေးမေး ၊ဘာသာခြားတွေကပဲမေးမေး ၊ ဘယ်သူမေးမေးဗုဒ္ဓဘာသာ အခြေခံ ၊အတိုချုပ်လောက်တော့ဖြေနိုင်ရမယ်၊ သိထားသင့်တယ်။ အဲဒီလိုဖြေနိုင်အောင် သိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ ဗုဒ္ဓဘာသာ ဗုဒ္ဓ = မြတ်စွာဘုရား ၊ဘာသာ = အယူ သာသနာတော် အဆုံးအမကို လိုက်နာကျင့်သုံး လက္ခဏာရေးသုံးပါး အနိစ္စ = မမြဲခြင်း ၊ ဒုက္ခ = ဆင်းရဲခြင်း ၊အနတ္တ = အစိုးမရခြင်း ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ ၁။ ကကုသန်မြတ်စွာဘုရား ၊ ၂။ ကောဏဂုံမြတ်စွာဘုရား ၊ ၃။ ကဿပမြတ်စွာဘုရား ၊ ၄။ ဂေါတမမြတ်စွာဘုရား ၊၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်) သာသနာတော်သုံးရပ် ၁။ … Read more

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ခြေရာတော်

မဟာဗောဓိမြိုင်ဆရာတော်ကြီးဘုရားကြီး၏ အံ့ဖွယ် အမှတ်သညာဂုဏ်တော် ရခဲလှသော လူ့ဘဝကို တန်ဖိုးရှိစွာအသုံးချနိုင်တော်မူ သော ဆရာတော်ကြီး.. ကြုံရခဲသော မြတ်ဗုဒ္ဓ၏သာသနာကို အမိအရ လက်ဆုပ်လက်ကိုင်မိမိ သိရှိသွားတော်မူသော ဆရာတော်ကြီး… ဝိမုတ္တိသုခအရသာကို သန္ဒိဋ္ဌိက လက်တွေ့ခံစားနိုင်လေ သော ဆရာတော်ကြီး… မြတ်ဘုရားသာသနာတော်သည် စိတ်ကူးယဉ်ဒဏ္ဍာရီ မဟုတ်.. လက်တွေ့ကျသော သာသနာတော်အဖြစ် သက်သေပြတော်မူသော ဆရာတော်ကြီး..   ယခုအခါ ဝိပဿနာတရားကို အားထုပ်ရန် တွန့်ဆုတ် ၍ နေကြသော ယောဂီသူတော်စဉ်များအား မဂ္ဂင်ရှစ်ပါးရှိသော သာသနာတော်သည် ဘယ်သောခါ မှ အရိယာမဆိတ်သုဉ်းကြောင်း ဟောပြောပြသ ကျင့်ကြံရှေ့သွားပြုသော ဆရာတော်ကြီး.. ကျန်သောဂုဏ်ပုဒ်တို့ကိုမပြောလိုပါဘူး.. ဆွမ်းခံသွား ဆွမ်းခံပြန် အမှန်သညာလေးကိုပဲ ဖူးမျှော်ကြည်ညိုကြည့်ကြပါအုံး…. ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်) 2.5.2020 Unicode မဟာဗောဓိိမြိုင်ဆရာတော်ကြီးဘုရားကြီး၏ အံ့ဖွယ်် အမှတ်သညာဂုဏ်တော် ရခဲလှသော … Read more

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ်

သမ္ဗုဒ္ဓေ ကျွန်တော် သမ္ဗုဒ္ဓေဂါထာ‌တော်ကို ငယ်ငယ်လေးကတည်းက ရွတ်ဆိုရတာနှစ်သက်ပါတယ်။ အနက်အဓိပ္ပာယ်ကိုသိလာခဲ့တဲ့အချိန်ကျတော့ အနက်အဓိအပ္ပာယ်ပါတွဲပြီး ရွတ်ဖတ်ပူဇော်ဖြစ်လာခဲ့ပါတယ်။ဒီလိုနေလာရင်းနဲ့ တစ်နေ့ကျတော့ အောက်မှာဖော်ပြထားတဲ့ ဦးပဉ္ဇင်း U Nay Main Da ရဲ့ ပို့စ်တစ်ခုကို ဖတ်ဖြစ်ခဲ့ပါတယ်။ သိပ်ကို သဘောကျနှစ်ခြိုက်သွားမိတာမို့ ဓမ္မမိတ်ဆွေတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။ အဲဒီပေါရာဏဒီပင်္ကင်္ရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ … Read more

အမှုအခင်းရှိလျှင်၊ပစ္စည်းပျောက်လျှင်၊နေထိုင်မကောင်းလျှင်၊ချမ်းသာချင်လျှင်၊ စစ်တိုက်သွားလျှင် ရွတ်ရမည့် ဂါထာတော်

သာမညဆရာတော်ဘုရားကြီးအထူးပေးသောဂါထာ ဥုံ- သိဒ္ဓိဘုရားထိပ်မှာထား ၊ နားမှာ ဗြဟ္မာ ၊ ၊လက်မှာ သိကြား ၊ ခါးမှာ ဘီလူး ၊ ဒူးမှာ ခြင်္သေ့ ၊ခြေမှာ နဂါး ၊ကိုယ်မှာ ဂဠုန်၊ အစောင့်ထားပါ၏ ။ ဥုံ – ကောက္ကုသံ ၊ ဥုံ – ကောဏဂုံ ၊ ဥုံ- ကဿဖ ၊ ဥုံ – ဂေါတမ ၊ ဥုံ – အရိမေတ္တယျ ၊ ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏ ။ ဓာတ်တော်ဝင် ၊မဟာဝင် ၊ဧရာဝင် ၊မဟာဝိနေယာ ၊ဗောဓိရှစ်တန် ၊ဥာဏ်တော်( ၁၈ ) ပါး ၊ … Read more