ဗုဒ္ဓဘာသာဝင် သိသင့်သိထိုက်သော အခြေခံ၊အတိုချုပ်

ဗုဒ္ဓဘာသာဝင် သိသင့်သိထိုက်သော အခြေခံ၊အတိုချုပ် ကလေးငယ်တွေကပဲမေးမေး ၊ဘာသာခြားတွေကပဲမေးမေး ၊ ဘယ်သူမေးမေးဗုဒ္ဓဘာသာ အခြေခံ ၊အတိုချုပ်လောက်တော့ဖြေနိုင်ရမယ်၊ သိထားသင့်တယ်။ အဲဒီလိုဖြေနိုင်အောင် သိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ ဗုဒ္ဓဘာသာ ဗုဒ္ဓ = မြတ်စွာဘုရား ၊ဘာသာ = အယူ သာသနာတော် အဆုံးအမကို လိုက်နာကျင့်သုံး လက္ခဏာရေးသုံးပါး အနိစ္စ = မမြဲခြင်း ၊ ဒုက္ခ = ဆင်းရဲခြင်း ၊အနတ္တ = အစိုးမရခြင်း ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ ၁။ ကကုသန်မြတ်စွာဘုရား ၊ ၂။ ကောဏဂုံမြတ်စွာဘုရား ၊ ၃။ ကဿပမြတ်စွာဘုရား ၊ ၄။ ဂေါတမမြတ်စွာဘုရား ၊၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်) သာသနာတော်သုံးရပ် ၁။ … Read more

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ခြေရာတော်

မဟာဗောဓိမြိုင်ဆရာတော်ကြီးဘုရားကြီး၏ အံ့ဖွယ် အမှတ်သညာဂုဏ်တော် ရခဲလှသော လူ့ဘဝကို တန်ဖိုးရှိစွာအသုံးချနိုင်တော်မူ သော ဆရာတော်ကြီး.. ကြုံရခဲသော မြတ်ဗုဒ္ဓ၏သာသနာကို အမိအရ လက်ဆုပ်လက်ကိုင်မိမိ သိရှိသွားတော်မူသော ဆရာတော်ကြီး… ဝိမုတ္တိသုခအရသာကို သန္ဒိဋ္ဌိက လက်တွေ့ခံစားနိုင်လေ သော ဆရာတော်ကြီး… မြတ်ဘုရားသာသနာတော်သည် စိတ်ကူးယဉ်ဒဏ္ဍာရီ မဟုတ်.. လက်တွေ့ကျသော သာသနာတော်အဖြစ် သက်သေပြတော်မူသော ဆရာတော်ကြီး..   ယခုအခါ ဝိပဿနာတရားကို အားထုပ်ရန် တွန့်ဆုတ် ၍ နေကြသော ယောဂီသူတော်စဉ်များအား မဂ္ဂင်ရှစ်ပါးရှိသော သာသနာတော်သည် ဘယ်သောခါ မှ အရိယာမဆိတ်သုဉ်းကြောင်း ဟောပြောပြသ ကျင့်ကြံရှေ့သွားပြုသော ဆရာတော်ကြီး.. ကျန်သောဂုဏ်ပုဒ်တို့ကိုမပြောလိုပါဘူး.. ဆွမ်းခံသွား ဆွမ်းခံပြန် အမှန်သညာလေးကိုပဲ ဖူးမျှော်ကြည်ညိုကြည့်ကြပါအုံး…. ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်) 2.5.2020 Unicode မဟာဗောဓိိမြိုင်ဆရာတော်ကြီးဘုရားကြီး၏ အံ့ဖွယ်် အမှတ်သညာဂုဏ်တော် ရခဲလှသော … Read more

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး၏ ထူးခြားလေးနက်သော အဓိပ္ပါယ်

သမ္ဗုဒ္ဓေ ကျွန်တော် သမ္ဗုဒ္ဓေဂါထာ‌တော်ကို ငယ်ငယ်လေးကတည်းက ရွတ်ဆိုရတာနှစ်သက်ပါတယ်။ အနက်အဓိပ္ပာယ်ကိုသိလာခဲ့တဲ့အချိန်ကျတော့ အနက်အဓိအပ္ပာယ်ပါတွဲပြီး ရွတ်ဖတ်ပူဇော်ဖြစ်လာခဲ့ပါတယ်။ဒီလိုနေလာရင်းနဲ့ တစ်နေ့ကျတော့ အောက်မှာဖော်ပြထားတဲ့ ဦးပဉ္ဇင်း U Nay Main Da ရဲ့ ပို့စ်တစ်ခုကို ဖတ်ဖြစ်ခဲ့ပါတယ်။ သိပ်ကို သဘောကျနှစ်ခြိုက်သွားမိတာမို့ ဓမ္မမိတ်ဆွေတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။ အဲဒီပေါရာဏဒီပင်္ကင်္ရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ … Read more

အမှုအခင်းရှိလျှင်၊ပစ္စည်းပျောက်လျှင်၊နေထိုင်မကောင်းလျှင်၊ချမ်းသာချင်လျှင်၊ စစ်တိုက်သွားလျှင် ရွတ်ရမည့် ဂါထာတော်

သာမညဆရာတော်ဘုရားကြီးအထူးပေးသောဂါထာ ဥုံ- သိဒ္ဓိဘုရားထိပ်မှာထား ၊ နားမှာ ဗြဟ္မာ ၊ ၊လက်မှာ သိကြား ၊ ခါးမှာ ဘီလူး ၊ ဒူးမှာ ခြင်္သေ့ ၊ခြေမှာ နဂါး ၊ကိုယ်မှာ ဂဠုန်၊ အစောင့်ထားပါ၏ ။ ဥုံ – ကောက္ကုသံ ၊ ဥုံ – ကောဏဂုံ ၊ ဥုံ- ကဿဖ ၊ ဥုံ – ဂေါတမ ၊ ဥုံ – အရိမေတ္တယျ ၊ ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏ ။ ဓာတ်တော်ဝင် ၊မဟာဝင် ၊ဧရာဝင် ၊မဟာဝိနေယာ ၊ဗောဓိရှစ်တန် ၊ဥာဏ်တော်( ၁၈ ) ပါး ၊ … Read more

ပဋ္ဌာန်း အစွမ်း နှင့် “အံ့ဩဖွယ်ရာ ပဋ္ဌာန်းတန်ခိုး အားကိုးကြပါစို့”

“အံ့ဩဖွယ်ရာ ပဋ္ဌာန်းတန်ခိုး အားကိုးကြပါစို့” ညောင်လေးပင်တွင်နေခဲ့စဉ်က ပန်းရံဆရာလေးတစ်ယောက်နှင့်ရင်းနှီးခဲ့ဖူးတယ်။ကျွန်တော်ရဲ့ယိုင်နဲ့နဲ့ အိမ်အိုလေးကို ခေါ်ပြင်ခိုင်းရာက သိကျွမ်းသွားခြင်းပါ။ သူ့အဖွဲ့သားတွေဟာ ​မြေကြီးထဲမြုပ်နေသည့် အိမ်တိုင်တွေကို ဖြတ်သင့်တာဖြတ်၊ဆက်သင့်တာဆက်နှင့် ခက်ခက်ခဲခဲပြင်ပေးခဲ့ကြတယ်။ ပင်စင်စားဖြစ်သူ ကျွန်တော့်အခက်အခဲကို နားလည်ပုံလည်းရတယ်၊လုပ်အားခကို အတတ်နိုင်ဆုံးလျော့ယူခဲ့တယ်။စိတ်ထားအလွန်ကောင်းတဲ့လူငယ်ပါ။ သူ့ဇနီးက စားဖျော်ဝန်ထမ်းလုပ်တယ်၊လင်မယားနှစ်ဦးလုံး ကျွန်တော့်ကို အစ်ကိုကြီးသဖွယ်ပါပဲ။ အခက်အခဲမှန်သမျှ လာတိုင်ပင်ကြတယ်။ ဒီလိုရင်းနှီးခဲ့ရာက အချိန် ၁ နှစ်ကျော်လောက်ကြာတော့ “အောင်အောင်”ဟာ ခါးအောက်ပိုင်းချိနဲ့တဲ့ရောဂါဖြစ်လာတယ်။တစ်နေ့လုပ်မှတစ်နေ့စားဘဝမို့ ဆေးရုံလည်းမတက်နိုင်ရှာဘူး။ ကျွန်တော်လည်း ကိုယ့်ပညာနဲ့ ဗေဒင်တွက်ပေး၊ယတြာချေပေးနဲ့ ကူညီပေးရတာပေါ့။မိမိကိုယ်တိုင်က သူတစ်ပါးလှူတဲ့ဗေဒင်ဟောခလေးနဲ့ ရပ်တည်နေရသူမို့ ငွေကြေးတော့မကူညီနိုင်ခဲ့ဘူး။ ဒီလိုနဲ့သူဟာ တဖြေးဖြေးရောဂါသည်းလာခဲ့တယ်။နောက်ဆုံးအကြိမ်အိမ်ကို လာလည်ချိန်မှာ သူဟာအတော်အားငယ်နေပါပြီ။”ကျွန်တော်လမ်းလျှောက်နိုင်မယ်မထင်တော့ဘူးအစ်ကို၊ကူညီပါဦးဗျာ”လို့ အားကိုးတကြီးပြောလာတယ်။ ကိုယ်လည်းဘာမှမလုပ်ပေးနိုင်တော့ စိတ်မကောင်းဖြစ်ပြီး ရုတ်တရက်ပြန်ပြောစရာစကားရှာမရခဲ့ဘူး။ဒီအချိန်မှာပဲ ပဋ္ဌာန်းရွတ်ခြင်းရဲ့ကောင်းကျိုးစာပုဒ်လေးဖတ်ဖူးတာကို စိတ်ထဲပေါ်လာတယ်။ “အောင်အောင်ရေ,ပဋ္ဌာန်းကို မနက် ၁ ခေါက်၊ည ၁ ခေါက် ရိုရိုသေသေရွတ်ဖတ်ပူဇော်ကွာ၊ဘုရားရှင်ရဲ့အတိုင်းမသိဉာဏ်တော်ကြီး ကျက်စားရာ … Read more

ဘုရားပေးသည့် C o v i d – 19 ကပ်ရောဂါ ကာကွယ်ကုသဆေး

ရောဂါနှင့် ဆေး Covid-19 ကပ်ရောဂါ ကာကွယ်ကုသဆေး ယနေ့ တိုင် မတွေ့သေးပါ။ ကမ္ဘာ့လူသားများ၏ိစိတ်၌စွဲကပ်နေသော ရာဂ ဒေါသ မောဟ Virus ရောဂါ ကာကွယ် ကုသဆေးကိုနှစ်ပေါင်း နှစ်ထောင်ကျော်က ဗုဒ္ဓတွေ့ရှိ ဟောကြားခဲ့ပြီး ဖြစ်သည်။ အနိစ္စသညာ အသုဘသညာ စိတ်မှာလေ့ကျင့်မှုဖြင့် ရာဂ ကိုဖယ်ရှားပါ။ မေတ္တာပွါး၍ ဒေါသကို ဖယ်ရှားပါ။အသိပညာဖြင့် မောဟ ကို ဖယ်ရှားပါ။ အပ်ပမာဒနေ သမ်ပာဒထေ။ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ၂၃ ဧပြီ၊၂၀၂၀ ရက်နေ့ အဆုံးအမသြဝါဒ ၂၃ ဧပြီ, ၂၀၂၀ Unicode ရောဂါနှင့်် ဆေး Covid-19 ကပ်ရောဂါ ကာကွွယ်ကုသဆေး ယနေ့ တိုင် မတွေ့သေးပါ။ … Read more

ပရိတ်ပဋ္ဌာန်း ဂါထာတော်များကို တန်ခိုးထက်မြတ်အောင် ရွတ်ဖတ်ပူဇော်နည်း

ပရိတ် ပဋ္ဌာန်း ဂါထာတော်တွေ ရွတ်ဆိုကြတဲ့အခါ ဝတ်တက်ကြတဲ့အခါ ၁။အဝတ်အစားလဲသင့်လဲရမယ် ၊ ခြေလက်ခံတွင်းသုတ်သင်ပြီး ၊ ကြည်လင်သန့်ရှင်းစေရမယ် (မဇ္ဈိမ-ပီယဇာတိသုတ် မ၂။၃၁၄) ၂။ပရိတ်ရွတ်တဲ့ပုဂ္ဂိုလ်များနမူနာအတိုင်း မိမိရွတ်တဲ့ဂါထာတော်ဂုဏ်တော်တွေကို ပိုပြီးအာနိသင်ရှိစေချင်ရင် အနက်အဓိပ္ပါယ်ကိုလည်းသိထားရမယ် သိအောင်လုပ်ရမယ် ကျက်သင့်တာကျက်ထားရမယ် ၃။ဘယ/လာဘ/ကုလစာရ/ ကြောက်တဲ့စိတ်/ဖြစ်စေချင်တဲ့စိတ်(အမျှော်စိတ်) နောက်ပြီးမိရိုးဖလာလုပ်ရိုးလုပ်စဉ်မို့ လုပ်ရတာမျိုးမဖြစ်စေရဘူး ၄။ဘီလူးသဘက်တွေကြိုက်တတ်တဲ့ သားငါးစားတာမျိုးကိုလည်းရှောင်ရမယ် (ပါထိက-ဋ္ဌ-၁၅၁။) လယ်တီဆရာတော်ကြီးပြောသလို ဘီလူးသဘက်နှင်တဲ့ကမ္မဝါစာကို အမဲသာစားတဲ့ပါးစပ်ကြီးနဲ့ရွတ်လို့နေရာမကျဘူး ၅။ရောဂါဖြစ်လို့ တစ်စုံတစ်ရာဒုက္ခဖြစ်လို့ တစ်ခြားလူဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ်ပေါ့ မိမိရွတ်တဲ့ပရိတ်တော်များဂါထာတော်များ အစွမ်းအာနိသင်ထက်ဖို့လိုအပ်တဲ့အခါ ရေ/ဆီ/သဲ/ချည်/လက်ကိုင်ပဝါ စသည်ကိုရွတ်တဲ့လူရဲ့လက်နှင့် ထိတွေ့လှုပ်ခါကိုင်တွယ်ပြီးရွတ်ဆိုသင့်တယ် ဒါမြတ်စွာဘုရားရှင်တို့ရဲ့အာဏာစက် သွင်းတယ်လို့ခေါ်ပါတယ် (လောကီနည်းမဟုတ်ပါဘူး) ဝိနည်းအဋ္ဌကထာမှာလာတဲ့လုပ်ထုံးပါ (ဝိ- ဋ်ဌ- ၂ -သာရတ်ထ -၂-၂၇၅) ၆။မိမိလုပ်နေကျဓမ္မဝတ်ကိုပုံမှန်လုပ်ရမယ် စွဲစွဲမြဲမြဲဝတ်ထားပြီးလုပ်ရမယ် ဒါမှပိုပြီးထိရောက်ပါတယ် ဆွမ်းဝတ် ရေတွင်းရေကန် ကျောင်းဝတ်နှင့် ရွတ်ဆိုနှလုံးသွင်းမှုစတဲ့ ဝတ်ထားပြီးလုပ်တဲ့ ကုသိုလ်မှန်သမျှဟာ … Read more

အန္တရာယ်ရန်အသွယ်သွယ်နှင့်ကပ်ရောဂါဘေးဘယာမှကင်းဝေးစေမည့် ဓာရဏ ပရိတ်တော်

အန္တရာယ်မှန်သမျှကင်းဝေးစေသော ဓာရဏ ပရိတ်တော် ဓာရဏသုတ်တော်(ဖြစ်စဉ်) ဂေါတမ မြတ်စွာဘုရားသည် ညီတော်အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။ ဓာရဏ ပရိတ်တော်တွင် ဝိပဿိ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဂုဏ်တော် ကျေးဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါသည်။ တိုက်တွန်းချက်။ ။ ဓာရဏပရိတ်တော်သည်မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။ … Read more

ဘယ်လောက်ပဲခက်ခဲပါစေ အကောင်းမြင်စိတ် ထားပါ

မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲကိုင်ထားပါ ၁၃၈၂ ခု မြန်မာနှစ်သစ်ကူးအချိန်ဟာ ပထမနဲ့ ဒုတိယကမ္ဘာစစ်အချိန်က သင်္ကြန်ကာလမျိုးလိုဖြစ်မှာပဲလို့ စိတ်ထဲမှာမှန်းဆနှိုင်းယှဉ်မိတယ်။ တချို့ကမ္ဘာ့ဒေသတွေမှာ စစ်၏အဟုန်က မြင့်မားရှည်လျားတယ်။ လူသန်းပေါင်းများစွာ သေကြေကြရတယ်။ ထို့ထက်ပို၍ လူသန်းပေါင်းများစွာ ဒဏ်ရာရကြတယ်။ စိတ်ကူးနဲ့တောင် မဖော်ပြနိုင်တဲ့ အတိဒုက္ခတွေ ကြုံခဲ့ကြရတယ်။ ဂျပန်ချွေးတပ် (ကူလီ) ထဲမှာ သုံးနှစ်ကြာ အာဟာရချို့တဲ့စွာနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့ စာရေးသူရဲ့ မယ်တော်ဘက်က အဘိုးဟာ ဒုတိယကမ္ဘာစစ်အပြီး အိမ်ပြန်ရောက်လာကာ မကြာခင် သေဆုံးသွားပါတယ်။ စာရေးသူရဲ့ ခမည်းတော် (ဖခင်) ကတော့ အသက်ငယ်ရွယ်သေးလို့ ချွေးတပ်ထဲပါသွားပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြန်ရောက်ပြီး နောက်ထပ်လေးဆယ့်တစ်နှစ် ထပ်နေသွားရပါသေးတယ်။ သို့သော် အလုပ်ကြမ်း မလုပ်နိုင်တော့ပါ။ ဒါက ကိုယ်နှင့်နီးစပ်ရာ ကမ္ဘာစစ်၏ ဆိုးကျိုးအတွေ့အကြုံပါ။ လက်ရှိ … Read more

ပါချုပ်ဆရာတော်ကြီး၏ နှစ်ဦးကာလ ဓမ္မလက်ဆောင်

နှစ်ဦးကာလ ဓမ္မလက်ဆောင် နှစ်သစ်မှာ သောကအပူဟူသမျှကင်းစင်လွင့်ပျောက်၍ကိုယ်စိတ်နှစ်ပါးအေးချမ်း သာယာရှိကြပါစေ။ ကမ္ဘာလောကကြီးမှာ နေ့စဉ်နှင့်အမျှ လူတွေ သေဆုံးနေကြတယ်။ မိမိဆွေမျိုးသားချင်း မိမိချစ်ခင်တဲ့သူ မဟုတ်လို့ရှိရင် ဘယ်သူမှမငိုကြပါဘူး။ စိတ်ထဲမှာလည်း မတုန်လှုပ်ကြပါဘူး။ အေး ကိုယ်တွယ်တာတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုရင် ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ငိုကြရတယ်။ ဘာဖြစ်လို့တုံးဆိုရင် အဲဒါ တွယ်တာမှု။တွယ်တာမှုရှိတဲ့နေရာမှာ သောက လာတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။ လူတွေကတော့ သောကကင်းဝေးနေနိုင်ရေး ဆိုပြီးတော့ ပိုက်ဆံရှိရင် သောကကင်းလိမ့်မယ်၊ သားသမီးတွေရှိရင် သောကကင်းလိမ့်မယ်၊ အရာရာပြည့်စုံရင် သောကကင်းလိမ့်မယ်လို့ထင်တာ။ မဟုတ်ဘူး၊ ပိုက်ဆံရှိလေလေ သောကများလေလေ၊ သားသမီးများလေလေ သောကများလေလေ၊ အလုပ်တွေချဲ့လေလေ သောကများလေလေပဲ။ ဘာဖြစ်လို့တုံးဆို အတွယ်အတာတွေ များလာတာကိုး။ အတွယ်အတာတွေ များလေလေ သောကများလေလေ။ အဲဒီလိုသိတာဟာ ပညာလို့ခေါ်တယ်။ သောက ဘယ်ကစသလဲ၊ ချစ်ခင်မှုက … Read more