ဘွဲ့ဝတ်စုံ ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်း
ဘွဲ့ဝတ်စုံ သမိုင်း ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။ ထိုသို့ ပွဲတက်ဝတ်စုံ အခမ်းအနားဖြင့် စီစဉ်ကျင်းပခြင်းအား တက္ကသိုလ်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပညာတတ်များအဖြစ် သတ်မှတ်ခြင်း ခံကြရသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တစ်သားတည်း ဖြစ်သည်ဆိုသော သဘောကို ဖော်ကျူးရန်အလို့ငှာ တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။ ၁၃၂၁ ခုနှစ်က ကိုလံဘီယာ တက္ကသိုလ်သည် ဒေါက်တာဘွဲ့၊ သာမန်ဘွဲ့နှင့် လက်မှတ်များကို ဘွဲ့ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ယူမှသာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားခဲ့သည်။ ၁၄ ရာစုလယ် နှောင်းပိုင်းတွင် အချို့သော ကောလိပ်အဆင့် ကျောင်းများတွင် ဘွဲ့ယူအခမ်းအနား၌ ဝတ်ဆင်သော ဝတ်စုံကို … Read more
ရှေးဟောင်းခြင်္သေ့ရုပ်ပါးစပ်ထဲက မြက် နှင့် သူတို့ပြောသော အဆောင်ကောင်းဟူသည်
အဆောင်ကောင်းဆိုတာ ရှေးဟောင်းဘုရားတွေ ရောက်တဲ့အခါ ဘုရားကျောင်းဆောင်တွေရဲ့ အနားက ခြင်္သေ့ရုပ်ထုတွေကို သေချာကြည့်ကြပါ ပါးစပ်ထဲ မြတ်ပင် ပေါက်နေတာများတွေ့ခဲ့ရင် အမြန် နှုတ်ယူပါ အလွန်ကို အစွမ်းရှိပါတယ်နှုတ်မှာငုံပြီး စကားပြော ပြောသမျှအောင်ပါတယ် နောက်တစ်ခုက ဘယ်ညောင်ပင်ပဲဖြစ်စေ ညောင်ပင်ကြီးအောက် ညောင်ပင်အငယ်ပေါက်စလေး တွေ့တာနဲ့အချိန် မဆိုင်းပါနဲ့ ချက်ချင်းနှုတ်ယူပါ ဘုရားညောင်ရေအိုးရေနဲ့သွေးပြီး ကြည့်ရင် အမြင်ဓာတ်ရပါတယ် ပေါက်ပင်တစ်ပင်ရဲ့ အရှေ့ဘက်တည့်တည့် ကျီပေါင်းများတွေ့ပါက အမြန် ဖျတ်ယူပါ မိမိမွေးနေ့တိုင်း သွေးသောက်ပါ ပီယ အောင်ပါတယ် အိမ်မြှောင်အမြီး ၂ခွ ပီယ သိဒ္ဓိ အိမ်မြှောင်အမြီး ၂ခွ ရှိသောအိမ်ဟာ လဘ်လာဘ အလွန်ပွင့်ပါတယ် ဒါအပြင် အဆိပ်ရှိသတ္တဝါများလည်း မလာကြပါ ဖဲလည်းနိုင်ပါတယ် ပြစ်ချက်တခုက ကိုယ့်စိတ်ကို ထိန်းရခက်တာပါပဲ အဆောင်အနေနဲ့ဆောင်မယ်ဆိုပါက ပံ့သကူ အသေကို အခြောက်လှမ်း … Read more
ဘုရားလောင်းမျောက်မင်းဇတ်တော်ထဲက နတ်သရက် အကြောင်း
အဗ္ဗန္ဓရသရက်၊ နတ်သရက် ထိုင်းနိုင်ငံမှာ စီးပွားဖြစ် စိုက်ပျိုးရောင်းချလေ့ရှိပါတယ်။ သူရဲ့ ရနံ့အရမ်းမွှေးပြီး မြန်မာပြည် ရွှေတိဂုံဘုရား အဘဘိုးမင်ခေါင်ကျောင်းဆောင်နားတွင် နို့ရည်လောင်းပြီး စိုက်ပျိုးထားသည့် အဗ္ဗန္ဓရသရက်ပင် တပင်ရှိပါသတဲ့။ မွန်ပြည်နယ် မွန်ဘုန်းတော်ကြီးကျောင်းအများစုတွင် တွေ့ရှိနိုင်ပါသည်။ ဇာတ်တော်များထဲမှ ဘုရားလောင်းမျောက်မင်းဘ၀ အဗ္ဗန္ဓရသရက်သီးများ ရင်မှည့်ချိန်တန်တော့ မျောက်အပေါင်းပါတို့ကို အကုန်ခူးစေခဲ့ပါတယ်။ ဖြစ်ချင်တော့ မြစ်ကမ်းဖက်ထိုးထွက်နေတဲ့ သရက်ကိုင်းမှာ အဗ္ဗန္ဓရသရက်သီးတလုံးကျန်ရှိနေခဲ့ပါသတဲ့ ကျန်နေခဲ့တဲ့ ထိုသရက်သီးဟာ ရင့်မည့်ပြီး မြစ်ထဲမျှောပါ မုဆိုးကြီးတယောက်ကတွေ့တော့ ရနံ့အလွန်မွှေးကြိုင်လွန်းလှတာမို့ ပြည့်ရှင်မင်းကြီးကို ဆက်သ မင်းကြီးက မြစ်ကြောင်းတလျှောက်လိုက်ရှာရင်း အဗ္ဗန္ဓရ သရက်ပင်ကြီးတွေ့ ဘုရားလောင်းမျောက်မင်းက သူ့တပည့်တွေ လွတ်အောင် နွယ်ကြိုးကို ခါးမှာချည် တဖတ်ကမ်းကူးစေခဲ့ပေမယ့် နွယ်ကြိုးက မမှီ မမှီတဲ့ကြိုးနေရာမှာ မိမိကိုယ်နဲ့ ဝင်ဆက်ပေးနေတဲ့ အပေါင်းအပါမျောက်တွေကို တဖတ်ကမ်းအရောက်ပို့ဆောင်ပေးပြီး နောက်ဆုံးမှာ သေပွဲဝင်ခဲ့ရပါသတဲ့။ သုတဇုန် … Read more
မန္တလေးမြို့မှ ဆင်တံတား နှင့် မိကျောင်းတံတား တို့အကြောင်း
ဈေးချိုအနောက်နားက ဆင်နဲ့ မိကျောင်း မန္တလေး ဈေးချိုတော်ကြီး အနောက်နားတွင် ဆင်နှစ်ကောင် နှင့် မိကျောင်း နှစ်ကောင်ရှိတာ နှောင်းခေတ် မန္တလေးသားတွေ သတိမမူခဲ့ကြပေ။ တကယ်တော့ ထိုဆင်နှင့် မိကျောင်းကြီးတွေက မန္တလေးမြို့ မတည်ခင်ကတည်းက ရှိနေခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ သူတို့ သက်တမ်းက နှစ် ၁၇၀ကျော်ပြီပေါ့။ ဆင်တံတား ဆင်တံတားဟူသည် ဈေးချိုတော်ကြီး အနောက်ဘက် ၈၆လမ်း ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားသော ဆင်ရုပ်ကြီး နှစ်ကောင်ရှိရာ အုတ်တံတားကြီးဖြစ်သည်။ အဆိုပါအုတ်တံတားကြီးက အိမ်တော်ရာဘုရား အရှေ့မုခ်အထိ ရှည်လျားသည်။ အိမ်တော်ရာဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ ၁၂ဝ၉ ခုနှစ်တွင် ပုဂံမင်းက သူ၏အိမ်တော်နေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ တည်ဆောက်ခြင်း ဖြစ်ပြီး တံတားဒါယကာမှာ … Read more
ဆေးဖြန်းမည့် သူများအတွက် သတိပြုရန်
ဆေးဖြန်းသူများသတိပြုမိကြစေရန်ရည်ရွယ်ပါသည် အဖွဲ့အစည်းများကို ပုတ်ခတ်စော်ကားလိုစိတ်ဖြင့် တင်ပြလိုခြင်း မဟုတ်ပါ ဘေးအန္တရာယ်မှ သတိပြုကာကွယ်ရန် တင်ပြခြင်း ဖြစ်ပါသည် ဆေးဖြန်းသူများသတိပြုရန် ကားကြီးတွေနဲ့ အရပ်ထဲမှာ လေထဲကို တဟုန်းဟုန်း မှုတ်နေသူတွေသတိထားဖို့ ကလိုရင်းဖြန်းလျှင် သတိပြုဖွယ် တစ်ချို့နေရာမှာ ကလိုရင်းဖြန်းတယ်။ ကားတွေရော လူတွေရောလို့ ပြောသံကြားတယ်။ ပြီးရင် ထိပ်ကနေ hand gel နဲ့ လက်ဆေးခိုင်းတယ်။ ဝေ ပေးတယ် ဆိုကြတယ်။ မူးမေ့လဲတာတို့ လက်တွေ လောင်တာတို့် မဖြစ်ကြဘူးလား ? အနည်းဆုံး အဲသလို ဝေပေးနေတဲ့ လူတွေ လက်မှာ ဟိုနား ထုံတုံတုံ ဒီနားယားတားတား မဖြစ်ကြဘူးလားဗျ ? သတိထားပါ။ အကြီးကြီး သတိထားပါ။ကလိုရင်းနဲ့ ethanol ရောလို့မရပါ။ ရောရင် အဆိပ်ငွေ့ ထွက်ပါတယ်။ ကလိုရင်းလေးဖြန်းပြီး … Read more
ကားတစ်စီးကို အကြာကြီး မမောင်းဘဲ ရပ်ထားပြီဆိုလျှင် ဂရုစိုက်ထိန်းသိမ်းသင့်တဲ့ အချက်လေးများ
မိမိကားကို အကြာကြီး မမောင်းဘဲ ရပ်ထားရမယ်ဆိုရင် ဂရုစိုက်ထိန်းသိမ်းသင့်တဲ့ အချက် (၉) ချက် အမျိုးတွေ တစ်ချို့က ကားသိပ်မသုံးဖြစ်ဘဲ ဒီအတိုင်းရပ်ထားရတဲ့အချိန်တွေ များလာတာ ရှိပါလိမ့်မယ်။ အချိန်အကြာကြီးရပ်ထားပြီး ကားကို ပြန်လည်အသုံးပြုတဲ့အခါ အဆင်မပြေတာလေးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးရင် အကောင်းဆုံးဖြစ်ပါတယ်။ ၁။ ကားအင်ဂျင်ဝိုင်တွေကို လဲထားပါ။ အင်ဂျင်ဝိုင် လဲမထားတာ ကီလို 3,000 – 4,000 ကြာနေပြီဆိုလျှင် အင်ဂျင်ဝိုင် သက်တမ်းမကုန်သေးတာဖြစ်နိုင်ပေမယ့် ကားကိုအကြာကြီး ထိုးမထားခင်လဲထားသင့်ပါတယ်။ ညစ်ပေနေတဲ့အင်ဂျင်ဝိုင်ထဲမှာ အညစ်အကြေးတွေဟာ စက်မနှိုးဘဲအချိန်ကြာလာလျှင် ပျစ်ခဲလာတတ်ပါတယ်။ ဒါ့ကြောင့် ကားကိုအသုံးမပြုဘဲ အချိန်အကြာကြီး ထိုးထားမယ်ဆိုလျှင် အင်ဂျင်ဝိုင်အသစ်လဲပြီးမှ ထိုးထားတာက များစွာပိုကောင်းပါတယ်။ ထို့အတူပဲ ဂီယာဝိုင် နဲ့ ကရောင်းဝိုင်တွေ မလဲတာကြာနေပြီဆိုလျှင်လည်း လဲထားပြီးမှ ထိုးထားသင့်ပါတယ်။ … Read more
ဗန်းမော်မြေနုဈေးမှ ထူးခြားတဲ့ ပန့်သကူ
ထုံးဖြူး တာဟာ ရောဂါကာကွယ်ရေးအတွက် ထိရောက်မှုရှိပါသလား
မြေကြီးပေါ် ထုံးဖြူး ထုံးမှုန့်ဖြန့်ဖို့ လို၏ မလို၏”ခဏခဏ မေးကြလို့ဖြေထားတဲ့စာ” ဒီပို့စ်ကို ဒေါက်တာခင်ခင်ကြီးကလည်း ရှယ်ထားတာမို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရပ်ရွာတော်တော်များများ ထုံးတွေဖြူးနေကြတာကို မနေ့ကစပြီး ကြားရ တွေ့‌နေရတာပါ။ မြေကြီးပေါ်ထုံးဖြူးတာတွေ လူတကိုယ်လုံး ပိုးသတ်ဆေးဖြန်းနေတာတွေဟာ ပညာအသိနဲ့သတိချပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့တစ်တွေ နေ့စဉ်သောက်နေရတဲ့ ရေကိုတောင်မှ ထုံးဓာတ်မပါအောင် အဆင့်ဆင့် စစ်ပြီး သန့်ပြီးသားကို သောက်နေကြတာပါ။ လူနေအိမ်ရှေ့ လမ်းတွေပေါ် ထုံးရည်ပဲဖြန်းဖြန်း၊ ထူံမှုန့်ပဲ ဖြူးဖြူး နေအပူ လေအဝေ့မှာ ထုံးမှုန့်တွေ နီးစပ်ရာ လေထုထဲ ပြန့်နှံ့ကုန်မယ်။ လူတွေ အသက်ရှုနေရတဲ့ လေထုထဲမှာထုံးမှုန်တွေ ပါလာမယ်။ ဆိုးကျိုးသာရမှာပါ။ အောက်ကစာကတော့ ဒေါက်တာခင်ခင်ကြီး ရှယ်ထားတဲ့စာပါ။ ကိုမြင့်နိုင်ကြီးလို့ သူရေးထားတာက စာကိုပေါ့စေလို့ကိုဗစ်နိုင်တီး Covid-19 လို့ ပြန်ပြင်ထားပါတယ်။ မြေကြီးကိုဘာမှဖြန်းစရာမလိုပါဘူး။“မြေကြီးပေါ်ရောက်သွားတဲ့COVID-19 virus ကနှာခေါင်းထဲ … Read more
ကျန်းမာရေးနှင့် ညီအောင် ဖုန်းအသုံးပြုနည်း
“ဖုန်း အသုံးပြု သတိပြုရန်နဲ့ ကာကွယ်နိုင်သောနည်းများ” ” အင်တာနက်သုံးခြင်းအတွက် အမြင်အာရုံကောင်းစေရန် ” မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဘယ်ဖက်နားကို အသုံးပြုပါ ။ ညာဖက်နားနဲ့ နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက်ရှိသော ရေဒီယိုလိုင်း( Mobile radiation ) ဦးနှောက်ကို ပို၍ ပျက်စီးစေကြောင်း သိရသည်။ များသောအားဖြင့် ညာသန်သူများအတွက် ညာဖက်ကို ပိုမို အသုံးပြုသည့် ကို ဆင်ခြင်ပါ ။ ည မှာ ဖုန်း Screen ( အီလက်ထရွန်းနစ်ပစ္စည်း )မှ တဆင့် စာဖတ်ခြင်းကအိပ်ပျော်စေဖို့ အခက်အခဲဖြစ်စေပါတယ်။အိပ်မောကျစေဖို့ ခက်ခဲစေပါတယ်။ Screen ရဲ့အလင်းရောင်ကြောင့် အသားအရောင်ပြောင်းလဲစေတဲ့ ဟော်မုန်းပမာဏ ထိခိုက်စေပါတယ်။ ညမအိပ်ခင် Screen ဖြင့် စာဖတ်ခြင်းကို ရှောင်ပါ။ အသက်ရူလေ့ကျင့်ခဏ်း … Read more
မန္တလေးမြို့နယ်အတွင်းရှိ စားရေး ၊သောက်ရေးအတွက်အခက်အခဲတစ်ကယ်ရှိခဲ့မယ်ဆိုရင် ဖုန်းဆက်ပါ