ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးများကို တာဝန်မှရပ်စဲ
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို တာဝန်ကနေ ရပ်စဲလိုက်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အာဏာသိမ်း တိုင်းစီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၁၄ အပိုဒ်ခွဲ (က) အရ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲလိုက်တာလို့ ပြောပါတယ်။ လက်ရှိမှာ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေမှာ ဌာနပေါင်းစုံ ဝန်ထမ်းတွေ ပူးပေါင်းပါဝင်နေပါတယ်။ ကျန်းမာရေး၊ ထွေအုပ်၊ ပညာရေး၊ ပုဂ္ဂိကဘဏ် စတဲ့ ဌာနဆိုင်ရာဝန်ထမ်း ရ၀ ကျော်ရာခိုင်နှုန်း စစ်အာဏာရှင်ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။ DVB Zawgyi ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို … Read more