အုပ်စုဖွဲ့ ရေပက်က အရေးယူခံရနိင်
ယခုနှစ် သင်္ကြင်္န်ကာလ ရေပက်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည် မုံရွာ၊ ဧပြီ ၁၂ ယခုနှစ် သင်္ကြန်ကာလအတွင်း ရေပက်ကစားသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ ကိုဗ်စ် ၁၉ ကာကွယ်ထိန်းချုပ်ကာလတွင်း ကျရောက်နေသော ယခုနှစ် အတာသင်္ကြန်တ်ွင် အုန်းလက်မဏ္ဍပ်ထိုး၍ရေပက်ခြင်း၊ ရပ်ကွက်တွင်း အပျော်ရေပက်ကစားခြင်းနှင့် အရက်သေစာ သောက်စားမူးယစ်ကာ ချမှတ်ထားသည့် စည်းကမ်းများ မလိုက်နာပါက ကိုဗစ် ၁၉ ကာလ အရေးပေါ်ထုတ်ပြန်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၃၀(က)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်းက ပြောသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူ ဥပဒေ ၃၀(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်သော်လည်းကောင်း ဒဏ်ငွေသော်လည်းကောင်း … Read more