ငါးသံပုရာပေါင်းလေး လုပ်စားမယ်
သရေကျစေမည့် ငါးသံပုရာပေါင်း လုပ်နည်း ငါးသံပုရာပေါင်းကို အမျိုးမျိုးလုပ်စားတဲ့နည်းထဲကမှ ဒါကနည်းတမျိုးပါ။ လုပ်နည်းကတော့ လွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ အခြားနည်းေ တွနဲ့လဲ အ၇မ်းတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။ ပါဝင်သောပစ္စည်းများ ၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး ၁ကောင် ၂။ ကြက်သွန်ဖြူ ၃ မွှာ ၃။ ငရုတ်သီးစိမ်း ၃ တောင့် ၄။ ကြက်သွန်မြိတ် ၂ ပင် ၅။ နံနံပင် ၅ ပင် ၆။ ဂျင်း လက်တဆစ် ၇။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ ၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ ၀ကျ ၉။ … Read more
မချိုမချဉ်အရသာလေးနဲ့ သရက်သီး အုန့်နို့ကျောက်ကျော လေးလုပ်စားမယ်
မချိုမချဉ်အရသာလေးနဲ့ သရက်သီး အုန့်နို့ကျောက်ကျော သရက်သီးတွေ ပေါနေတဲ့အချိန်ဆိုတော့ မမလေးရဲ့ သရက်သီး အုန်းနို့ကျောက်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ထမင်းစားပြီး အချိုတည်တာပဲဖစ်ဖြစ် ၊ နေ့လည်ဖက် အဆာပြေစားတာ ဖြစ်ဖြစ်လုပ်ပြီး စားကြည့်ကြရအောင်နော်။ ပါဝင်ပစ္စည်းများ သရက်သီးမှည့် – ၄ လုံး သကြား – ၅၀ သား ကျောက်ကျော – ၅၀ဂရမ် (၁ထုပ်) အုန်းနို့ဗူးကြီး – ၂ ဗူး ဆား – အနည်းငယ် ရေ – ၁ လီတာခန့်် ပြုလုပ်နည်း သရက်သီးကို အခွံခွာ၍ အနေတော်ပိုင်းဖြတ်ကာ ရေ 200mlခန့်ထည့်၍ သစ်သီးကြိတ်စက်ဖြင့် ကြေညှက်အောင်ကြိတ်ကာ ကျာက်ကျောမှုန့်တစ်ဝက်ခန့်နဲ့ သကြား၂၅ကျပ်သား အုန်းနို့၁ဗူး ဆားအနည်းငယ်ရောထည့်ကာ မီးဖိုပေါ် မီနစ်၂၀ခန့်ကျိုပါ ။ … Read more
ထန်းသီးချက် ၊ ထန်းသီးကြော် ကြော်နည်း
ထန်းသီးချက် အညာစာစစ်စစ်လေးပေါ့။ထန်းသီးချက်ရာမှာထန်းသီးကို မနုလွန်းမရင့်လွန်းတာကို ရွေးရပါတယ်တဲ့။ တစ်ချိုကတော့ ဒီရက်ပိုင်း ထန်းသီးဆံကို အမျိုးမျိုးချက်ဖြစ်ပါတယ်။ ဝန်ထမ်းကလေးတွေက ကြိုက်တာမို့ ရာသီစာလေးကို အမျိုးမျိုးချက်ကျွေးဖြစ်တယ်။ မန်ကျည်းရွက်ထန်းသီးဆံချက် ထန်းသီးဆံနုနုလေးတွေကို အရင်ဆုံးအဆံထုတ်ထားပါနော်။ အရင်ဆုံး ကြက်သွန်နီ/ဖြူ ဆီသတ်။ ငပိလေး ပါတယ်ဆိုရုံ မဆိုသလောက်လေးထည့် ။ပြီး ထန်းသီးထည့်။ အရသာထည့်။ မန်ကျည်းရွက်ထည့်။ အချဉ်ဘက်ကဲအောင် မန်ကျည်းရွက်များများထည့်ပါတယ်။ ငရုတ်သီးကြမ်းဖတ်လေး နည်းနည်းထည့်သလို အစပ်စားချင်တာကြောင့် ငရုတ်သီးစိမ်းကိုလည်း လေးစိတ်ကွဲထောင်းပြီး ထည့်ပါတယ်။ ထန်းသီးအစိမ်းနံ့ပျောက်ပြီး ဆီပြန်လာပြီ အိစက်နေပြီဆိုရင်တော့ ချလို့ရပါပြီ။ တချို့ကျ မဆလာလေးအုပ်သတဲ့။ ထမင်းနဲ့စားတာထက် ဒီအတိုင်း ထိုင်စားရတာပိုကြိုက်တယ်။ ကလေးတွေကတော့ ကြိုက်ကြသလား မမေးနဲ့။ ချဉ်ပေါင်ရွက်ထန်းသီးချက် မန်ကျည်းရွက်နဲ့ထန်းသီးဆံချက်သလိုပါပဲ။အဲ့နေ့ကမန်ကျည်းရွက်ကုန်နေလို့ မန်ကျည်းရွက်အစား ချဉ်ပေါင်ရွက်သုံးလိုက်တာပ။ ချကာနီးကျ ပျဉ်းတော်သိမ်ရွက်ကလေးအုပ်လိုက်တာပေါ့။ တစ်ချို့ကတော့ ချဉ်ပေါင်ရွက်နဲ့ချက်တာကို ပိုကြိုက်ပါတယ်။ နောက်တမျိုးက … Read more
ပုဇွန်ချဉ်အိမ်မှာ ပြုလုပ်နည်း
အိမ်လုပ် ပုဇွန်ချဉ်ပြုလုပ်နည်းသိလိုသော အိမ်ရှင်မတို့အတွက် ပုစွန်ချဉ်ပြီကွယ်။ လုပ်နည်းက ၁။ ပုစွန်ကို ခေါင်းဖြုတ် ရေဆေး ရေစစ်ထား ၂။ ပုစွန်၂ပိသာဆို ဆန်ကြမ်း ၄ဘူး ကို မပျော့မမာလေး ချက်မယ်။ မပျော့မမာဆိုတာ ထမင်းလောက်လဲမပျော့တဲ့အနေလေးပေါ့ ။ ၃။ထမင်းရေငှဲ့ပြီးတာနဲ့ ပုစွန် ရေစစ်ထားတာနဲ့ ထမင်းနဲ့ရောမယ်။ ၄။ ဆားက ၅ ကျပ်သားထည့်မယ် သမအောင်နယ်မယ်အကုန်လုံးကို။ ၅။ ဇကာ တစ်ခုထဲ နယ်ထားတာတွေ ပြန်ထည့်ပြီး ရေစစ်ရမယ်။ ၆။ ရေစစ်တဲ့အချိန်မှာ ယင်လုံအောင် အကာအကွယ် လုပ်ထားရမယ်။ ၇။ ၂နာရီလောက်ရေစစ်ပြီးရင် ဘူးအသန့် ဘာမှ မထည့်ဖူးတဲ့ အသစ် တစ်ခု ထဲကို အကုန် သိပ်ထည့် ပြည့်လုပြည့်ခင်ရောက်ရင် အပေါ်က ငှက်ပျောဖတ် နဲ့ဖိ ပြီး … Read more
ကြက်ဆီထမင်းချက်စားမယ်
ကြက်ဆီထမင်းချက်နည်း ဒီနေ့ မာမီ ချက်ပြပေးသွါးမှာကတေါ့ ယိုးဒယါးကြက်ဆီထမင်း ပဲဖြစ်ပါတယ် ။ ကြက်ဆီထမင်းကို ၄ယောက်စာအတွက် ချက်ပြုတ်နည်းလေးကို ပြန်လည်မျှဝေပေးပါတယ်နော်.. လိုအပ်သောပစ္စည်းများ ထမင်း ဆန်ချိန်ခွက် ၃ခွက်၊ ကြက်ပေါင်ခြမ်း ၃ခြမ်း (အဆီများများ) ၊ကြက်ရိုး ၃၀ကျပ်သား ၊ ကြက်သွန်ဖြူ ၃ဥ (၁၅မွှာ)ချင်း အနည်းငယ် ၊ ဆား အနည်းငယ် ၊နာနတ်ပွင့် ၁ပွင့် ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ဇွန်း ၊ ငရုတ်ကောင်းမှုန့်  အနည်းငယ် ၊သကြား ထမင်းစားဇွန်း ၁ဇွန်း ၊ပျားရည် ဇွန်းသေး ၁ဇွန်း မုန်လာဥအနေတော် ၁ဥ ငရုတ်သီးအနီတောင့် ၅တောင့် ၊သံပုရာရည် ထမင်းစားဇွန်း ၁ဇွန်း (သို့ ) ရှာလကာရည် ဇွန်းသေး ၁ဇွန်း … Read more
စိန်တစ်လုံးကျောက်ကျောမုန့် လုပ်မယ်
စိန်တစ်လုံးကျောက်ကျော လုပ်နည်းပါ ကျောက်ကျော 25gကိုရေနို့ဆီဘူး ၆ဘူးပါ အောက်ခံအလွှာအတွက် ကျောက်ကျော25g အတွက်နို့စိမ်း၂ဘူးနဲ့ရေပေါင်းပြီးရေ၆ဘူး သကြား ၂၀သားခန့် ဆား အားလုံးထည့်မွှေပြီးအရသာမြည်းပါ။ အချိုလိုလျှင်သကြားထည့်ပါ ။မီးဖိုပေါ်တင်ပြီးဆက်တိုက်မွှေပါ ဆူပွက်လာလျှင်အောက်ခံကိုလောင်းပါ ။အအေးခံပါ။ အပေါ်သရက်သီးအတွက် သရက်သီးအရည်ရအောင်ကြိတ်ပါ သရက်ရည်အပါအဝင်ရေ၆ဘူး ။ဆား ၊ကျောက်ကျော25g ထည့်မွှေပါ ၊အချိုကိုလိုမှသကြားထည့်ပါ သဘာဝအချိုရှိလို့ပါ ။ဆူပွက်လားပြီး သံပုရာသီးတစ်ခြမ်းညှစ်ပါ။ နို့စိမ်းအလွှာကအပေါ်ယံခဲပါက သရက်သီးကိုဇွန်းဖြင့်ဖြေးဖြေးလောင်းပါ သွန်လိုက်ပါနို့နဲ့ရောသွားတတ်လို့ပါ အေးခဲလာပါကလှီးလို့ရပါပြီ သရက်သီး၁၀လုံးခန့်သုံးပါ။ ခရစ်ဒစ် Unicode စိိန်တစ်လုံးကျောက်ကျော လုပ်နည်းပါ ကျောက်ကျော 25gကိုရေနို့ဆီဘူး ၆ဘူးပါ အောက်ခံအလွှာအတွက်် ကျောက်ကျော25g အတွက်နို့စိမ်း၂ဘူးနဲ့ရေပေါင်းပြီးရေ၆ဘူး သကြား ၂၀သားခန့် ဆား အားလုံးထည့်မွှေပြီးအရသာမြည်းပါ။ အချိုလိုလျှင်သကြားထည့််ပါ ။မီးဖိုပေါ်တင်ပြီးဆက်တိုက်မွှေပါ ဆူပွွက်လာလျှင်အောက်ခံကိုလောင်းပါ ။အအေးခံပါ။ အပေါ်သရက်သီးအတွက်် သရက်သီးအရည်ရအောင်ကြိတ်ပါ သရက်ရည်အပါအဝင်ရေ၆ဘူး ။ဆား ၊ကျောက်ကျော25g ထည့်မွှေပါ … Read more
ထမင်းပေါင်းအိုး နှင့် ကိတ်မုန့်လုပ်မယ်
အိမ်တွင်းဖြစ်ထမင်းပေါင်းအိုးကိတ်မုန့် ပါဝင်ပစ္စည်း ၁.ဂျုံ=ဆန်ချိန်ခွက်တစ်ခွက် ၂.သကြား=ဆန်ချိန်ခွက်တစ်ဝက် ၃.နွားနို့= ဆန်ချိန်ခွက်တစ်ဝက် ၄.ဆီ=ဆန်ချိန်ခွက်၃ပုံတစ်ပုံ ၅.ရှာလကာရည်=၃စက် ၆.ကြက်ဥ=၅လုံး ပြုလုပ်ပုံအဆင့်ဆင့် ၁.ဇလုံသန့်သန့်၂လုံးအဆင့်သင့်လုပ်ထားပါ၊ကြက်ဥ၅လုံးကို အကာအနှစ်ခွဲပြီးဇလုံတစ်ခုချင်းစီထည့်ထားပါ။ ၂.ကြက်ဥအနှစ်ဇလုံ ထဲကို ဂျုံ၊ဆီ၊နွားနို့ ရောထည့်ပြီး ဂျုံလုံးလေးတွေမရှိအောင်နှယ်ထားပါ။ ၃.cream ရိုက်စက်မရှိတဲ့သူတွေအတွက် ကြက်ဥအကာဇလုံထဲကိုရှာလကာရည် ထည်ပြီးခေါက်ပါ(သကြားကို၃ပုံခွဲထားပါ)၊အမြုပ်ထွက်လာရင် သကြားကိုတစ်ပုံထည့်ပါ၊ အဆက်မပျက်ခေါက်ပေးရပါမည်၊အမြုပ်လေးတွေသေးပြီးဖြူဖြူလေးတွေဖြစ်ရင်သကြားနောက်တစ်ပုံထည့်ပါ၊အမြုပ်လေးတွေပျောက်ပြီးဖြူဝင်းလာပြီဆိုရင်သကြားနောက်ဆုံးတစ်ပုံထည့်ပြီးဆက်ခေါက်ပါ၊ cream ရသည့်ထိခေါက်ပါ။ Cream ဖြစ်မဖြစ်ကိုဝါးတူတစ်ချောင်းကိုအလယ်မှာစိုက်ကြည့်ပါ လဲမကျရင်cream ရပါပြီ။Cream ရိုက်စက်ရှိရင်လဲ အပေါ်ကအချိုးအတိုင်းပြုလုပ်ရပါတယ်။ creamရိုက်တာ၁၀မိနစ်ကြာပါတယ် ၄. ရိုက်ထားတဲ့ cream ကို ဂျုံနှယ်ထားတဲ့ဇလုံထဲကို ၃ခါခွဲပြီး ရောနှယ်ပေးပါ (နှယ်တဲ့နေရာမှာ ဇွန်းဖြင့်အပေါ်အောက်ဖြေးဖြေးနှယ်ပါ၊ လုံးဝမမွှေမိပါစေနဲ့နော် ) ၅. ထမင်းပေါင်းအိုးအောက်ခြေကို ဆီသုပ်ထားပါ နှယ်ထားတဲ့အနှစ်ကို အပေါ်ကနေ ထမင်းပေါင်းအိုးထဲ့ကိုလောင်းချလိုက်ပါ ၊ပြီးရင် အိုးကို ၅/၆ချက်လောက် မှပြီးချလိုက်ပါ လေခိုလေးတွေမရှိအောင်ပါ။ ၆. … Read more
ကြက်ဥ အပ်မှိုကြော်လေး ကြော်စားမယ်
ကြွပ်ကြွပ်ရွရွအရသာရှိလှတဲ့ မေမေ့လက်ရာ အပ်မှိုကြော် MI ပရိသတ်ကြီးတို့ရေ။ အပ်မှိုဆိုတာ များသောအားဖြင့် မာလာဟင်း နှင့် ဟော့ပေါ့ပ်များမှာ ထည့်စားတာများကြပါတယ်။ အပ်မှိုကို ကြွပ်ကြွပ်ကလေး ကြော်စားလို့ရတယ်ဆိုတာ သိတဲ့သူနည်းကြပါသေးတယ်။ ဒီအပ်မှိုအကြွပ်ကြော်လေးအိမ်မှာကြော်ကျွေးလို့ကတော့ အရသာရှိလွန်းလို့ ၃မိနစ်အတွင်း ပန်းကန်ပါ ပြောင်သွားမယ်ဆိုတာ အာမခံလောက်အောင် အရသာရှိပါတယ်။ သင်္ကြန်ပိတ်ရက်မှာ ဘယ်မှမသွားပဲ အိမ်မှာနေပြီးချက်စားမယ်ဆိုရင်လည်း အဆင်ပြေလှပါတယ်။ကဲ..ဘယ်လိုကြော်မလဲကြည့်လိုက်ရအောင်။ လိုအပ်သောပစ္စည်း- အကြော်အတွက် – အပ်မှို၊ ကြက်ဥ နှင့် အကြော်ခံမှုန့်။အရသာအတွက် – ဇီယာစေ့မှုန့်၊ ငရုတ်သီးမှုန့်၊ဆား သုံးမျိုးရောကာ အမှုန့်ဖြူးသောဗူးထဲထည့်ထားပါ။ထိုနောက် ကြက်သွန်မြိတ်အနည်းငယ် ပါးပါးလှီးပေးထားပါ။ ပြုလုပ်နည်း ၁။ ကြက်ဥတစ်လုံးကိုခွဲပြီး အနှစ်ရောအကာပါ ရောခလောက်ထားပါ။ ၂။ အပ်မှိုကို ကြက်ဥခလောက်ထားသောရေဖြင့် ဟိုဘက်ဒီဘက်နံ့အောင် ဆွတ်ပေးလိုက်ပါ။ ၃။ ပြီးနောက် အကြော်ခံမှုန့်ဖြင့်ကပ်ပေးလိုက်ပါ။ ၄။ ထို့နောက် … Read more
လက်ဖက်နှပ်နည်း
အလွယ်ကူဆုံးလက်ဖက်နှပ်နည်း​ လက်​ဖက်​ကို ​ရေမ​ဆေးခင်​ အရင်​ဆုံး လက်​ဖက်​ရိုးတံ ၊အရွက်​ကြမ်း၊​လေး​တွေ ​ရွေးဖယ်​ပစ်​ပါ။ ပြီးရင်​ ​ရေ ၂ ခါ ၃ခါ​လောက်​ သဲမပါ​အောင်​ ​ဆေးပြီး လက်​ဖက်​ကို​ရေစင်​​အောင်​ ညှစ်​​ပေးပါ။ ရေညှစ်​ပြီးသား လက်​ဖက်​ကို နဲနဲဖွပြီး ဆား ၊အချိုမှုန့်​နဲ့ လက်​ဖက်​အသားထဲအရသာဝင်​​အောင်​ ဆုပ်​ညှပ်​ပြီးနယ်​​ပေးပါ။ ( ဆားအချိုမှုန့်​နဲ့နယ်​တဲ့အချိန်​မှာ ဆီလုံးဝ မထည့်​ပါဘူး​နော်​။ အရသာ ငံသွားရင်​ ​ရေနဲ့အလွယ်​တကူ ပြန်​​ဆေးပြီး အရသာ ပြန်​ပြင်​လို့ရ​အောင်​လို့ပါ။) နယ်​ပြီးသား လက်​ဖက်​ကို အရသာ အ​ချိ အငံ မြည်းကြည့်​ပါ။ အဆင်​​ပြေပြီဆိုရင်​ ပါးပါးလှီးထားတဲ့ ကြက်​သွန်​ဖြူနဲ့ ငရုပ်​သီိးစိမ်းကို လက်​ဖက်​ထဲထည့်​ ဆီ အနည်းငယ်​ထည့်​ပြီးနယ်​ပါရှင်​။ အချဉ်​ကြိုက်​ရင်​​တော့ သံပုရာသီး​လေး နည်းနည်းညှစ်​ထည့်​ပါရှင်​။သံပုရာသီးထည့်​နယ်​​တော့ အနံ့​လေးလဲ ပို​မွှေးတာ​ပေါ့ ပြီးရင်​ ဗူးအလွတ်​ထဲထည့်​ ဆီကို လက်​ဖက်​မြုပ်​သွား​အောင်​ … Read more
ရဲယိုရွက်ငါးဖယ်ထုပ်လုပ်နည်း