၀က်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေ တစ်ပတ်အတွင်းပျောက်ကင်းရအောင် ..
၀က်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေ တစ်ပတ်အတွင်းပျောက်ကင်းအောင် (၁)မျက်နှာသစ်ပါ ၀က်ခြံဖြစ်တဲ့ အသားအရေဟာ အဆီပြန်တဲ့အသားအရေဖြစ်တတ်ပါတယ်။ဒါကြောင့် မနက်(အိပ်ရာထ မဟုတ်ပါ)ကျောင်းမသွားခင်၊ရုံးမသွားခင် မျက်နှာသစ်ပေးပါ။ညအိပ်ရာ ၀င်ခါနီးတစ်ကြိမ် မျက်နှာသစ်ပေးပါ။ (၂)အာလူးသုံးပါ အာလူးကို အကွင်းလေးတွေလှီးပါ။သို့မဟုတ် ချေလိုက်ပါ။ပြီးရင် အမာရွတ်တွေကို အုပ်ထားပါ။မိနစ် ၃၀ လောက်ကြာရင် ခွာပြီးမျက်နှာသစ်ပါ။တစ်ပတ်နှစ်ကြိမ်လောက်ပြုလုပ်ပေးရင် ၀က်ခြံအမာရွတ်မှ မဟုတ်ပဲ အခြားအမာရွတ်တွေပ် သက်သာပျောက်ကင်းစေပါတယ်။ (၃)ဗီတာမင် စီ မှီဝဲပါ။ အရှင်းဆုံးနည်းလမ်းကတော့ သံပရာသီးတစ်နေ့တစ်လုံးကို ဒီတိုင်းပဲစားစား၊ဖျော်ရည်ပဲလုပ်သောက်သောက် တစ်နေ့တစ်လုံးသောက်ပေးရပါမယ်။ အလုပ်များတယ်ဆိုရင်တော့ ဗိုက်တာမင်စီ ဆေးပြားလေးတွေ တစ်နေ့နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ဗိုက်တာမင် စီဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး အစက်အပြောက်လေးတွေကို သေးငယ်စေပါတယ်။ (၄)moisturizer အသုံးပြုပါ။ အမာရွတ်တွေကို ပြန်လည်အစားထိုးဖို့ ဆဲလ်တွေက ရေဓါတ်ကို လိုအပ်ပါတယ်။ဒါကြောင့် moisturizer ကိုအသုံးပြုပါ။အများကြီး အသုံးမပြုပါနှင့်။အချို့ moisturizer တွေက အဆီပြန်တတ်လို့ပါ။ … Read more
ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ cream လုပ်နည်း
သင်သိပါသလား? ဆန်ပြုတ်ဆိုတာ စားဖို့ပဲမဟုတ်ဘူး စကွင်းကဲလို့လည်း ရတယ်ဆိုတာ… ဒီတစ်ပါတ်ရဲ့ topic ကတော့ “ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ cream လုပ်နည်း”ပါရှင့်… စိတ်ဝင်စားစရာ အိမ်တွင်းနည်းလမ်းလေးမို့ Irene ကိုယ်တိုင်လည်း လုပ်ကြည့်ရင်း အဆင်ပြေတာကြောင့် အခုလို ပြန်လည် sharing လုပ်ပေးရခြင်းဖြစ်ပါတယ် ဆန်ကတော့ အားလုံးသိတဲ့အတိုင်း အသားအရေအတွက် အင်မတန်အာနိသင်ရှိတဲ့ သဘာဝထွက်ကုန်တစ်ခုပါပဲ… ! အဓိကအားဖြင့်… မျက်နှာတင်းရင်းစေခြင်း၊ နုပျိုစေခြင်း၊ အရေးအကြောင်းများ ပျောက်ကင်းစေခြင်း၊ အသားအရေကို ပြန်လည်ကျန်းမာစေခြင်း၊ အရေဓာတ်ဖြည့်ပေးခြင်း၊ နေလောင်အကွက်များ၊ အမဲစက်များ ကို ပျောက်ကင်းစေနိုင်ခြင်း စသည့် ဂုဏ်သတ္တိများစွာ ပါဝင်ပါတယ် ပြုလုပ်ပုံလေးကို ကြည့်လိုက်ရအောင်နော် ဆန် လက်တစ်ဆုပ်စာကို ရေဖြင့် ၁ နာရီခန့်စိမ်ထားပါ (ဘက်တီးရီးယားနှင့် ဖုန်မှုန့်များ ထွက်သွားစေရန် … Read more
မျက်နှာပေါ်မှာ ငါးမျက်စိ အဖုလေးတွေရှိနေရင်
ငါးမျက်စိ ဖုလေးတွေ မျက်နှာပေါ်မှာ ဖြစ်နေသော သူများ အားလုံး အတွက် ကိုယ်တိုင် လိမ်းပြီးပျောက်ကင်း သွားတဲ့ ဆေးနည်းကို ဖော်ပြပေးလိုက်ပါတယ် ဘုတလက်စေ့ ကို သွေးပြီးလိမ်းပါ မြန်မြန်ပျောက်ချင်ရင် ဆန်ဆေးရည် (သိုမဟုတ်) သံပုရာရည် နှင့် သွေးလိမ်းပါ ” ညလိမ်းအိပ်ပီးနောက်တနေ့ နံနတ်မှ မျက်နှာသစ်ပါ တစ်နေကုန်မျက်နှာပေါ်မှာကိုယ်လိမ်းနေကြ များလိမ်းနိုင်ပါတယ် မတည့်တာမျိုးမဖြစ်ပါ။ ငါးမျက်စိ ဖြစ်တာ မကြာသေးသူ မှာ အဖုလေးများကို လေး ငါးရက်လောက်လိမ်းပေးရင် အဖုလေးများ ဆက် မထွက်တော့ဘဲ ထွက်ပီးသာ အ ဖုလေးများမှာလည်း အမြစ်မှကျွတ်ထွက်သွားပါမည် ငါးမျက်စိ ဖြစ်တာ နှစ်ချီပြီးကြာသူများ အတွက်ကတော့ တစ်လ နှစ်လလောက် လိမ်းပေးပါ သက်သာပျောက်ကင်းသွားပါမည် ။ ဆေးလိမ်းနေသည့်ရက်များမှာ လိမ်းထားသည့်နေရာမှယား နေလျှင် မကြောက်ပါနှင့် … Read more
သွားတိုက်ဆေးကို အသုံးပြုပြီး ထိထိရောက်ရောက် Skin Care နိုင်တဲ့နည်းလမ်း
သွားတိုက်ဆေးကိုတော့ သွားတိုက်ဖို့အတွက် သုံးဖူးကြပါတယ်။ လူတိုင်းရဲ့အိမ်မှာလည်း ရှိပါတယ်။ သွားတိုက်ဆေးက ဝက်ခြံ၊ အမဲစက်နဲ့ ဆားဝက်ခြံတွေအတွက်တော့ အလွန်အသုံးဝင်ပါတယ်။ ကဲ … ဘယ်လိုသုံးရမယ်ဆိုတာကိုတော့ အောက်မှာပဲဆက်ကြည့်လိုက်ကြရအောင်ပါ။ ၁။ ဝက်ခြံ ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ သွားတိုက်ဆေးကိုဆတူရောပြီး ဝက်ခြံပေါက်တဲ့နေရာပေါ်မှာ (၃) မိနစ်လောက်အုံထားပေးပါ။ တစ်နေ့ (၂) ကြိမ်ကနေ (၃) ကြိမ်အထိ ပြုလုပ်လို့ရပါတယ်။ ၂။ ဆားဝက်ခြံ ဆားဝက်ခြံအတွက်ဆိုရင်တော့ သွားတိုက်ဆေး (၂) ပုံ (၁) ပုံနဲ့ ဆား (၄) ပုံ (၁) ပုံကို ရေလေးတစ်စက်၊ နှစ်စက်လောက်ထည့်ရောပြီး ဆားဝက်ခြံရှိတဲ့နေရာတွေမှာ (၂-၃) မိနစ်လောက် ပွတ်ပေးပါ။ မပွက်ခင် အဲဒီဆားဝက်ခြံရှိတဲ့နေရာကို ရေနွေးငွေ့လေးနဲ့ (၅) မိနစ်လောက် အရင်ပေါင်းထားပေးပါ။ အားလုံးပြီးသွားရင်တော့ ရေဆေးချလို့ ရပါပြီ။ … Read more
ဝက်ခြံပျောက်စေသည့် အိမ်တွင်းနည်းလေးများ
ဝက်ခြံပျော က်နည်း နည်းလမ်းတွေအများကြီး ကြားဖူးပေမယ့် ဒီနည်းလမ်းတွေက တကယ်ပျောက်ပါတယ် ဝက်ခြံနဲ့ အမဲစက်တွေအတွက် အိမ်မှာတင် ဆေးဖော်ပြီး အန္တရာယ် ကင်းကင်းကုလို့ရမယ့် ဆေးနည်း ၅မျိုး ဝက်ခြံနဲ့ အမာရွတ်တွေနဲ့ အသားအရေဟာ လူတစ်ယောက်အဖို့ မိမိကိုယ်ကိုကိုယ် ယုံကြည်မှုကို လျော့နည်းစေသလို စိတ်ဓာတ်လည်း ကျဆင်းစေပါတယ်။ ဒါကြောင့်မို့ ဝက်ခြံတွေကို ငွေကုန်ခံပြီးကုတာမပျောက်ရင်ပိုတောင် စိတ်ဓာတ်ကျစေတာမို့ ငွေလည်းမကုန် လူလည်း ပင်ပန်းစရာမလိုတဲ့ အိမ်တွင်းကုထုံးလေးတွေကို မျှဝေပေးပါရစေ။ ၁. နနွင်း – သိပ်ကို အသုံးဝင်ပြီးရှာရလည်းလွယ်တဲ့ အိမ်တွင်းဆေးဝါးလေးပါ။ နနွင်းဟာ ဘက်တီးရီးယားများကို သေစေပြီး၊ ရောင်ရမ်းနာကျင် နီမြန်းခြင်းတွေကိုလည်းလျော့ချပေးပြီး ဝက်ခြံတွေထပ်မပွားလာအောင်လည်းကာကွယ်ပေးပါတယ်။ သံလွင်ဆီ အုန်းဆီ စသည်တို့ဖြင့် လိမ်းပါက ဝမ်းဗိုက်နာကျင်ကိုက်ခဲတာ၊ ဖောရောင်တာ၊ လေထိုးလေအောင့်တာ၊ ဖျားနာတာ၊ ဝမ်းလျော တာအပြင် အသားအရေ … Read more
ဆံပင်ကို သဘာဝအတိုင်းထိန်းသိမ်းနိုင်မည့် နည်းလမ်း၈ခု
ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပ င် အုံပိုထူစေမယ့် နည်းလမ်း (၈)ခု ဆံပင်ဟာ ကျွန်မ တို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလိုပဲ အထူးဂရုစိုက်မှု လိုအပ်ပါတယ်။ ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင်ကို ကျန်းမာသန်စွမ်းစေဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်မယ်နော် (၁) ကြက်ဥ ၊ဒိန်ချဉ်တို့ဖြင့် ပေါင်းတင်ပါ ဥတွေမှာ ပ ရိုတိန်း၊ ဘိုင်အိုတင်းနှင့် ဗီတာမင် B11 တို့ ကြွယ်ဝတာကြောင့် ပါးလွှာပြီး အဆီပြန်တဲ့ဆံပင်ကို သန်စွမ်းစေပါတယ်။ ကြက်ဥကို ဂရိဒိန်ချဉ်နှင့် ရောပါ။ ဆံပင်မှာလိမ်းပြီး တစ်နာရီလောက်ထားပါ။ ပြီးမှ ခေါင်းလျှာ်ပေးပါ။ (၂) gelatin အမှုန့်ကို essential oil နှင့်ရောပါ gelatin အမှုန့်မှာ ပရိုတင်းဓါတ်များစွာ ပါရှိပါတယ်။ ခွက် တစ်ဝက်လျှင် ပရိုတင်း၂ဂရမ်နီးပါး ထောက်ပံ့ပေးပါတယ်။ … Read more
ဝက်ခြံ ထွက်တတ်တဲ့သူတွေ ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ်တွေ ပျောက်ကင်းစေမယ့်နည်းလမ်း
ကိုယ်တွေလို ဝက်ခြံ ထွက်တတ်တဲ့သူတွေ ဝက်ခြံထွက်ပြီးကျန်ခဲ့ အမာရွတ်​တွေအတွက်ကော တကယ်ကိုယ်တွေ့ လုပ်ကြည့်ပီးပျောက်ကင်းသွားလို့ နည်းလမ်းလေးမျှဝေချင်ပါတယ်ရှင့် ကျွှန်မတို့ လို နယ်မှာနေတဲ့သူတွေ အတွက် အရေပြားနဲ့ ပတ်သက်ရင် ​ပြစရာဆေးခန်း ဆိုတာ မရှိပါဘူး အာ့တော့ ဘယ်သူတွေ ဘာလိမ်းကြလည်း ဝက်ခြံ ပေါက်ရင် ဘာလုပ်ကြလည်း စသဖြင့် စမ်းတဝါးဝါး မေးမြန်းပီး ဟိုဟာပျောက်နိုးနိုး ဒီဟာကောင်းနိုးနိုး လိမ်းကြတာပေါ့ရှင့် .. အာ့လိုနဲ့ ဝက်ခြံပိုးများ လာတာလည်း ရှိသလို ပျောက်သွားတာလည်း ရှိကြပါတယ် အာ့ထဲမှာ ကျွှန်မလက်တွေ့ ပျောက်ကင်းသွားတဲ့ နည်းလေး မျှဝေပေးမယ်နော် ပထမဦးဆုံး ဝက်ခြံ စထွက်ပီဆိုတာနဲ့အဖြေစရှာပါပီ ကိုယ်သုံး​နေတဲ့ Skin Care ကြောင့်လား ရာသီဥတုအရမ်းပူတော့ ရာသီစာတွေ အပူစာတွေကြောင့် ဝမ်းပူ ဝမ်းအပုတ် များကြောင့်လား ပေါ့ … Read more
အလှအပ အတွက် စံပါယ်ပန်း၏ အကျိုးပြုပုံ
စံ ပယ်ပန်းလို့ ပြောလိုက်ရင် ဖြူဖြူ ဖွေးဖွေး မွှေးမွှေးလေးနဲ့ ပန်းလှလှလေးကို ပြေးမြင်မယ်ထင်ပါတယ်။ ဒီ ပန်းလှလှလေးက ရနံလေးတင် မွှေးတာမဟုတ်ပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူး ရှိသလို အသားအရေ အတွက်လည်း အထောက်အကူပြုပေးပါတယ်။ စံပယ်ပန်း လှလှလေးတွေက အသား အရေကို ဘယ်လိုများ အထောက်အပံ့ ပေးသလဲဆိုတာကို ဒီဆောင်းလေးကနေ ပြောပြပေးမယ်နော်။ စံပယ်ပန်းမွှေး မွှေးလေး ကေ ပးတဲ့ အသားအရေ ကျန်းမာရေး အရောင်ဖွေးဖွေးလေးနဲ့ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေနိုင်တယ် စံပယ်ပန်းက အရောင်ကျစေနို င်တဲ့ အာနိသင် ရှိတာကြောင့် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ စံပယ်ရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ … Read more
ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆံပင်နက်ဆေး
သဘာဝဆံ ပင်နက်ဆေး ကြိတ်မှန်ရွက်ရေစင်အောင်ဆေးပြီးကော်ဘူးထဲထည့်ပိတ်ထား သုံးရက်ဆိုအရည်ထွက်နေပြီ။ စုတ်တံနဲ့ လှမ်းတို့ယူပြီး ဖြူစပြုနေတဲ့နေရာကို လိုက်တို့ထားလိုက် ကို ဗစ်ကာလ ဆံပင်ဆိုးဆေးဝယ်မရသေးသူများ အဆင်ပြေစေသတည်း Dawnini aung Unicode သဘာဝဆံ ပင်နက်ဆေး ကြိတ်မှန်ရွက်ရေစင်အောင်ဆေးပြီးကော်ဘူးထဲထည့်ပိတ်ထား သုံးရက်ဆိုအရည်ထွက်နေပြီ။ စုတ်တံနဲ ့လှမ်းတို့ယူပြီး ဖြူစပြုနေတဲ့နေရာကို လိုက်တို့ထားလိုက် ကို ဗစ်ကာလ ဆံပင်ဆိုးဆေးဝယ်မရသေးသူများ အဆင်ပြေစေသတည်း Dawnini aung
ဝက်ခြံပေါက်လျှင်