ဆံပင်ထဲက အဆိပ်တွေကို ဖယ်ရှားနိုင်တဲ့ မီးသွေးခဲမှုန့်
မီးသွေးမှုန့်ရဲ့ မထင်ထားလောက်အောင် အံ့မခန်းအသုံးဝင်ပုံ (၅) ခု မီးသွေးမှုန့်ဟာ ခန္ဓာကိုယ်အတွက်အရမ်းကို အသုံးဝင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ မီးသွေးမှုန့်ကို ဘယ်လိုနေရာတွေမှာ ထိရောက်စွာ အသုံးပြုနိုင်လဲဆိုတာ ကြည့်လိုက်ပါနော်။ (၁) မီးသွေးမှုန့်နဲ့သွားတိုက်ခြင်းဖြင့် ချိုးတွေ၊ ညစ်နေတာတွေ၊ သွားဝါတာတွေကို ပျောက်ကင်းစေပြီး ဖြူဖွေးနေတဲ့သွားလေးတွေကို ပိုင်ဆိုင်စေပါတယ်။ (၂) မီးသွေးမှုန့်ကို ရေအနည်းငယ်ရောပြီး မျက်နှာကိုလိမ်းလိုက်ပါ။ ခြောက်သွားတဲ့အထိထားပြီး ရေဆေးပေးခြင်းဖြင့် အဆိပ်အတောက်ကင်းပြီး ဝင်းပဖြူစင်တဲ့မျက်နှာလေးကို ရရှိမှာပါ။ (၃) အကောင်တစ်ခုခုကိုက်ခံရတဲ့အခါ မီးသွေးမှုန့်ကို အုန်းဆီရောပြီး အကိုက်ခံရတဲ့နေရာကို လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ (၄) မီးသွေးမှုန့်ဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ တစ်ရက်ကို မီးသွေးမှုန့်အနည်းငယ် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို သန့်စင်ပေးပြီး အသည်းနဲ့ကျောက်ကပ်ကို သန့်ရှင်းစေပါတယ်။ (၅) မီးသွေးမှုန့်ကို သုံးနေကျခေါင်းလျှော်ရည်ထဲ ထည့်လျှော်ပေးခြင်းဖြင့် ဆံပင်ထဲက အဆိပ်တွေအားလုံးကို … Read more
ဆံပင် ဆံသားနှင့် ပတ်သက်ပြီး စိတ်ညစ်နေရလျှင်
ဆံကေသာ ၏ကောင်းခြင်းနှင့်ပြည့်စုံစေသော် ဆံကေသာသည် လူတစ်ယောက်၏ ဒုတိယမျက်နှာလို့တင်စားရလောက်အောင် လူတစ်ယောက်အတွက် အရေးပါလှပါတယ်။ ယနေ့ခေတ်အခါမှာ ဆံပင်ဆေးစိုးကြ ကောက်ကြ ဖျောင့်ကြနဲ့ အမျိုးမျိုးအဖုံဖုံ နည်းမျိုးလည်း စုံလှပါသည်။ ကြာလာလျှင်ဖြင့် ”မောင်ရေ——ကတုံးလေးဖားလျားချပြီး စောင့်နေမယ်နော်–” ဆိုတဲ့အသံတွေကြားလာရပါလိမ့်မယ်ထင်ပါ့ဗျာ။ ဒါတွေမဖြစ်ရအောင် ဆံပင်ကိုမြတ်နိုးပါ တန်ဘိုးထားပါ။ မိန်းမတို့ဘုန်း ဆံထုံးဆိုတံဲ့အတိုင်း ဘုန်းကံမြင့်၍ ကျက်သရေရှိသော မြန်မာပီသသည့် နှမငယ်များဖြစ်ကြစေချင်ပါတယ်။ ဆံသားပျက်နေပြီလား ၊ ဗောက်တွေထနေသလား ၊ ဆံပင်ကျွတ်နေလား ၊ အကွက်အကွက်ဖြစ်နေသလား ၊ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေပြီလား။ အောက်ပါဆေးလေး လုပ်ကြည့်ပါ။ ကျွန်တော် ၇ တန်းကျောင်းသားဘဝက ဖေါ်စပ်လိမ်းခဲ့ရဖူးပါတယ်။ ဆံပင်တွေကျွတ်လို့ပါ။ အခြားသူများစွာကိုလည်း လမ်းညွှန်ပေးခဲ့ဖူးပါတယ်။ ဆေးနည်းလေးကတော့ ၁။ပဉ္စကာနီသီးးး ၅ ကျပ်သား ၂။ကြိတ်မှန်ရွက် ၁၀ သား ၃။ကွမ်းရွက် ၁၀ သား … Read more
မိတ်၊ အပူဖု၊ ဝက်ခြံ တွေ အားလုံးသက်သာ စေနိုင်တဲ့ အရမ်းလွယ်တဲ့နည်းလေး
ဝက်ခြံ အမျိုးအစားကို လိုက်ပြီး မျက်နှာကို ဂရုစိုက်နည်း
သိထားသင့်တဲ့ ဝက်ခြံ အမျိုးအစားတွေနဲ့ ကုသနည်းများ ဝက်ခြံတွေဆိုတာကလည်းလေ။ ဒီတိုင်းနေနေရင်အကောင်း။ သွားစရာ၊ လာစရာရှိပြီး။ အရေးကြီးတဲ့သူတစ်ယောက်ယောက်နဲ့တွေ့ရပြီဆိုတာနဲ့ ဟိုတစ်မျိုး၊ ဒီတစ်မျိုးလှိမ့်ထွက်လာကြတော့တာပါပဲ။ တစ်ချို့ကျတော့လည်း နှစ်ရည်လများပေါက်နေတတ်ကြပါတယ်။ ဘယ်လိုပဲပေါက်ပေါက် ဝက်ခြံတွေက အမျိုးအစားအမျိုးမျိုးရှိပြီး ကုသပုံချင်းမတူညီကြပါဘူး။ ၁။ ဆားဝက်ခြံ ဆားဝက်ခြံ မှာ အမဲစေ့နဲ့ အဖြူစေ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဆီ၊ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေစုပုံလာပြီး ချွေးပေါက်ပိတ်သွားတဲ့အခါမှာ ဆဲလ်သစ်တွေပြန်မမွေးဖွားနိုင်တော့ဘဲ ဆားဝက်ခြံဖြစ်လာရတာပဲ ဖြစ်ပါတယ်။ ရေနွေးငွေ့နဲ့ ပုံမှန်ပေါင်းတင်ပေးမယ်။ Exfoliate ပုံမှန်လုပ်ပေးမယ်။ မိတ်ကပ် နေ့စဉ်ပုံမှန်ဖျက်ပေးမယ်။ ချွေးပေါက်တွေကိုသာ ပုံမှန်ဖွင့်ပေးနေမယ်ဆိုရင်တော့ ဆားဝက်ခြံက ပျောက်လွယ်ပါတယ်။ ၂။ ဝက်ခြံကြီး ဒါကတော့ အပြည်တည်တဲ့ဝက် ခြံမျိုးပါ။ အဝါရောင်အလုံးကြီးတွေပေါက်တတ်ပါတယ်။ မပေါက်သေးခင် အသားမှာခြင်ကိုက်သလို အနီစက်လေးလိုလိုအရင် ဖြစ်ပြီးမှ နာနေတတ်ပါတယ်။ သူကပေါက်ပြီးရင်လည်း အာမာရွတ်နည်းနည်းကျန်လွယ်လို့ … Read more
ဆံပင် နှစ်ခွဖြစ်သူများ၊ ထိပ်ပြောင်လို့စိတ်ညစ်နေသူများ နှင့် ဆံပင်ကို နက်မှောင်ထူပြီး လှပချင်သူများအတွက်ပါ
ဆံပင် နှစ်ခွဖြစ်သူများနှင့် ထိပ်ပြောင်လို့စိတ်ညစ်နေသူများ နှင့် ဆံပင်ကို နက်မှောင်ထူပြီး လှပချင်သူများအတွက်ပါ။ ၁။ ဆံသား ထူချင်လား။ ၂။ ဆံပင်ကျွတ်တာ နည်းချင်လား။ ၃။ ဆံပင် နှစ်ခွဖြစ်တာ ရပ်တန့်ချင်လား။ ၄။ ဆံပင် အရှည်မြန်ချင်လား။ ၅။ ဆံပင် ပျက်စီးတာတွေ ပြန်ကောင်းချင်လား။ ၆။ ထိပ်ပြောင်ပြီး စိတ်မညစ်နဲ့ ဒီနည်းကို ပါတဲ့အညွန်းအတိုင်း သုံးကြည့်ပါ။ လက်တွေ့ ကောင်းလို့ မျှဝေပေးတာပါ။ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဓာတုမပါဘဲ သဘာဝအတိုင်း ဖော်စပ်တာမို့ မိန်းမ၊ ယောင်္ကျား၊ ကလေး၊ လူကြီး အကုန်လုံး စိတ်ချစွာ မိမိကိုယ်တိုင်ဖော်စပ် အသုံးပြုနိုင်ပါသည်။ ပါဝင်ပစ္စည်းများ ၁။ ရှားစောင်းလက်ပတ်ပင် ၂။ ကြက်သွန်နီဥ ၃။ အုန်းဆီ အစစ်။ ပြုလုပ်နည်းပါ ၁။ … Read more
ဝတဲ့သူ၊ ဗိုက်ခေါက်ထွက်သူ၊ အဆီကျချင်သူများအတွက်
ဝတဲ့သူ ဗိုက်ပူတဲ့သူတွေ အတွက် ဗိုက်ကျစေမည့် ရှားစောင်းလက်ပတ်ယို လုပ်နည်း… အစ်မတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး တင်ထားတာတွေ့လို့ ညီမလည်း ပြန်ရှယ်ပါရစေ နော်။ ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် အရမ်းအဆင်ပြေတယ်။ အိမ်ရှင်မ တော်တော်များများရဲ့ ဒုက္ခက ဗိုက်ပူတာပါပဲ။ ညီမလေ အဲ့ယိုလုပ်နည်းကို မေမေကတဆင့် သိတာပါ။ စားကြည့်တော့ တကယ် ဗိုက်ကျတယ်ရှင့်။ ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးက စူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေး တွေကိုလှီးပါ (အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့ စားလို့ ကောင်းသလို ပိုဆေးဖက်ဝင်တာပေါ့) ထန်းလျက်(အညို) ငါးကျပ်သားလောက်ကို ဆီ ၅ ကျပ်သားလောက်ထဲကို ထည့်ပီး အရည်ပျော်အောင်မွှေပါ။ ထန်းလျက် အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ။ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက် ခနခန မွှေပေးပါ။ ရှားစောင်းလက်ပတ် … Read more