တစ်ပတ်စာခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (26-10-2020 to 1-11-2020)
တစ်ပတ်စာခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း ((26-10-2020 to 1-11-2020) တနင်္ဂနွေသားသမီး စိတ်တွေထွေပြားပြီးအမှားများတတ်တဲ့ကာလပါ အတွေးတွေ စိုးရိမ်စိတ်တွေအားကြီးပြီးဆုံးဖြတ်ချက်တွေပါမှားတတ်ပါတယ် စိတ်နဲ့ကိုယ်မကပ်တဲ့ကာလပါ အတတ်နိူင်ဆုံးသတိထားဖို့မှာချင်ပါတယ် အိပ်မရဖြစ်နေတတ်သောကာလပါ ငယ်ရွယ်သူများအချစ်ရေးကံစန်းအထူးပွင့်နေပါလိမ့်မည် ထီ ၉အစဝအဆုံးထိုးပါ ယတြာ ဌက်တွေ ခိုတွေအစာမကြာခဏကျွေးပါ #တနင်္လာသားသမီး အိမ်အနီးအနားတွင်မီးလန့်ခြင်းသူခိုးအခိုးခံရခြင်းမျိုးတွေကြုံရတတ်ပါသည် ရွှေအဝင်မခံသင့်သောကာလပါ အကယ်၍ရွှေဝင်ခဲ့ပါကလည်းအကြောင်းအမျိူးမျိူးနှင့်ပြန်ထွက်တတ်ပါသည် ရေချိူးမှား၍လေဒုက္ခပေးခံရတတ်ပါသည် ငယ်ရွယ်သူများ အချစ်ရေးတွင်ကြားလူအနှောင့်အယှက်ကြောင့်နားလည်မူလွဲခံရတတ်ပါသည် ထီ ၈အစဝအဆုံးထိုးပါ ယတြာ သောကြာထောင့်တွင်မိမိသက်စေ့ရေလောင်းလှုပေးပါ အင်္ဂါသားသမီး အလုပ်အတွင်းစာရင်းဇယားတွေမှားနေတတ်ပါသည် ရပ်ဝေးမှနေ၍အရေးကြီးသတင်းတစ်ခုကြားရတတ်ပြီး သိပ်မကြာခင်မှာအလုပ်နေရာထိုင်ခင်းပြောင်းရွှေ့ရပါလိမ့်မည် မျက်ရိုးတွေမကြာခဏကိုက်နေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးပြန်လည်အဆင်ပြေပါလိမ့်မည် ထီ ၁အစ၂အဆုံးထိုးပါ ယတြာပဲပြုတ်နှင့်ထမင်းနယ်၍လမ်းဘေးခွေးများအားကျွေးပါလေ ဗုဒ္ဓဟူးသားသမီး မြေကိစ္စ အမွေကိစ္စ ပိုင်ဆိုင်မူနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်ထားပါကအလျှင်အမြန်အောင်မြင်ပါလိမ့်မည် အဝါရောင်အသုံးအဆောင်များအထူးအကျိူးပေးတဲ့အချိန်ပါ အစားမှား၍ဝမ်းဗိုက်ဒုက္ခပေးတတ်ပါသည် ချစ်သူရည်းစားများဘုရားဖူးခရီးထွက်ရပါလိမ့်မည် ထီ ၉အစ၁အဆုံးထိုးပါ ယတြာ ဝက်သားဟင်းကျန်ကိုထမင်းနှင့်နယ်၍လမ်းဘေးခွေးတွေကျွေးပေးပါ ကြာသာပတေးသားသမီး ခရီးဝေးတွေမထွက်သင့်သောကာလပါ အကယ်၍မဖြစ်မနေခရီးထွက်ရပါက အနက်ရောင်အင်္ကျီတွေမဝတ်မိပါစေနှင့် စနေသားသမီးများနှင့်လည်းခရီးအတူမထွက်သင့်ပါ အဆုတ်အအေးမိခြင်းဖြစ်မည် … Read more
အလုပ်အမြန်ရ လိုလျှင်
အလုပ်အမြန်ရ အစီရင် မိတ်ဆွေများ မင်္ဂလာပါ.. ၇ရက်သားသမီးများ ကြုံတွေ့နေရတဲ့အလုပ် လျှောက်ထားသော်လည်း အဆင်မပြေမှုဖြစ်နေမှုများ မိမိကံအလွဲအချော်ကြောင့် ဘာလုပ်လုပ်အဆင်မပြေမှုများ အလုပ်မတည်မြဲမှုများ အလုပ်ထဲတွင် လူကြီးများနှင့်အဆင်မပြေမှုများအတွက် အောက်ပါ ယတြာကို လုပ်ထားပေးပါ..ခင်ဗျား။ ကြာသပတေးနေ့ (သို့) တနင်္ဂနွေနေ့ မနက် ၆နာရီမှ ၉နာရီအတွင်း မိမိအိမ်ကဘုရားစင်တွင် ပန်းကန်ပြားတချပ်ပေါ်တွင် ဗာဒံရွက် တရွက်တင်ပါ။ ဗာဒံရွက်ပေါ်တွင် ဆော့ပင်အပြာရောင် ဖြင့်” ၅ “အက္ခရာရေးပါ။ ထို ” ၅ “အက္ခရာပေါ်တွင် ပန်းသီးစိပ် ၅ စိပ်တင်ပြီး ထိုပန်းကန်ပြားကိုကိုင်ကာ မိမိအလုပ်ကိစ္စအဝဝအဆင်ပြေ အမြန်ရစေကြောင်း ဆုတောင်းပါ။ နေ့တိုင်း ပန်းသီးစိပ် များ လဲလှယ်ပေးပါ။ (ဗာဒံရွက် အဆင်မပြေပါက ငှက်ပျောရွက် ( သို့ )ညောင်ရွက် အသုံးပြုနိုင်ပါသည်။) မိတ်ဆွေများအားလုံး အလုပ်အကိုင်များရရှိ၍ … Read more
တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း (22.10.2020 မှ 28.10.2020 အထိ)
22.10.2020 မှ 28.10.2020 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ ယခုကာလအတွင်း သင်သည် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကိုယ်ပိုင်လုပ်ငန်းများဖြင့် အကျိုး ပေးမည်။ မိတ်ကောင်း၊ ဆွေကောင်း တိုးပွားခြင်းများရှိမည်။ လုပ်ငန်းကြီးများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်း များ ပေါ်ထွက်လာမည်။ အိမ်နီးနားချင်းများနှင့် ပတ်သက်၍ စကားများရခြင်း၊ အမှုအခင်းဖြစ်ရခြင်း၊ စိတ်ညစ်ရခြင်း များရှိမည်။ အတတ်နိုင်ဆုံး မိမိစိတ်ကို အေးအေးဆေးဆေး ထားပါ။ စိတ်မြန်မှု၊ ဒေါသကြီးမှုများကြောင့် အမှားများ ကြုံတွေ့ရတတ်ပြီး ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါသည်။ ဝန်ထမ်းများ ဖြစ်ပါက ဌာနအတွင်း အဆင်ပြေမည်။ ဝင်ငွေလည်း အထူးကောင်းလိမ့်မည်။ထို့အပြင် အင်္ဂါသားသမီး တစ်ဦးဦးထံတွင် ငွေကြေးရင်းနှီးမြှပ်နှံထားခြင်း၊ အပ်နှံထားခြင်းများ ရှိပါကလည်း ဆုံးရှုံးတတ်သည်ကို အထူးသတိပြုရသင့်ပါသည်။ မိမိအတွက် အရေးကြီးကိစ္စ … Read more
အိမ်ခြံမြေ အမြန်အရောင်းလို/ ငှားလိုလျှင်
အိမ်ခြံမြေ အမြန်အရောင်းထွက်စေသောအစီအရင် မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည်စုံပါစေ မိမိ အိမ်ခြံမြေ ရောင်းမထွက်လို့ စိတ်ညစ်နေပါသလား။ အိမ်အငှား မလာ၍ စိတ်ညစ်နေရပါသလား။ အောက်ပါ ယတြာအစီအရင်အားပြုလုပ်ကြပါ ကြွေပန်းကန်(သို့)ကြွေရည်သုတ်ပန်းကန်များတစ်ချပ် တွင် မိမိအိမ်ခြံမြေမှ မြေ ၅ဆုပ်နှင့် ပေါက်ပေါက်ဆုပ် ၅ဆုပ် ဖြန့်ခင်းပါ။ ထိုပန်းကန်၏အလယ်တည့်တည့်တွင်ဖယောင်းတိုင် အသေးတတိုင်စီနေ့တိုင်းထွန်းညှိပေးရမည်။ ဘုရားစင်ရှေ့တွင် ပြုလုပ် စီရင်ဆောင်ရွက်ရမည်။…ဖယောင်းတိုင်ထွန်းပြီး “အရဟံဗုဒ္ဓ အရဟံသိဒ္ဓိဘဂဝါ” ဂါထာကို ပုတီး(၁)ပါတ်တိတိ စိပ်ပေးပါရန်။ အိမ်ခြံမြေ အမြန် ရောင်းထွက်စေကြောင်းဆုတောင်းပါ။ ဤယတြာကို ၂၇ရက်တိတိပြုလုပ်ဆောင်ရွက်ရမည်။ ၂၇ရက် ပြည့်ပြီး နောက်ရက်တွင် ထိုပန်းကန်ပြားပေါ်ရှိ မြေနှင့်ပေါက်ပေါက်ကို မိမိရောင်းလိုသော (သို့) မိမိငှားရမ်းလိုသော မြေတွင်ပက်ဖျန်းပေးပါ။ ထိုသို့မြေနှင့်ပေါက်ပေါက်များပက်ဖျန်းစဉ် ” ဤအိမ်ခြံ မြေ အမြန်ဆုံး ထိုက်သင့်သောဈေးဖြင့် ရောင်းထွက်ပါစေ ” ဟု ဆုတောင်းပါ။ … Read more
ငွေကြေးကျပ်တည်းသူများအတွက် ယတြာ
ကံတရားရဲ့မျက်နှာသာပေးမှုကို ရရှိပြီး ချမ်းသာကြီးပွားတတ်တဲ့ အသက်အရွယ်အပိုင်းအခြား
ကြီးပွား ချမ်းသာနိုင်မည့် အသက်အရွယ်အပိုင်းအခြား… ကဲပါဗျာ…အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲနဲ့ ပူပင်သောကတွေ ရောက်နေတဲ့ သူတွေအတွက် …၊ အလုပ်အကိုင် အခွင့်အလန်းတွေ ပွင့်လန်းပြီး မိမိတို့အတွက် ကြီးပွားချမ်းသာစေနိုင့်မယ့် အသက်အပိုင်းအခြားလေးတွေကို ကြိုတင် တွက်ချက်ပြီး သိရှိကာ မလျှော့သောဇွဲလုံ့လတွေနဲ့ စိတ်ခွန်အားများ ဖြစ်ပေါ်လာစေဖို့ …၊ ဆရာက မိတ်ဆွေတို့ အားလုံးအတွက် ကြီးပွားချမ်းသာ နိုင်မည့် လောကဓံ အကောင်းခွင်အသက်အပိုင်းတွေကို ကြိုတင် တွက်ချက်ဖော်ပြ ပေးလိုက်ပါတယ်နော် …။ တနင်္ဂနွေ သားသမီးများ” မိမိအသက်ကို တည်ပြီး(၈)နဲ့ စားပါ …။ အကြွင်း = ဝ၊ ၁၊ ၂ တနင်္လာ သားသမီးများ” အသက်ကို တည်ပြီး (၈)နဲ့ စားပါ …။ အကြွင်း = ဝ၊ ၁၊ … Read more
အိမ်ထောင်ရေး အချစ်ရေး အဆင်မပြေဖြစ်နေသူများအတွက် ငုံးဥ ယတြာ
အိမ်ထောင်ရေး အဆင်ပြေစေရန် အစီရင် အချစ်ဝင်ရင် အပြစ်မမြင်ပေမယ့် အချစ်မဝင်တော့လို့ အပြစ်မြင်လာတဲ့အိမ်ထောင်ဘက်တွေက နားလည်မှူ့လွှဲပြီ စွန့်ခွါသွားတာ လမ်းခွဲသွားတာတွေကြောင့် စိတ်ညစ်စိတ်သောကရောက်နေရသူ အိမ်ထောင်ရှင်တွေ……အတွက် ရုပ်ခံနဲ့ အဟုတ်ကြံနေတဲ့ စနိုက်ကြော်မတွေရဲ့မြူ ဆွယ်မှုကြောင့် မိမိအပေါ်အချစ်ပေါ့ပြီ အပြစ်မြင်လာလို့ စွန့်ခွါ ပစ်ထားခံရသူတွေ… မိမိချစ်သူရဲ့အချစ်ကိုယုံ ဘ ဝကိုပုံပေးခဲ့ပြီမှ ပစ်ချခံခဲ့ရတဲ့ အနင်းချေခံပန်းတပွင့်ဖြစ်နေလို့ အချစ်သောက မျက်ရည်ပင်လယ် ဝေနေရသူတွေ… အချစ်မဝင်လို့အပြစ်မြင်ပြီး အပြင်မှာသာယာမှူ့ရှာ အပျော်ဖက်နေတဲ့ အိမ်ဦးနတ်ကြီးက မိသားစုကိုဂရုမစိုက် ပြဿနာရှာနေလို့ စိတ်သောကများနေရတဲ့ အိမ်ရှင်မတွေအတွက် … မိမိရဲ့အချစ်ရင်ခွင်ဆီ ပြန်လည်တိုးဝှေ့လာစေမယ့် မိမိ၏ဇနီး၊လင်ဖောက်ပြန်နေလျှင် ဤသို့လုပ်ပါ ယတြာနည်း ကြွေပန်းကန်ပြား(၁)ချပ်ယူပါ ငုံးဥပြုတ်(၅)လုံးယူပါ ကြွေပန်းကန်ပြားပေါ်တွင် ငုံးဥပြုတ်ကိုထည့်ပါ ပြီးလျှင်အပေါ်မှ စတီးခွက်(၁)ခွက်ဖြင့်အုပ်ပါ [အိမ်ထောင်ရေးဒုက္ခအဆင်ပြေလိုကြောင်း] မိမိတို့၏ စိတ်ဖြင့်မှန်၍ နယ်ပိုင်ဘိုးဘိုးကြီးဆီသို့ လေးလေးနက်နက်ဆုတောင်းပါ ဆုတောင်း၍အားရလျှင် ငုံးဥပြုတ်ကို … Read more
သီတင်းကျွတ်လ အတွက် .. လာဘ်လာဘ ဖွင့် ကျင့်စဉ် .
သီတင်းကျွတ်လ .. လာဘ်လာဘ ဖွင့် ကျင့်စဉ် .. ရွှေပေါ်ကျွန်းဆရာတော် သီတင်းကျွတ်လဆန်း (၁) ရက် နေ့ တွင် နံနက် (၄:၀၀) နာရီ အချိန်တွင် ဖယောင်းတိုင် (၁) တိုင် (၅:၀၀) နာရီ တွင် (၁) တိုင် (၆) နာရီ တွင် (၁) တိုင် ပူ ဇော် ပါ ။ ထိုနည်းတူ ည နေ (၅) နာရီတွင် ၁ တိုင် (၆) နာရီ တွင် ၁ တိုင် (၇) နာရီ တွင် (၁) တိုင် ပူ ဇော် ပါ ။ ပူဇော်ရာတွင် … Read more
သီတင်းကျွတ်လအတွက်အကောင်းဆုံးယတြာ (17.10.2020)မှ (14.11.2020)အထိ
သီတင်းကျွတ်လအတွက်အကောင်းဆုံးယတြာ သီတင်းကျွတ်လဆန်း(၁)ရက်နေ့(17.10.2020)မှ သီတင်းကျွတ်လကွယ်နေ့(14.11.2020)အထိတစ်လတာလုံး “သရက်ရွက် (၃)ရွက်ကိုသေချာသန့်စင်အောင်ဆေး​ကြောပြီး ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် ဖြန့်ခင်းထားပါ။ ထို့နောက် သရက်ရွက်များပေါ်၌ ​နှမ်းဆီဖြင့်ဆီမီးထွန်းညှိထားသောမြေခွက်ကိုတင်တာမိမိအိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ထွန်းညှိပူဇော်ပေးရပါမယ် ခင်ဗျ…။ နှမ်းဆီဖြင့်ဆီမီးပူဇော်ရာ၌ မြေဆီမီးခွက်မရှိရင်လည်း မိမိအတွက်အဆင်ပြေလွယ်ကူစေမည့် ဆီမီးခွက်ကို အသုံးပြုနိုင်ပါတယ်။ သို့သော် စတီးခွက်နှင့်လုံးဝ ဆီမီး မပူဇော်ရပါခင်ဗျ။ အချိန်= နံနက်၆နာရီမှ၁၀နာရီအတွင်းဆီမီးထွန်းပေးပါ အောက်ပါ ဂါထာတော်ကို (၁၆)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။ ” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။” ဆုတောင်းစာ “အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး သီတင်းကျွတ်လ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊ အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး … Read more
ငွေကြေးအခက်အခဲ အဆင်ပြေလိုလျှင် သောကြာနေ့ကျ ဒါလေးလုပ်ပါ
သောကြာနေ့တိုင်းအဖြူရောင်ပစ္စည်းတစ်ခုခုလှူပါ။ ငွေကြေးအခက်အခဲ အဆင်မပြေမှု သောကများမှ လွတ်ကင်းချမ်းသာစေဖို့ ဆရာဦးမင်းနိုင် ကျွန်တော့်ကို သင်ကြားပြသခဲ့သည်ထဲမှတန်ဖိုးမဖြတ်နိုင်သော ငွေလိုရင်ငွေရစေသည့်နည်းလမ်းလေးတစ်ရပ်ကို တိုက်ဆိုင်မှုလေးတွေနဲ့ သတိရလို့ အများသူငှါ အကျိုးရှိစေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်… ဒါနပြုပါရစေခင်ဗျ….။ အဖြူရောင်ပစ္စည်းတစ်ခုခုကိုလှူရမည်ဆိုရာ၌ ဆန်တစ်ထုပ်တွင်ထန်းလျက်(သို့)ကြံသကာနှင့် မိမိတက်စွမ်းနိုင်မည့်ပိုက်ဆံ တို့ကို တွဲဖက်၍ သောကြာနေ့တိုင်း၌ မရှိဆင်းရဲသားများကို ဒါနပြု လှုဒါန်းပေးရပါမည်။ ၁။ပထမအဆင့်၌ စားဝတ်နေရေးပြေလည်နေခြင်း။ ၂။ဒုတိယအဆင့်၌ ငွေကြေးလည်ပတ်မှူကောင်းမွန်နေခြင်း။ ၃။တတိယအဆင့်၌ ချမ်းသာကြွယ်ဝခြင်းကို မုချရရှိမည်။ မရှိဆင်းရဲသားများကို နေ့လည်(၁၂)နာရီမှ ညနေနေဝင်ချိန်အတွင်း လုံးဝမလှူရပါ။ ရိုးရှင်းလွယ်ကူပြီးတကယ်လုပ်အဟုတ်ထိရောက်လွန်း လို့ ကျွန်ုပ်ကိုယ်တိုင်သောကြာနေ့ရက်တိုင်း သတိတရ လုပ်ဖြစ်နေတဲ့နည်းလေးပါ……။ ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912 Zawgyi သောကြာနေ့တိုင်းအဖြူရောင်ပစ္စည်းတစ်ခုခုလှူပါ။ ငွေကြေးအခက်အခဲ အဆင်မပြေမှု သောကများမှ လွတ်ကင်းချမ်းသာစေဖို့ ဆရာဦးမင်းနိုင် ကျွန်တော့်ကို သင်ကြားပြသခဲ့သည်ထဲမှတန်ဖိုးမဖြတ်နိုင်သော … Read more