ဈေးဆိုင်လူစည်စေပြီးဖောက်သည်များစေသောယတြာ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ..ဒီနေ့ကတော့ ဈေးဆိုင်တွေမှာလူစည်စေပြီးဖောက်သည်များစေတဲ့ ယတြာလေးကို. ပညာ ဒါနပြုပါ့မယ်….. ကျမအသက်၂၂နှစ်လောက်က မနောမယဂျာနာနယ်မှာလည်းရေးသားခဲ့ဖူးပါတယ်.. အခုအဘဆရာကြီးမင်းသိင်္ခသင်ပေးတဲ့ဆိုင်တွေမှာလူစည်ပြီးဖောက်သည်များစေတဲ့ယတြာကိုပြောပြမှာပါ.. အရင်ဆုံးဆိုင်ရှေ့ကိုသန့်ရှင်းရေးလုပ်ပြီး…ရေတပုံးထဲရေထည့်ပါ ရေမန်းထည့်ရင်ပိုကောင်းပါတယ်..ကျမဟောခန်းမှာတော့ကျမဆီယတြာလာယူသူတွေကို ကျမရဲ့ဒုတိယဆရာဖြစ်တဲ့အစ်ကို ဆရာသဲသင်ပေးတဲ့ တက္ကာလိကစန်းနက္ခတ်ဖြတ်သန်းချိန်မှာစီရင်ပြုလုပ်ထားတဲ့ မျက်နှာပွင့်နံ့သာဆီဖြစ်ဖြစ်(သို့မဟုတ်)တစ်နှစ်တခါ တန်ဆောင်မုန်းလပြည့်ညမှာစုပေါင်းဖော်စပ်တဲ့ အဘဆရာကြီးမင်းသိင်္ခရဲ့ ဈေးခေါ်မျက်နှာပွင့်နံ့သာဆီ ဖြစ်ဖြစ် ပေးလိုက်ပါတယ်။ ထိုနံ့သာဆီကိုပါရေပုံးထဲရောထည့်ပြီး..ကိုယ်အမြဲရွတ်ဆိုနေကျ ဂါထာ၊မန္တာန်တခုခုကိုရွတ်ဆိုပြီးမြေစောင့်နတ်နဲ့ ၃၁ ဘုံသားကိုမေတ္တာပို့ပါ.ဆုတောင်းပါမြေစောင့်နတ်က ကုန်သွယ်လယ်ယာသမားတွေ၊ကုန်သည်တွေကိုစောင့်ရှောက်တယ်လို့ အဆိုရှိလို့ပါ..ဒါကြောင့်ဒါကိုနေ့စဉ်ပြုလုပ်ပါ….အဆောင်ကတော့ တနင်္ဂနွေသားသ္မီးဆို….အိုးစည်တစ်လုံးနဲ့ ဆင်ဖြူတစ်ကောင်ထားပါ..အိုးစည်မှာဈေးဦးပေါက်ငွေထိုးပါ..အိုးစည်သေးသေးလေးတွေ ဘုရားစောင်းတန်းတွေမှာရောင်းကြပါတယ်။ (ကျမတို့အဘဆရာကြီးမင်းသိင်္ခကတနင်္ဂနွေသားပါ…ဒါကြောင့်အိုးစည်တီးတဲ့အဖွဲ့ထားတာမြင်ဖူးကြမှာပါ…ဒါကြောင့်လည်း ကျမတို့မရမ်းတလင်းခြံကြီးမှာ ဗေဒင်မေးသူ၊ယတြာချေသူတွေဟာ..လူဦးရေ ရာထောင်ချီအမြဲစည်ကားတာကိုတွေ့ဖူးကြုံဖူးကြသူတွေရှိပါတယ်။☺) တနင်္လာသားသ္မီးဆို….ကလပ်တစ်ခုပေါ် ခေါင်းလောင်းတင်ပါ ဆင်ဖြူတော်တစ်ကောင်ထားပါကလပ်ပေါ်ဈေးဦးပေါက်ငွေထည့်ပြီးခေါင်းလောင်းနဲ့ဖိပါ။ ဒီယတြာက လာဘ်လာဘရွှင်လန်းမှုမှာလည်း သီးသန့်သုံးကြပါသေးတယ် ။ အင်္ဂါသားသမီးဆို….ဆင်ဖြူတော်တစ်ကောင်ထားပါ…ဆန်ကိုဘူးနဲ့ထည့်ပြီး ဆန်ဘူးထဲဈေးဦးပေါက်ငွေ ထိုးပါ။ ဗုဒ္ဓဟူးသားသမီးဆို…ရသေ့ကြီးဦးခန္ဓီပုံတော်ထားပါ..ဆင်ဖြူတစ်ကောင်ထားပါ..ပုလင်း၃လုံးကို လင်ဗန်းနဲ့ထိထားပါ..ထိုလင်ဗန်းထဲ ဈေးဦးပေါက်ငွေထားပါ။ ရသေ့ကြီးဦးခန္တီရဲ့ ငွေရဂါထာရွတ်နိုင်ကပို၍ကောင်းပါတယ်။ ကြာသပတေးသားသမီးဆို…ပစ်တိုင်းထောင် တစ်စုံထားပါ..ဆင်ဖြူတစ်ကောင်ထားပါ…ဖန်ထောင်ခွက်ထဲ ဈေးဦးပေါက်ငွေဖယ်ပါ။ သောကြာသားသမီးဆိုဘုရားရှင်အားသစ်သီးကို မြေအိုးနဲ့ ကပ်လှူပါ.ဆိုင်မှာ…သပြေ၆ညွန့် အုန်း၁ညွန့်ကိုထိုးပါ … Read more