ကြောင်ချစ်သူများအတွက် ကြောင်လေးတွေက ပြောပြသော ကြောင်နိမိတ်

ကြောင်နိမိတ် ၁။ အပျိုတွေ ကြောင်မြီး တက်နင်းမိရင် ကျိန်ဆဲခံရလို့ အဲ့နှစ် လင် မရပါဘူး။ (ရှပ်ပြာ ရှပ်ပြာ သွားတတ်သူများ တစ်နှစ်တစ်ခါနင်းရင်း ဟိုင်း သွားတတ်ပါတယ်။) ၂။ အိမ်မှာ ကြောင်မဲမွေးရင် အဲ့အိမ်က အပျိုတွေ ချစ် ကံခေတတ်ပါတယ်။ ၃။ အိမ်ကအထွက် နောက်က ကြောင်လိုက်လာရင် ငွေရှာခိုင်းတာပါ။ အဲ့လူ ငွေရလာတတ်ပါတယ်။ ၄။ ကြောင်တွေ ခြံရှေ့ အိမ်ရှေ့ ငုတ်တုတ်ထွက်ထိုင်‌နေရင် ငွေလာပေးမယ့်သူ မျှော်တာပါ။ ၅။ အိမ် ဆောက်နေကတည်းက ခြံထဲ ကြောင်ထည့်မွေးပါ။ အဲ့အိမ် တော်ရုံ ကြွက်မလာပါဘူး။ ၆။ အိမ်မှာ ကြောင်နက်ရှိရင် မျက်စေ့စွန်တဲ့အခါ သူ့အမြီးနဲ့ ပွတ်ပေးပါ။ နုရင် ပြန်ပျောက်ပါတယ်။ ၇။ ကြောင်ချီပြီး ချောင်း၊ … Read more

သတိမမူမိကြတဲ့ တံမြက်စည်းနိမိတ်

သတိမမူကြတဲ့ တံမြက်စည်းနိမိတ် ၁။ အပျိုတွေ တံမြက်စည်း ကျော်မိရင် အိမ်ထောင်မကျခင် ဗိုက် ကြီးတတ်ပါတယ်။ ၂။ အပျို၊ လူပျိုတွေ ခြေဖျား‌ပေါ်ကျော်ပြီး တံမြက်စည်း ခတ်မိရင် အဲ့ကလေးတွေ အိမ်ထောင်မကျတော့ပါဘူး။ တံမြက်စည်းကို တံတွေးနဲ့ ပြန်ထွေးခိုင်းပါ။ ၃။ အိမ်နီး ခြံနီးချင်းတွေ ကိုယ့် အိမ်/ခြံဝကစပြီး တံမြက်စည်း လာလှည်းသွားရင် ၀င်မယ့်လာဘ် မ၀င်တော့ပါဘူး။ သူ့အိမ်‌၀က ပြန်လိုက်လှည်းယူပါ။ ၄။ တံမြက်စည်းသစ်နဲ့ အိမ်ထဲက အိမ်ပြင် စ မလှည်းရပါဘူး။ ပစ္စည်းတစ်ခုခု အိမ်ဝချပြီး အိမ်ထဲ အရင်လှည်းထည့်ရပါတယ်။ ၅။ ကိုယ့်မိသားစုတွေအကုန် ကံဆိုး‌နေတယ်ထင်ရင် ရှေ့၊ နောက် အိမ်တံခါး‌တွေဖွင့်ထားပြီး အိမ်ရှိလူကုန် အိမ်လယ်ကစ ရှေ့‌နောက်အ‌ပေါက်ဘက်ကို တံမြက်စည်း လှည်းခိုင်းပါ။ ၆။ အိမ်ဝင်တံခါးမှာ တံမြက်စည်း … Read more

14..5.2020 မှ 20..5.2020 အထိ ၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း (14.5.2020 မှ 20.5.2020 အထိ ) တနင်္ဂနွေ လုပ်ငန်းများ တာဝန်ယူဦးဆောင်ခြင်း၊ ရေရှည်မျှော်မှန်းပြီး အစီအစဉ်ချမှတ်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းများ နှင့်အတူ စီးပွားရေးလုပ်ငန်းသစ်များ စတင်ရန် အချိန်ကောင်းဖြစ်သည်။ မည်သည့်ကိစ္စတွင်မဆို မှန်မှန်ကန်ကန်မျှမျှတတဖြင့် ဖြေရှင်းရမည့်အချိန် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ အထူးကောင်းမွန်နေသော်လည်း အနောက်အရပ်နှင့် မြောက်အရပ် တွင် စီးပွားရှာရန် ခရီးမသွားသင့်ပါ။ အရမ်းပင်ပန်းနေရင်တော့ အနားယူ၊အပန်းဖြေပြီးမှလုပ်စရာရှိတာကိုစလုပ်သင့် ပါတယ်။ တစ်ပါးသူတို့နှင့် ငွေပေး၊ ငွေယူကိစ္စ ရှင်းရှင်းဖြစ်ရန်လိုပါသည်။ အလုပ်တစ်ခုအပေါ်တွင် စွဲမိစွဲရာလုပ်ကိုင် နေမိတတ်ပါတယ်။ အိမ်တွင်းရေးကိစ္စတွေမှာတော့ အပူသောကများနေတတ်ပါတယ်။ သားသမီးအတွက်စိတ်ပင်ပန်းရတတ်ပါတယ်။ အသီး ကောင်းကောင်းကိုရရှိစေရန်အတွက် အပင်ကောင်းကောင်းကို ရွေးချယ်စိုက်ပျိုးရပေလိမ့်မည်။ အပြုသဘောကြံစည်တွေး တော၍ လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း သင့်ဘဝအောင်မြင်ရေးအတွက် သော့ချက်တစ်ခုဖြစ်သည်။ အချစ်ရေး တွင် ချစ်ကြသူအချင်းချင်း ကြည်ဖြူကြပါလျှက် … Read more

မေလ ၁၄ ရက်နေ့မှာ ဒါလေးလုပ်ကြည့်ပါ

၁၄ရက်၅လ ၂၀၂၀ ကြာသပတေး နေ့ မနက် ၈နာရီ မှစ၍ ညနေ ၃ နာရီအတွင် မိမိအဆင်ပြေချိန်တွင် ငရုတ်ကောင်း ၂၇ လုံး ပိတ်ဖြူထဲ ထည့်ကာ ထုပ်လိုက်ပြီး ဆီမီးခွက် အပြည့် နမ်းဆီ ထည့်ကာ ငရုတ်ကောင်းထုပ်အား စိမ်ထား အထက်ပါနေ့ ညမှောင်စပျိုးချိန် မှ ည ၁၂ နာရီအတွင်း မိမိ အဆင်ပြေသော အချိန်တွင် မိမိအိမ် သို့မဟုတ် ဆိုင်သင့်ရာနေရာလွတ် အမြင့်တွင် မီးညှိလိုက်ပါ ဆီကုန်ချိန်ထိထွန်းရပါမည် မီးညွှန့်အား ကောင်းပြီး ပြာဖြစ်သွားပါက ထူးခြားပါမည် အကြွေးပူနင့်အခြား မည်သည့် ကိစ္စကြောင့်ဖြစ်စေ သောကကြောင့်လန့်များ ကင်းစေကာ နစ်လကြာစွာ လိုအပ်နေသော ဆန္ဒများ ပြည့်တတ်ပါသည် နေသွေး Unicode ၁၄ရကျ၅လ ၂၀၂၀ … Read more

စိတ်၏ဆင်းရဲခြင်းကိုဖြစ်စေတတ်သောအကြောင်းအမျိုးမျိုးအတွက် ယတြာ

ဣစ္ဆာသယလိုတိုင်းရ ၁၀ ရက် ကျင့်စဉ် မိမိ မွေးနေ့မှစ (၁၀) ရက်တိတိ နံနက် အရုဏ်တက် အချိန် သက်သက်လွတ် ဆွမ်း(၁) ပွဲ ရေတော် (၁) ဖလား တို့က်ု လှုဒါန်းပါ။ မွနိးတည့် ခါနီး အချိန်တွင် ကြေးဖလား.. ငွေဖလား.. .. တစ်ခု့ ခု့ ဖြင့် ရေ သန့်သန့်ထဲ့ ပြီး သပြေ ၃ ညွန့် စိုက်၍ လှုဒါန်းပါ။ ထို သပြေ ပန်း စိုက်လှုသော ဖလား ကို မွန်းတည့် ခါနီး သို့ရောက်တိုင်း ရေ အသစ်လဲလှယ် လှုပေးပါ။ ပန်း ညှိုးလျှင် ပန်း အသစ်လှုပါ။ရေ နှင့် ပန်း လှုဒါန်း … Read more

7..5..2020 မှ 13..5..2020 အထိ ၇ရက်သားသမီး တစ်ပါတ်စာဟောစာတမ်း

7.5.2020 မှ 13.5.2020 အထိ ၇ရက်သားသမီး တစ်ပါတ်စာဟောစာတမ်းများ တနင်္ဂနွေ လုပ်ငန်းတူပြိုင်ဘက်တို့၏ အကွက်ချထိုးနှက်မှုကို ခံရတတ်ကြောင်းသတိထားသင့်ပါတယ်။ ရောဂါဘယ နည်းပါး နေတတ်ချိန်ပါ။ဒါပေမယ့် စိတ်ဓါတ်ကျလွယ်၊ စိတ်ထိခိုက်ချိန်ပါ။ စိတ်အာရုံရှုတ်ထွေးခြင်း၊ ဒွိဟသံသ ယများခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ထို့ကြောင့် သွက်လက်၍ ထက်မြက် အောင် လေ့ကျင့်နေထိုင်သင့် ပါတယ်။ မေတ္တာစိတ်ထားပြီး မိမိကိုယ်မိမိယုံကြည်စိတ်မွေးမြူကြည့်ပါ။ အားသွန် ခွန်စိုက် တတ်ကြွစွာလုပ်ကိုင် ဆောင်ရွက်မှုများကြောင့် အောင်မြင်ခြင်းဆိုင်းဘုတ်ချိတ်ဆွဲခွင့်ရမည်။ လုပ်ငန်းကိစ္စ ရပ်တိုင်း ကို စိတ်ရှည်ရှည်ထား လျှက်ဆောင်ရွက်ရပါလိမ့်မည်။ မမျှော်လင့်ထားသောအံ့ဩစရာ၊ ဝမ်းသာစရာမင်္ဂလာသတင်းစကားများ ကြားသိရ တတ်သည်။ သင့်ကိုအရေးမပါသူတစ်ဦးအဖြစ် ဥပေက္ခာပြုထားသောသူ အချို့ကို ကလဲ့စားခြေခွင့်ရလိမ့်မည်။ လုပ်ငန်းကိစ္စ ရပ်အသေးအမွှားအချို့ကို ပုံကြီးချဲ့၍ လုပ်ကိုင်ဆောင်ရွက်နေတတ်သည်။ အလွဲလွဲအချော်ချော်လုပ် ဆောင်နေတတ် ချိန်ဖြစ်၍ စီးပွားဥစ္စာတိုးတတ်မှုနှုန်းယာယီကျဆင်းနေလိမ့်မည်။ အချစ်ရေးကံကောင်းမည်။ အိမ်ထောင်ရေးမှာတော့ … Read more

အိမ်ထော င်ရေး၊အလုပ်၊ငွေကြေးကိစ္စ၊စီးပွားရေးများအဆင်ပြေစေရန်ယတြာ

အိမ်ထောင်ရေး၊အလုပ်၊ငွေကြေးကိစ္စ၊စီးပွားရေးများအဆင်ပြေစေရန် အိမ်ထောင်မိသားစုတစ်ခုတွင် စီးပွားရေး၊ ငွေရေးကြေးရေးကိစ္စ အဆင်မပြေပါကလည်း စိတ်သောကဖြစ်စေရာ ကြုံတွေ့ရတက်သည်။ ယခုဖော်ပြပါ ယတြာသည် အိမ်ထောင်ရေးသာမက အလုပ်အကိုင်၊ စီးပွားရေးကိစ္စပါ အဆင်ပြေနိုင်သောယတြာဖြစ်ပါသည်။ ခုနှစ်ရက်သားသမီးများအတွက် မေတ္တာစေတနာအပြည့်ထားပြီး ဆရာမင်းသုခကိုယ်တိုင်ရေးသားတွက်ချက်၍ ထိရောက်သော ယတြာကောင်း တစ်ခုတင်ပေးလိုက်ပါပြီ်။ တနင်္ဂနွေသားသမီးများ မိမိမွေးနေ့ နံနက် ၉နာရီ ၄၅မိနစ်မှာ အုန်းညွန့် (6)ညွန့်၊ ရွက်လှ (၁၇)ညွန့်၊ မေမြို့ပန်း (၁၉)ပွင့် (သို့မဟုတ်) ပျဉ်းမ(၁၉)ရွက် ဘုရားတွင် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။ တနင်္လင်္ာသားသမီးများ မိမိမွေးနေ့ နံနက် ၉နာရီ ၁၅မိနစ်မှာ ကံ့ကော်(၁၅)ညွန့်၊ သပြေ(၂၁)ညွန့်၊ သင်္ဘောသီး(၁)လုံးအား အိမ်ဘုရားတွင် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။ အင်္ဂါသားသမီးများ မိမိမွေးနေ့ နံနက် ၉နာရီ ၂၀မိနစ်မှာ နှင်းဆီ(၁၀)ပွင့်၊ ဇီးညွန့် (သို့မဟုတ်) ဇော်စိမ်းညွန့် … Read more

ထီပေါက်မည်ဟု ကြိုသိနိုင်သော အိပ်မက် ၁၀မျိုး

ထီအိပ်မက် ၁၀ ပါး။ ထီဆုကြီးပေါက်သူများ ကို လေ့လာခွင့် အင်တာဗျူးခွင့် ရခဲ့ဖူးသည်။ထီနှင့်ပတ်သက်၍ လူပညာရှိ ရဟန်းပညာရှိများနှင့် များစွာဆွေးနွေးဖူးသည်။ အနှစ်ချုပ်ကောက်ချက်ချလျှင် အတိတ်ကံနှင့် ပတ်သက်နေသော ဤ ထီသည် အများထင်သလိုရိုးရိုး ဒါနကုသိုလ်ကြောင့် (၃၀%)ဆိုတာထက် ပင့်သကူအလှူဒါန(၇၀%)ကြောင့်ဟု ယူဆလျှင် ပို မှန်ပေမည်။ အလှူအတန်းကုသိုလ် ဒါန အလှူတွင် ” ပံ့သကူအလှူ” နှင့်သာ ပိုမို သက်ဆိုင်ပါသည်။ ထီ နှင့် ဗေဒင် ဆက်စပ်မှုတွင် ထီမပေါ်သေးသော ကာလက ဗေဒင်ရှုထောင့် မည်သို့ရှိပေမည်နည်း ဟု မေးသော် အဖြေက ငွေအစုလိုက်အပြုံလိုက် ဝင်ကိန်းကို ပြဆိုခြင်းသာ ဖြစ်ပြီး ယနေ့ခေတ်တွင် ထိုအဖြေအတွက် ထီ သည် အကျုံးဝင်မည်ပေါ့။ ပံ့သကူအလှူကား ရည်စူး ရည်ညွှန်းပုဂ္ဂိုလ် မပါ။ … Read more

ကဆုန်လပြည့်နေ့တွင်ပြုလုပ်ရမယ့် ကံပွင့်ကံမြင့် အကြံအစည် အလုပ်အကိုင်များအောင်မြင်စေမည့် ယတြာ

ကံပွင့် ကံမြှင့်စေရန် ကဆုန်လပြည့်နေ့ (6.5.2020)တွင်သာပြုလုပ်ရမယ့် ယတြာ နှင်းဆီပန်း(၅)ပွင့် သပြေပန်း(၅)ခက် လမုန့်(၅)ခုတို့အား လင်ဗန်းတစ်ချပ်ထဲတွင်လှပအောင်ပြင်ဆင်၍ထည့်ပြီး ဖယောင်းတိုင်(၅)တိုင် |အမွေးတိုင်(၅)တိုင်|သောက်တော်ရေ(၅)ခွက်စီကိုလည်း ဘုရားရှင်အားဆက်ကပ်လှူဒါန်းပါ အနန္တော အနန္တ ငါးပါးအား ရည်စူးကပ်လှူပူဇော်ရင်း အောက်ပါအတိုင်း လေးလေးနက်နက် ဆုတောင်းပေးပါ `ဘုရားရှင်အမှူးရှိသော အနန္တငါးပါးအားရည်မှန်း၍ ရည်စူး၍ နှင်းဆီပန်း (၅)ပွင့်တိုဖြင့်လည်းကောင်း| သပြေပန်း(၅)ခက်တို့ဖြင့်လည်းကောင်း| လမုန့်(၅)ခုတို့ဖြင့်လည်းကောင်း| ဖယောင်းတိုင်(၅)တိုင်တို့ဖြင့်လည်းကောင်း| အမွေးတိုင်(၅)တိုင်တို့ဖြင့်လည်းကောင်း| ရေတော်(၅)ခွက်တို့ဖြင့်လည်းကောင်း ကပ်လှူပူဇော်ကန်တော့ပါ၏ ဤသစ္စာမှန်ကန်ပါက| ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း| ဤမှန်သောသစ္စာတန်ခိုးကြောင့်သော်လည်းကောင်း| အရပ်လေးမျက်နှာ| အရပ်ရှစ်မျက်နှာ| အရပ်ဆယ်မျက်နှာတို့မှ ငွေကြေး|စည်းစိမ်ဥစ္စာ| ရတနာများစွာတို့သည်လည်းကောင်း| စိန်ရွှေရတနာ| ကျောက်မျက်ရတနာများစွာတို့သည်လည်းကောင်း |အလုပ်အကိုင်| အကြံအစည်ကိစ္စများစွာတို့သည်လည်းကောင်း လျင်မြန်စွာတိုးတက်ဝင်ရောက် လာကြပါစေသတည်း လျင်မြန်စွာ ဝင်လာမစဲ |တသဲသဲ စည်ကားလာကြပါစေ| ရောက်ရှိလာကြပါစေကုန်သတည်း ‘ဟူ၍ (၅)ကြိမ် |(၅)ခါတိတိ ရွတ်ဆိုဆုတောင်းပေးရပါမည် ကဆုန်လပြည့်နေ့မှစ၍ ကံပွင့်ကံမြင့် … Read more

30..4..2020 မှ 6..5..2020 အထိ ၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

30.4.2020 မှ 6.5.2020 အထိ ၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း တနင်္ဂင်္နွေ ဒီကာလအတွင်း ဘာသာရေးမမေ့သူများ ပြန်လည်အဆင်ပြေလာမည်။အကြီးအကဲတွေဆီကအကူအညီ အထောက်အပံ့တွေရလာမည်။ပညာရပ်နှင့် အသက်မွေးခြင်းကနေငွေဝင်မည်။ အရင်းအနှီးများ မြုပ်နှံဖြစ်နေမည်။ ငွေများ၊ အကြွေးဟောင်းများ ပြန်ရတတ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့အဆက်အသွယ်ပြတ်မည်။ နာမည်သာရှိ နေ၍ ငွေဗလာဖြစ်နေသူတွေကိုကူညီခွင့်ရမည်။ နောက်ပိုင်းမကြာမီ ယခုထက်ပိုမိုအသက်ရှု ချောင်လာမည်။ အဆက်အသွယ်များ ပြန်ကောင်းလာမည်။ ဆုံးမည်လို့ထင်ထားတဲ့အကြွေးအချို့ ပြန်ရမည်။ အိမ်တွင်းရေးတွင် အိမ်ထောင် ဖက်၏ လိမ်ညာမှုခံရမည်။ အစစ၊ အရာရာ သူပြုသမျှယုံနေလို့မရ။ သင်္ချာနှင့် စက်မှုနည်းပညာ ပိုင်းဆိုင်ရာ ပညာရပ်များ သင်ယူဖြစ်မည်။ ဆရာကောင်းရမည်။ နေအိမ်မှာပင် ပညာသင်ကြားခွင့်ရမည်။ အိုင်တီ နည်းပညာနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးရမည်။ အချစ်ရေးတွင် အချစ်ရေးထက် အိမ်ထောင်ရေးကို ပိုမိုစိတ်ဝင် စားနေမည်။ ချစ်သူ နဲ့လက်ထက်ဖို့ကိစ္စတွေတိုင်ပင်ဖြစ်နေမည်။ အလုပ်ထဲတွင် … Read more