လုံးဝတွဲမသောက်သင့်သော ပါရာစီတမောနဲ့ ကော်ဖီ
ပါရာစီတမောနဲ့ ကော်ဖီ လုံးဝတွဲ မသောက်သင့်ပါ အချိန် ခဏလေးပေးပြီး ဖတ်ကြည့် ပါနော် ။ ပျင်း လို့ ဆိုပြီးလည်း ကျော်မသွားကြပါ နဲ့ ။ သိပြီးသား သူတွေကလည်း မသိသေး တဲ့ သူတွေ အတွက် ပြန်လည် မျှဝေပေးလိုက် ပါနော်။အခုပြောပြပေးမဲ့ အကြောင်းရာကတော့ ပါရာစီတမော “Paracetamol” အကြောင်းပဲ ဖြစ်ပါတယ် ။ ပါရာစီတမောကို ဆရာဝန် ညွှန်ကြားမှု မရှိပဲ အလွယ်တကူ ဝယ်သောက်နေသူများ များပြားလာပါပြီ ။ နေမကောင်းလို့ သောက်တယ် ၊ ခေါင်းမူးလို့ သောက်တယ် ၊ ညောင်းညာကိုက်ခဲလို့ သောက်တယ် ၊ ဗိုက်အောင့်လို သောက်ကြတယ် ။ အကြောင်း အမျိုးမျိုးနဲ့ သောက်သုံး နေတာကို တွေ့ရပါတယ် … Read more
ချီးမွမ်းစကားသာ ပြောပေးပါ
ချီးမွမ်းစကား ပြောကြားပါ ရှေးအခါက ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်တွင် ပုဏ္ဏားတစ်ယောက် အိမ်၌ လူစကားကို နားလည်သော ပြောလည်း ပြောတတ်သော နန္ဒိဝိသာလဆိုတဲ့ နွားသည် သူ့အပေါ် ကောင်းစွာ ကျွေးမွေးပြုစုသော ပုဏ္ဏားအား ကျေးဇူးဆပ်ရန် ရည်ရွယ်၍ ” အို ပုဏ္ဏား ဂေါဝိတ္တက သူဋ္ဌေးနဲ့ သွားပြီး စကားပြောပါ”လေဝန် တင်ထားသော လှည်းတစ်ရာအား လိမ့်စေနိုင်သော နွားသည် အကျွန်ုပ်အိမ်၌ ရှိ၏ဟု ပြောဆိုကာ အသပြာတစ်ထောင်ကြေး လောင်းပါလေဟု ပြောဆို၏ ။ ယှဉ်ပြိုင်နေ့တွင် သဲကျောက်စရစ်များ အပြည့်တင်ထားသော လှည်းတစ်ရာအား တစ်စပ်တည်း ချည်၍ ရှေ့ဆုံးလှည်း၌ နန္ဒိဝိသာလနွားကို တပ်ဆင်ကာ လှည်းပေါ်မှ နေ၍ ပုဏ္ဏားသည် နှင်တံကို မြှောက်ကာ ကောက်ကျစ်သောနွား သွားလော့ ဝန်ကိုဆောင်လော့ဟု ဆို၏။ … Read more
အနှစ် ၅၀ ကျော်သည့် တိုင် အရင်အတိုင်းရှိနေသည့် ကျောက်မဲအကျဉ်းသားဇတ်ကားထဲက အိမ်ကလေး
ကျောက်မဲအကျဉ်းသား အဲဒီဇာတ်ကားလေးကိုကျွန်တော်တို့ငယ်ငယ်တုန်းကကြည့်ခဲ့ဘူးတယ် ကျောက်မဲ -သီပေါအကြားကကျင်သီရွာအနီးလေးမှာ ဝင်းဦးတံတားလို့နာမည်ကျော်ခဲ့တာ အတော်များများသိကြတယ် ကားလမ်းအပေါ်မှာကမီးရထားလမ်းကျောက်မဲအကျဉ်းသားဇာတ်ကားမှာမင်းသားဝင်းဦးကဇတ်ဝင်ခန်းအရ မီးရထားပေါ်ကနေကားပေါ်လှမ်းခုန်ချတဲ့အခန်းလေးရိုက်ခဲ့လို့ အဲဒီနေရာလေးကိုဝင်းဦးတံတားလို့ခေါ်တာအခုအချိန်အထိပါဘဲအဲဒီတံတားကိုလူတွေတော်တော်လေးသိကြတယ် တံတားပေါ်ကခုန်ချထွက်ပြေးလာပြီး ကျောက်မဲမှာလာပုန်းနေတဲ့အခန်းလေးရိုက်တယ် ပျဉ်ထောင်အိမ်ကလေးထဲလာပုန်း‌နေတာ ပျဉ်ထောင်အိမ်ရှေ့ကဝါးရံတာလေးမှာသတိရနေတဲ့အလွမ်းအဆွေးခန်းလေးရိုက်ခဲ့တာ အနှစ် ၅၀ ကျော်လောက်ရှိပြီ ဒါပေမဲ့ အဲဒီအိမ်ကလေးကျောက်မဲမှာ အခုအချိန်အထိအဲဒီတုန်းကအတိုင်းလေးမပျက်မဆီးဘဲကျောက်မဲမှာရှိသေးတယ် ပိုင်ရှင်ကတမင်တကာကို အမှတ်တရအဖြစ်ထိမ်းသိမ်းစောင့်ရှောက်ထားတာ ဒီအိမ်ကလေးက စာရေးဆရာဒေါက်တာ ကမ္ဘောဇခင်လှိုင် စာရေးခဲ့တဲ့အိမ်လေးဆိုလဲဟုတ်တယ် ဒီနေ့ကျွန်တော်ကျောက်မဲမြိုတည်သမိုင်းရိုက်တော့ အဲဒီအိမ်လေးကိုလဲပါစေချင်လို့ အဲဒီအိမ်ကလေးအထိသွားရိုက်ခဲ့ကြတယ် ကျောက်မဲမြို့ရဲ့ဘယ်နေရာမှာအဲဒီအိမ်က‌လေးရှိသေးတာလဲ ? ဘယ်သူသိလဲ ? ယနေ့အချိန်အထိဟိုယခင်ကလိုအကောင်းအတိုင်းရှိနေသေးပါတယ် အဲဒီအိမ်ကလေး ဘယ်သူတွေသိလို့ ဘယ်သူတွေရောက်ဘူးကြပါသလဲ ကျွန်တော်ကတော့ဒီအိမ်လေးမှာဒီနေ့ဓါတ်ပုံရိုက်ခဲ့လိုက်ပါပြီ အဲဒီအိမ်ကလေးကိုမမြင်ဘူး‌တဲ့သူတွေမြင်ဘူးအောင်လဲဓါတ်ပုံရိုက်ခဲ့ပါတယ် မြင်ဘူးအောင်ကြည့်လို့ရတာပေါ့ Kyaw Kyaw Oo Unicode ကျောက်မဲအကျဉ်းသား အဲဒီဇာတ်ကားလေးကိိုကျွန်တော်တို့ငယ်ငယ်တုန်းကကြည့်ခဲ့ဘူးတယ် ကျောက်မဲ -သီပေါအကြားကကျင်သီရွာအနီးလေးမှာ ဝင်းဦးတံတားလို့နာမည်ကျော်ခဲ့တာ အတော်များများသိကြတယ် ကားလမ်းအပေါ်မှာကမီးရထားလမ်းကျောက်မဲဲအကျဉ်းသားဇာတ်ကားမှာမင်းသားဝင်းဦးကဇတ်ဝင်ခန်းအရ မီးရထားပေါ်ကနေကားပေါ်လှမ်းခုန်ချတဲ့အခန်းလေးရိုက်ခဲ့လို့ အဲဒီနေရာလေးကိုဝင်းဦးတံတားလို့ခေါ်တာအခုအချိန်အထိပါဘဲအဲဒီတံတားကိုလူတွေတော်တော်လေးသိကြတယ် တံတားပေါ်ကခုန်ချထွက်ပြေးလာပြီး ကျောက်မဲမှာလာပုန်းနေတဲ့အခန်းလေးရိိုက်တယ် ပျဉ်ထောင်အိမ်ကလေးထဲလာပုန်း‌နေတာ … Read more
ပန်းနာရင်ကျပ်၊ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာနှင့် သွေးတိုးကျစေသည့် ရှမ်းနံနံ
ပန်းနာရင်ကျပ်၊ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာပျောက်ကင်းသော ရှမ်းနံနံ ရှမ်းနံနံသာ ပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ်မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်းပါတယ်၊ ရခိုင်ဟင်းတွေမှာလည်းပါတယ်၊ မြန်မာဟင်းတွေမှာလည်းပါတယ်၊ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံတွေနိုင်းချင်းထည့်စားကြတာတွေ့ဖူးတယ်။ ရှမ်းနံနံက အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကိုပိုမွှေးစေတယ်လေ။အစကတော့ မြန်မာမှာပဲ သုံးကြတယ်ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒ်ါပေမယ့် သူ့အကြောင်းရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာသိလိုက်ရတယ်။ ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကတြယ်၊ အစာကြေတယ်၊ စတဲ့ကျန်းမာရေးအကြိုးကျြေးဇူးတွေကြောင့် အေရွ့တောင်အာရွမွာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ထိုင်းမွာလည်း စားသုံးကြပါတယ်။ထိုင်းဟင်းလြာတွေမွာဆို နံနံပင်အမြဈ၊ ရွမ်းနံနံအမြဈတွေထောင်းထည့်တော့ မွေးနေရော။ သူတို့တွေဆီမွာ ဘယ်ရောဂါတွေအတွက် သုံးကြလဲဆိုတော့ … Read more
ဆိုင်ကယ်စီးနင်း မောင်းနှင်သူတိုင်းသိသင့် ဥပဒေများ
ဆိုင်ကယ်စီးနင်း မောင်းနှင်သူများသိရှိစေရန်….. (2020-ဥပဒေသစ်) ယာဉ်နံပါတ်မထင်ရှား =ကျူးလွန်သည့်ပုဒ်မ(၈၄-က) ။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ ။ အခြားနံပါတ်တပ် =ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေ သုံးသိန်း.ထောင်သုံးလ။ ယာဉ်နံပါတ်ပြားမတပ်=ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း.ထောင်သုံးလ ။ ဝှီးတက်သက်တမ်းကုန် =ကျူးလွန်သည့်ပုဒ်မ(၈၀)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း.ထောင် တစ်လ။ မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း .ထောင် တစ်လ ။ တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး =ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁ ။ဒဏ်ငွေတစ်သိန်း . ထောင် တစ်လ ။ ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)၊ အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း.ထောင်တစ်လ ။ မူးယစ်ဆေးဝါးသုံးအရက်မူးလွန်းမောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-ဇ)။အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း .ထောင်တစ်လ မောင်းလိုင်စင်မပါ = ကျုးလွန်းသည့်ပုဒ်မ(၇၅-က)။ … Read more
ပျားရည် စစ်မစစ် ခွဲခြားနည်း
ပျားရည်အစစ်အတုခွဲနည်းနှင့် ပျားရည်၏အစွမ်း ပျားရည်ဟာ ကျွန်တော်တို့လူသားတွေအတွက်တော့ အကောင်းဆုံးသော အာဟာရတခုဖြစ်သလို အကောင်းဆုံးသော ဆေးတမျိုးလည်းဖြစ်ပါတယ်။ ပျားရည်ဟာ နှုတ်ကိုမြိန်စေတယ်။ဝမ်းမီးကိုတောက်စေတယ်။ပျို့အန်ခြင်းကိုတားမြစ်တတ်တယ်။ရေငတ်ပြေစေနိုင်တယ်။ခြောက်တတ်စေတယ်။တွန့်ရှုံ့စေတတ်တယ်။သွေးယိုစီးခြင်း၊ဝမ်းသက်ခြင်းကိုပိတ်စေတယ်။ ကြို့ထိုးခြင်းကိုပျောက်စေတယ်။ဝမ်းတွင်းရှိပိုးကို သတ်တတ်တယ်။အေးတယ်။ကြေကျက်လွယ်တယ်။နူးညံ့တယ်။ရသကြောတွင်းသို့ဝင်၍ ရသကြောတို့ကို သုတ်သင်တတ်တယ်။ပျားရည်၏မူလအရသာမှာ ချိုသော်လည်း အဖန်ဓာတ်လည်း အတွင်းမှာကိန်းတယ်။ဒေါသသုံးပါးကို ကင်းစေတယ်။ အချို့အချိန်တွင် ပျားရည်သည် လေကိုပြုတတ်သော်လည်း လေဖောက်ပြန်ရာ၌၎င်း၊ဆောင်းဥတု၌၎င်း၊ပျားရည်ကိုသုံးဆောင်ရမည်။ပျားရည်ကိုသောက်သော် အသံကောင်းတယ်။ကိုယ်နူးညံ့တယ်။အရောင်အဆင်းကို ဖြစ်စေတယ်။သုက်ကိုပွါးစေတယ်။ခွန်အား၊အသိဉာဏ်၊ကာမသတ္တိကိုအားပေးတယ်။ မွတ်သိပ်ခြင်းကင်းစေ၍ နှစ်သက်ခြင်းကိုဖြစ်စေတယ်။ရောင်ရဲခြင်းကိုဖြစ်စေတယ်။မျက်စိရောဂါကိုလည်းကောင်းမွန်စေတယ်။အရက်အလွန်သောက်ခြင်းကြောင့် ဖြစ်တတ်သောရောဂါများ၊တွေဝေခြင်းနှင့် နှလုံးရောဂါများကိုပျောက်ကင်းစေတတ်တယ်။သလိပ်ကိုထုတ်ဆောင်တတ်တယ်။ချောင်းဆိုးနဲ့ပန်းနာတို့၌အကျိုးပြုတယ်။ ပိုးကိုနိုင်ခြင်း၊အဆိပ်ကိုနိုင်ခြင်းကြောင့် အနာများပေါ်မှာလိမ်းကျံပေးသင့်တယ်။အနာများ၌အကြောများပုပ်ခြင်းကို အပြင်သို့ထုတ်ဆောင်တတ်တယ်။အနာများကိုစင်ကြယ်စေ၍ အသားနုတက်စေနိုင်တယ်။အရိုးကျိုးခြင်း၊အသားကွဲခြင်းကို ဆက်စေနိုင်တယ်။ နူနာ၊မြင်းသရိုက်ရောဂါ၊သည်းခြေဖောက်ပြန်ခြင်း၊ပူလောင်ခြင်း၊သွေးဖောက်ပြန်ခြင်း၊သလိပ်ရောဂါ၊ဝလွန်းခြင်း၊တူလာသရောနာ၊ချုပ်ခြင်း၊ခန္ဓာကိုယ်ခြောက်ခြင်း၊ခယရုပ်ရောဂါ၊အဆုပ်ရောဂါတို့ကို ပျောက်ကင်းစေတတ်တယ်။ ဤအကျိုးစွမ်းရည်တို့ကို ပျားရည်အစစ်ကသာလျှင် ပေးစွမ်းနိုင်ပါတယ်။ပျားရည်အတုကို အစစ်ထင်ပြီး အသက်ရှည်ဆေး၊အားတိုးဆေး စသောဆေးနည်းတို့မှာထည့်သွင်းပြီး စားသုံးမိရင်တော့ လိုအပ်သောအကျိုးမပြီးပဲ ဘေးဒုက္ခတွေသာရတတ်ပါတယ်။ ထို့ကြောင့်ဤပျားရည်စစ်မစစ်ခွဲခြားနည်းကို ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။ ၁။ပျားရည်ကိုရေအေးဖန်ခွက်တွင်ထည့်ပါ။စုခဲထိုင်နေကစစ်သည်ဟူ၍မှတ်ပါ။သာမန်စုခဲခြင်း၊အရည်ကျဲ၊ပွဖောင်းစုခဲနေခြင်း၊ရေနှင့်ရောသွားခြင်းဖြစ်မူ အတုဟုမှတ်ပါ။ ၂။စက္ကူဖြူဖြူပေါ်တွင်(အပွသား ကောင်း၏)ပျားရည်စက်ကိုချပါ။ပြန့်သွားခြင်း၊အောက်သို့စိမ့်ဝင်သွားခြင်းဖြစ်မူ မစစ်။ ၃။ဒုတ်ချောင်းတွင်ပျားရည်တို့၍မီးရှို့ပါ။မီးတောက်လျှင်အစစ်။မီးအနည်းငယ်တောက်ပီးမှ သေသွားလျှင် အနည်းငယ်သာစစ်သည်။မီးလုံးဝမတောက်လျှင်အတု။ ၄။ပျားရည်ကို … Read more
သင့် မှာ ယခု အောင်မြင်ရေးလမ်းကြောင်းပေါ်နေပြီလား
အသားအရေ နှင့် အလှအပအတွက် စံပါယ်ပန်း၏ လျှို့ဝှက်ချက်
စံပယ်ပန်းလို့ ပြောလိုက်ရင် ဖြူဖြူဖွေးဖွေး မွှေးမွှေးလေးနဲ့ ပန်းလှလှလေးကို ပြေးမြင်မယ်ထင်ပါတယ်။ ဒီ ပန်းလှလှလေးက ရနံလေးတင် မွှေးတာမဟုတ်ပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူး ရှိသလို အသားအရေ အတွက်လည်း အထောက်အကူပြုပေးပါတယ်။ စံပယ်ပန်း လှလှလေးတွေက အသားအရေကို ဘယ်လိုများ အထောက်အပံ့ ပေးသလဲဆိုတာကို ဒီဆောင်းလေးကနေ ပြောပြပေးမယ်နော်။ စံပယ်ပန်းမွှေးမွှေးလေး ကပေးတဲ့ အသားအရေ ကျန်းမာရေး အရောင်ဖွေးဖွေးလေးနဲ့ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေနိုင်တယ် စံပယ်ပန်းက အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိတာ​ကြောင့် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ စံပယ်ရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ထဲကို သံပုရာရည်ထည့်လို့ ဝက်ခြံဖြစ်တဲ့ နေရာပေါ်ကို လိမ်းကျံပေးရုံပါ။ ပြီးရင် … Read more
မချိုမချဉ်အရသာလေးနဲ့ သရက်သီး အုန့်နို့ကျောက်ကျော လေးလုပ်စားမယ်
မချိုမချဉ်အရသာလေးနဲ့ သရက်သီး အုန့်နို့ကျောက်ကျော သရက်သီးတွေ ပေါနေတဲ့အချိန်ဆိုတော့ မမလေးရဲ့ သရက်သီး အုန်းနို့ကျောက်လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ထမင်းစားပြီး အချိုတည်တာပဲဖစ်ဖြစ် ၊ နေ့လည်ဖက် အဆာပြေစားတာ ဖြစ်ဖြစ်လုပ်ပြီး စားကြည့်ကြရအောင်နော်။ ပါဝင်ပစ္စည်းများ သရက်သီးမှည့် – ၄ လုံး သကြား – ၅၀ သား ကျောက်ကျော – ၅၀ဂရမ် (၁ထုပ်) အုန်းနို့ဗူးကြီး – ၂ ဗူး ဆား – အနည်းငယ် ရေ – ၁ လီတာခန့်် ပြုလုပ်နည်း သရက်သီးကို အခွံခွာ၍ အနေတော်ပိုင်းဖြတ်ကာ ရေ 200mlခန့်ထည့်၍ သစ်သီးကြိတ်စက်ဖြင့် ကြေညှက်အောင်ကြိတ်ကာ ကျာက်ကျောမှုန့်တစ်ဝက်ခန့်နဲ့ သကြား၂၅ကျပ်သား အုန်းနို့၁ဗူး ဆားအနည်းငယ်ရောထည့်ကာ မီးဖိုပေါ် မီနစ်၂၀ခန့်ကျိုပါ ။ … Read more
ထန်းသီးချက် ၊ ထန်းသီးကြော် ကြော်နည်း
ထန်းသီးချက် အညာစာစစ်စစ်လေးပေါ့။ထန်းသီးချက်ရာမှာထန်းသီးကို မနုလွန်းမရင့်လွန်းတာကို ရွေးရပါတယ်တဲ့။ တစ်ချိုကတော့ ဒီရက်ပိုင်း ထန်းသီးဆံကို အမျိုးမျိုးချက်ဖြစ်ပါတယ်။ ဝန်ထမ်းကလေးတွေက ကြိုက်တာမို့ ရာသီစာလေးကို အမျိုးမျိုးချက်ကျွေးဖြစ်တယ်။ မန်ကျည်းရွက်ထန်းသီးဆံချက် ထန်းသီးဆံနုနုလေးတွေကို အရင်ဆုံးအဆံထုတ်ထားပါနော်။ အရင်ဆုံး ကြက်သွန်နီ/ဖြူ ဆီသတ်။ ငပိလေး ပါတယ်ဆိုရုံ မဆိုသလောက်လေးထည့် ။ပြီး ထန်းသီးထည့်။ အရသာထည့်။ မန်ကျည်းရွက်ထည့်။ အချဉ်ဘက်ကဲအောင် မန်ကျည်းရွက်များများထည့်ပါတယ်။ ငရုတ်သီးကြမ်းဖတ်လေး နည်းနည်းထည့်သလို အစပ်စားချင်တာကြောင့် ငရုတ်သီးစိမ်းကိုလည်း လေးစိတ်ကွဲထောင်းပြီး ထည့်ပါတယ်။ ထန်းသီးအစိမ်းနံ့ပျောက်ပြီး ဆီပြန်လာပြီ အိစက်နေပြီဆိုရင်တော့ ချလို့ရပါပြီ။ တချို့ကျ မဆလာလေးအုပ်သတဲ့။ ထမင်းနဲ့စားတာထက် ဒီအတိုင်း ထိုင်စားရတာပိုကြိုက်တယ်။ ကလေးတွေကတော့ ကြိုက်ကြသလား မမေးနဲ့။ ချဉ်ပေါင်ရွက်ထန်းသီးချက် မန်ကျည်းရွက်နဲ့ထန်းသီးဆံချက်သလိုပါပဲ။အဲ့နေ့ကမန်ကျည်းရွက်ကုန်နေလို့ မန်ကျည်းရွက်အစား ချဉ်ပေါင်ရွက်သုံးလိုက်တာပ။ ချကာနီးကျ ပျဉ်းတော်သိမ်ရွက်ကလေးအုပ်လိုက်တာပေါ့။ တစ်ချို့ကတော့ ချဉ်ပေါင်ရွက်နဲ့ချက်တာကို ပိုကြိုက်ပါတယ်။ နောက်တမျိုးက … Read more