မြန်မာနိုင်ငံရဲ့လူဦးရေ (၃) ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်မှာ စတင်ရရှိမည်

၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်ထဲမှာမြန်မာနိုင်ငံကို COVID-19 ကာကွယ်ဆေး (၃)ရာခိုင်နှုန်း စတင်ရောက်ရှိဖို့ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင် အာရှဒေသကြီးအဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာစောဝင်းကပြောပါတယ်။ ဒီဇင်ဘာ (၅) ရက်ကပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ရဲ့ Challenges of Time & Scale ဟောပြော ဆွေးနွေးပွဲမှာထည့်သွင်းပြောခဲ့ တာပါ။ “COVAX Facility ပေါ့ ဒါကတော့ ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီတွေလည်း အများကြီးပါတယ်။ နိုင်ငံတွေလည်းအများကြီးပါတယ်။ ပေးမယ့်နိုင်ငံတွေ လည်းအများကြီးပါတယ်။ အဲဒီ့ အရတော့ သူတို့ခန့်မှန်းချက်က ၂၀၂၁ ခုနှစ် ပထမသုံးလပတ်မှာ သူတို့လိုအပ်တဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေဆိုင်ရာ နဲ့ပတ်သက်တဲ့ Assessment တွေလုပ်မယ်။ ပြီးရင်ဒုတိယ သုံးလပတ်မှာ ကျွန်တော်တို့ဆီကို (၃) ရာခိုင်နှုန်းစပြီးတော့ … Read more