ကောက်ညှင်းရွှေထမင်း လုပ်နည်းလေး

ကောက်ညှင်းရွှေထမင်း ငယ်ငယ်က မြန်မာမုန့်တွေ ရပ်ကွက်ထဲမှာ လည်ရောင်းလေ့ ရှိတဲ့ ဈေးသည်ကြီးဆီက ရွှေထမင်းကို နေ့တိုင်းနီးပါး ဝယ်စားလေ့ရှိတယ်.. သူရောင်းတဲ့ ရွှေထမင်းက စားဘူးသမျှတွေထဲမှာအကောင်းဆုံးပါ..။ ကောက်ညှင်း စစ်စစ်ကို ဆန်မရောဘဲ..နပ်နေအောင်ပေါင်းပီး မြန်မာ မုန့်လုပ်ထန်းလျှက် လေးနဲ့ ရောမွှေထားကာ မျက်နှာပြင် ဆီလေး သုပ်ထားတော့.. အရောင်တက်ပီးပြောင်လက် စားလိုက်ရင်လည်း မွှေးပီး အိနေတာဘဲ..။ သူအုန်းသီးလေးက မနုမရင့်လေး..လှအောင်လည်း ခြစ်တတ်သေး.. သူရောင်းတဲ့မုန့်တိုင်းကို စေတနာနဲ့ ကောင်းကောင်းထားပီး လုပ်လေ့ရှိသူ…။ သူ့စိတ်စေတနာကောင်းနဲ့ပြုလုပ်ထားတဲ့ မုန့်ကောင်းကောင်းလေးတွေကို စားခဲ့ဘူးသူ၊ နှစ်ပေါင်း ၃၀ ကျော်ကြာသည်အထိ ဝေးတမြေကနေ တသသ သတိရနေသူက …ရွှေထမင်းလုပ်နည်းလေး ရေးပါသည်..။ ရွှေထမင်း (Feb 9,16) ပါဝင်သောပစ္စည်းများ 1. ကောက်ညှင်းဆန် ၂ rice cooker ခွက် … Read more