ကျီးပေါင်း ၊ဂေါက်ရောဂါ၊ ခြေဆစ် လက်ဆစ် နာခြင်း တို့ အတွက်

ကျီးပေါင်း ၊ဂေါက်ရောဂါ၊ ခြေဆစ် လက်ဆစ် နာခြင်း တို့ အတွက် ကျီးပေါင်း​ရောဂါအတွက် အလွန်ကောင်း ၊ဂေါတ်ရောဂါအတွက်လည်း အလွန်ကောင်း ၊ယူဒီးအက်စစ်များသူအတွက်လည်း အလွန်ကောင်း၊ချောင်းဆိုးခြင်းစတဲ့ လည်ချောင်းရော ဂါအတွ က် လည်း အလွန်ကောင်းလို့ပဲပြောရမှာပါ။ ယူဒီးအက်စစ်များလွန်း၍ ခြေဆစ်လက်ဆစ်ကိုက်ခဲခြင်း ဖူးရောင်ခြင်း များကို နှစ်လုံး သုံးလုံးသောက်လိုက်တာနဲ့ ပျောက်ကင်းသွားသူ ဒကာက လျှောက်ထား၍ ကိုယ်တိုင် စမ်းကြည့်ခြင်း ဖြစ်ပါတယ်။ ဆေးနည်းပြုလုပ်ပုံက ခပ်နုနုသင်္ဘောသီးတစ်လုံးကို ထိပ်ကဓားနှင့်လှီး ၍ အစေ့အနု သင်္ဘောအစေးတို့ကို မဖယ်ရှားပဲ သင်္ဘောသီးအခေါင်းထဲ၌ ကျက်ကျက်ဆူနေသောရေနွေးကို လောင်း ထည့်၍ လှီးထားတဲ့ သင်္ဘောခွန်နဲ့ ပြန်ပိတ်ထားလိုက်ပါ။ နွေးနွေးလေးသောက်လည်း ရပါတယ် အေးမှသောက်လည်းရပါတယ်။ သောက်ပြီးရင် ရေနွေးပြန်ထည့် ဤနည်းဖြင့် တနေကုန်သောက်ပေးပါ နောက်နေ့လည်း ဆက်သောက်နိုင်ပါသေးတယ်။ သင်္ဘောသီး အရွက်တို့ … Read more

ယခုရက်ထဲ ကျီးပေါင်းနှင့်အရိုးအတက်ထွက်ခြင်းဝေဒနာအမေးများနေလို့ပါ

ယခုရက်ထဲကျီးပေါင်းနှင့်အရိုးအတက်ထွက်ခြင်းဝေဒနာအမေးများနေလို့မသိရှိသေးသူများအတွက်ပြန်တင်ပေးလိုက်ပါသည်။ ဂုတ်_ခါး_ဒူး_ဖနောင့် အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း အရိုးကျိုးသည့်နေရာ အရိုးကျီးပေါင်းတက် အရိုးအဖုဖြစ်နေသည့် သူများအတွက် လက်တွေ့ဆေးနည်း လိုအပ်သည့်ဆေး ၁ ။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် ။ ( ဟင်းနုနွယ်အရိုင်းပင် ဆူးများပါပါသည် ) ၂ ။ ထမင်း လက်တစ်ဆုပ် ။ ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ် အပင်အရွက် အမြစ် ပါ ( ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်စုပ် ဆတူကို ဆုံးတစ်ခုမှာ ထည့်ထောင်းပါ ။ ( မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ ) ထောင်းပြီးရင် ပတ္တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ် ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ … Read more