ကြက်ဥတစ်လုံးနဲ့ ဆံပင်ရော၊ မျက်နှာပါ ပေါင်းတင်မယ်

ငွေကုန်ကြေးကျမများဘဲနဲ့လည်း လှလို့ရနိုင်ပါတယ်။ ကျန်းမာရေးလိုက်စားသူတိုင်း ကြက်ဥရဲ့စွမ်းအင်ကို သိကြပါတယ်။ ကြက်ဥက အာဟာရဖြစ်စေရုံသာမက အလှအပရေးရာမှာလည်း သုံးလို့ရနိုင်ပါသေးတယ်။ ကြက်ဥတစ်လုံးတည်းနဲ့ ဆံပင်ရောမျက်နှာပါ ပေါင်းတင်ဖို့ အကာသပ်သပ် အနှစ်သပ်သပ် ခွဲထားလိုက်ပါ။ ကြက်ဥအကာ – ကြက်ဥအကာကို မျက်နှာပေါ်မှာ ဒီအတိုင်းလေးပဲ လိမ်းထားလိုက်ပါ။ မိနစ် ၂၀ မှ ၄၅ မိနစ်အထိ မျက်နှာပေါ်မှာထားပြီး ရေဆေးလိုက်ရင် မျက်နှာပေါ်က ဆားဝက်ခြံံတွေ ဖယ်ရှားပြီးသား ဖြစ်သွားပါတယ်။ အသားအရေကို ကြည်လင်စေပြီး တင်းရင်းနုပျိုစေနိုင်ပါတယ်။ကြက်ဥအနှစ် – ကြက်ဥအနှစ်ကို ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောသမမွှေပါ။ ရလာတဲ့အနှစ်ကို ဆံပင်အနှံ့ သုတ်လိမ်းပြီး ဦးရေပြားကို လက်ချောင်းလေးတွေနဲ့နှိပ်နယ်ပေးပါ။ နာရီဝက်ကြာရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ တောက်ပနူးညံ့တဲ့ ဆံကေသာတွေကို ချက်ခြင်းပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ သတိထားရမှာကတော့ ဆံပင်ပေါ်က ကြက်ဥအနှစ်တွေကို … Read more