(ဒီနေ့) ည ၁၀ နာရီလောက်ကနေ နောက်နေ့ (ဒီဇင်ဘာ ၁၄ ရက်) နံနက်စောစောအထိ ကြယ်မိုးတွေရွာမည်

ဒီည ကြယ်မိုးရွာတာကို စောင့်ကြည့်ကြမယ်နော် ကေ – ဂျူဝယ်လ် ညအခါ မိုးပေါ်ကနေ တောက်ပတဲ့အလင်းတန်းလေး အောက်ကို မြန်မြန်ကျဆင်းလာတာမျိုး ကလေးတို့ မြင်ဖူးကြသလား။ မြို့ကြီးတွေက ကလေးတွေအတွက်အထူးအဆန်းဖြစ်နေမှာပဲနော်။ မြို့ပြမှာ မီးအလင်းရောင် တွေကြောင့် မိုးပေါ်မှာ လမင်းကြီးသာနေတာတောင် သတိမထားမိကြတာ များတယ်။ ကျေးလက်ဒေသမှာနေကြသူတွေအဖို့တော့ ကြယ်ကြွေတာမျိုးကို မကြာခဏ မြင်နိုင်တာပေါ့။ ဒီည (ဒီဇင်ဘာ ၁၃ ရက်ည) မှာတော့ ထူးထူးခြားခြား မိုးရွာသလိုမျိုး ကြယ်လေးတွေတဖြုတ်ဖြုတ် ကြွေကျလာမှာဆိုပြီး နက္ခတ်တာရာတွေကို စောင့်ကြည့် ကြတဲ့ ပညာရှင်တွေက ဆိုထားပါတယ်။ မမတို့မြေကမ္ဘာတည်ရှိရာ နေစကြဝဠာကြီးထဲမှာ နေကိုလှည့်ပတ်နေတဲ့ ဂြိုဟ်ကြီးတွေဖြစ်တဲ့ မာကျူရီဂြိုဟ် (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)၊ ကမ္ဘာဂြိုဟ်၊ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)၊ ဂျူပီတာဂြိုဟ် (ကြာသပတေး ဂြိုဟ်)၊ စေတန်ဂြိုဟ်(စနေဂြိုဟ်)၊ ယူရေးနပ်စ်ဂြိုဟ်၊ … Read more