ကြီးပွားချမ်းသာချင်ရင် ဒါတွေကို လုပ်ဖြစ်အောင်လုပ်ပါ

မကြာမီ ကြီးပွားချမ်းသာချင်ရင် ဒါတွေကို လုပ်ဖြစ်အောင်လုပ်ပါ ကြီးပွားချမ်းသာချင်ရင် အာစိဏ္ဏကံကုသိုလ် ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့နေ့စဉ်လုပ်ရင် …ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါးတော့မယ့် လက္ခဏာပဲ။ သေချာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့ လူနှစ်မျိုးရှိတယ်။ လူတစ်ယောက်ဟာ အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင် အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။ တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ။ အဲ့သလို လူမျိုးတွေဟာ မကြာခင် မွဲသွားတတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။ ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့ မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။ နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ မလုပ်ရရင် တစ်ခုခုလိုနေသလို … Read more