ဆံပင်အကျွတ်များတဲ့သူတွေ ခေါင်းလျှော်နည်း ..

ဆံပင်ကျွတ်ခြင်းဆိုတာက လူတိုင်းနေ့စဉ်ကြုံတွေ့နေရတာပါ။လူတစ်ယောက်ကတစ်နေ့ကို ဆံပင် ၁၀၀ လောက်ကျွတ်နိုင်ပါတယ်။ ဒါပေမယ့်ဆံပင်ကျွတ်တာကလည်း ခေါင်းလျှော်တာနဲ့သက်ဆိုင်မှုရှိပါသေးတယ်။အဲ့ဒီတော့ ခေါင်းဘယ်လိုလျှော်မလဲဆိုရင် ဒီတိုင်းလျှော်မယ်ပဲဖြေမိကြမှာပါ။ တကယ်က ဆံပင်မကျွတ်အောင် ခေါင်းလျှော်တဲ့အခါမှာ ဂရုစိုက်သင့်တာလေးတွေရှိပါတယ်။ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ဖော်ပြပေးပါမယ်။ ၁ — ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး (သို့) ပေါင်းဆေး အသုံးများခြင်း ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး များများသုံးတာက ဆံကေသာကို ပိုပြီး ကောင်းမွန်ပျော့ပြောင်းစေတယ်လို့ထင်မိကြပါလိမ့်မယ်။ ဒါပေမယ့် အများကြီးသုံးရင် ဆံကေသာကိုထိခိုက်နိုင်တဲ့ အတွက် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။အဲ့ဒါမလို့ အတော်အသင့်လောက်ပဲအသုံးပြုသင့်ပါတယ်။ ၂ — ရေနွေးနဲ့ခေါင်းလျှော်ခြင်း လူတချို့က ရေနွေးနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။ရေနွေးနဲ့ခေါင်းလျှော်ပြီးရင် ခဏကြာတဲ့အခါမှာ လူကို အိပ်ပျော်စေနိုင်ပါတယ်။ ရေနွေးနဲ့ခေါင်းလျှော်လိုက်ရင် ဆံပင်ပေါက်စေနိုင်တဲ့ Follicles တွေကိုသေစေနိုင်တာမလို့ ဆံပင်ကျွတ်တာတွေ ဆံပင်ပါးတာတွေဖြစ်စေနိုင်ပါတယ်။ အဲ့ဒါမလို့ ရေနွေးနဲ့ခေါင်းမလျှော်သင့်ပါဘူး။ရေအေးဒါမှမဟုတ် ရေအေးနဲ့ ရေနွေးမျှတစွာရောစပ်ထားတဲ့ ရေနဲ့ပဲလျှော်ပေးသင့်ပါတယ်။ … Read more