နေပူလိုက် မိုးပြန် ရွာ လိုက်နဲ့ ခြင်/ယင်တွေ မလာအောင်

မင်္ဂလာပါ…ခြင်မလာအောင်ခြင်ကာကွယ်တဲ့ဆေးနည်းကလေးပေးပါမယ် စပါးလင်အရွက်. လေးညှင်းပွင့် . သံပုရာသီး တို့ကိုရေမြုတ်အောင်ထည့်ပြီးရေတဝက်ရောက်အောင်ပြုတ်ပေးပါ(အဖုံးအုပ်ပြီးပြုတ်ပါ) စပါးလင်အရွက်ဖားဖားတပင်လေးညှင်းပွင့်ဆယ်ပွင့်သံပုရာသီး၃လုံးနှုန်းသည်ရေ(ရေသန့်ဗူးတဗူးခွဲ)ထည့်ပြုတ်ပြီးအရည်တလီတာနီးနီးအကျန်(ရေသန့်ဗူးတဗူးမပြည့်တပြည့်)ရေတဝက်ကျန်ကပိုကောင်းပါသည် ပြုတ်ပြီးအဖတ်တွေကိုခြင်တွေပေါက်နိုင်တဲ့ရေဝပ်နေတတ်သောနေရာမှောင်နေတတ်သောနေရာတွေကိုထားလိုက်ပါ…ပြုတ်ပြီးအရည်များကိုခြင်ဆေးရေအဖြစ်ရေဖြန်းဗူးတွင်ထည့်ဖြန်းပါ… တပတ်လောက်တော့အထားခံပါသည်ရေရှည်အထားခံနည်းမသိပါ ပြုတ်ပြီးလျှင်အေးသွားပါကအရည်နှင့်အဖတ်များကိုသီးခြားဖြစ်အောင်ထားပေးပါ.. တောရှောက်ခါးသီးနှင့်လုပ်ပါကအနံ့ပိုကောင်းပါသည်….မိမိအိမ်ပတ်ဝန်းကျင်နှင့်အိမ်အပြင်ဖက်တွင်ရေမြောင်းနှင့်အမှိုက်များကိုရှင်းလင်းပေးပါ…မိမိ၏လက်များနှင့်တကွတကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုစိုက်ကြပါ ခြင်ကိုက်မခံပါနှင့်သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များနေ့မှာအိပ်အိပ်ညမှာအိပ်အိပ်ခြင်ထောင်နှင့်အိပ်ပါ…. နှာစေးချောင်းဆိုးမဖြစ်အောင ်စပါးလင်နှင့်ဂျင်းပြုတ်ရေများသောက်ပေးပါ…(ထန်းလျက်/သကြား/ပျားရည်)တို့နှင့်တွဲသောက်နိုင်ပါသည် ကျွန်တော်လက်တွေ့လုပ်ကြည့်ပြီးပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထိုင်နေရင်လက်နဲ့ဆုတ်ပက်လိုက်သလိုခြင်အုံခဲနေသောခြင်တွေကျွန်တော်အိမ်မှာ မဖြစ်တော့ပါ (တခါမှချီးမွန်းခန်းမဖွင့်တဲ့မေမေကတောင်တယ်ဟုတ်ပါလားတဲ့-) လေးလေးဂျစ်တူး လိုအပ်ပါကညွန်ကြားပေးစေလိုပါသည် နောက်တစ်နည်း မင်္ဂလာပါရှင် မိုးကုန် လိုက်နေပူလိုက် မိုးပြန် ရွာ လိုက်နဲ့ ခြင်ယင် ပေါ သောချိန်တွင် သဘာဝအိမ် သုံးပစည်းလေး နဲ့ကျွန်မတို့ ခြင်မလာ အောင် ဆေးလေးလုပ် ကြည့်စို့ လိုအပ်သောပစည်းများ မည်သည့်ဆပ်ပြာခဲမဆို-1ခဲ သကြား တဇွန်း ဆပ်ပြာမုန့် -1ဇွန်းမည်သည့်တံဆိပ်မဆို ပြုလုပ်ပုံ ဆပ်ပြာ ကိုပါးပါးလှီး သို့မဟုတ် ခြစ်ပါ ခြစ်ပြီးသားဆပ်ပြာခွက်ထဲ သကြား ညို ဖြူ စသည် လွယ်ရာတဇွန်းထည့်ပါ နောက်ဆပ်ပြာမုန့်တဇွန်းထည့်ပါ … Read more