ဂျူပီတာ လို့ခေါ်တဲ့ ကြာသပတေးဂြိုလ်ကြီးက ဒီနေ့ည ၁၁း၃၀ ဆိုရင် ကုမ်ရာသီနယ်ထဲကို ခဏကူးပြောင်းလိမ့်မယ်

ဂျူပီတာ လို့ခေါ်တဲ့ ကြာသပတေးဂြိုလ်ကြီးက ဒီနေ့ည ၁၁း၃၀ ဆိုရင် ကုမ်ရာသီနယ်ထဲကို ခဏကူးပြောင်းလိမ့်မယ်။ အဲဒီအတွက် ကောင်းတာတစ်ခုက မြန်မာပြည်သူတွေဟာ ရဟန်းသံဃာတွေနဲ့ပတ်သက်တဲ့ ကျိန်စာသင့်ခြင်းကလွတ်မယ်။ (အမှန်တော့ ကျိန်စာသင့်တတ်ခြင်း လို့ပြောမှ ပိုမှန်ပါတယ်။) လူကြီးပိုင်းတွေ အတွေးလွဲပြီးလုပ်ဆောင်ချက်အားနည်း နေတာတွေလည်း ပျောက်ပြယ်မယ်။ အတွေးအ‌ခေါ်တွေပိုမှန်လာမယ်။ပိုပြီးပြတ်သားလာကြမယ်။ ဘာသာတရားကိုပြီးကိုင်းရှိုင်းလာကြမယ်။ ဒါပေမဲ့ စားရိတ်စကတွေအကုန်အကျများတော့မယ်။ ဘာကြောင့်ဆိုတာ‌တော့ အတိအကျပြောပြဖို့မလွယ်ဘူး။သတိထားစရာတွေလည်း ပိုများလာတယ်။ အတိုက်အခံတွေလည်း ပိုများလာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဂျူပီတာပြောင်းတာကို ကျနော် သဘောကျပါတယ်။ အဆိုးထဲကအကောင်းပါပဲ။ ရာဟုဂြိုလ်စီး၊ရာဟုဒသာကလည်း အဆိုးထဲကအကောင်းကိုအားပြုပေးနေတယ်။ မားစ်ခေါ် အင်္ဂါဂြိုလ်ကလည်း အဆိုးထဲကအကောင်းကိုအားပြန်ပြုထားတာရှိနေပါတယ်။ ဘာရယ်မဟုတ်ပါဘူး။ မိုးလေးကအေးအေးမှာ ကော်ဖီထိုင်သောက်ရင်း Astrology ပညာနဲ့ ကျနော်သုံးသပ်နေမိတာပါ။ အားသာချက်အားနည်းချက်တွေကို ချိန်ဆကြည့်နေမိတာပါ။ အယူအဆမတူသူတွေအတွက်တော့ ဘာမှပြန်ပြောစရာမရှိပါ။ သင်္ကြန်စာထွက်နေတာကြာပြီ။ သင်္ကြန်မင်းက ကျွဲရဲကိုစီးထားတယ်။ ရေစင်အိုးပိုက်ထားတယ်။ပန်းခိုင်ကိုကိုင်ထားတယ်။ သိကြားမင်းမဟုတ်ဘူးနော်။တနင်္ဂနွေဂြိုလ်မင်းပါ။ … Read more