မြန်မာစတိုင် ငါးဆူရှီ(သ်ို့မဟုတ်)ငါးဖယ်ရဲယိုရွက်လိပ် လုပ်နည်းလေး

မြန်မာစတိုင် ငါးဆူရှီ(သ်ို့မဟုတ်)ငါးဖယ်ရဲယိုရွက်လိပ် ငါးကိုစတိုင်တမျိုးနဲ့ ချက်စားကြမယ်အစာလည်းဆေး ဆေးလည်းအစာမို့ ချက်စားပေးသင့်တဲ့ငါးဖယ်ရဲယ်ိုရွက်လိပ်လေးပါ ပုံမှန်ထုပ်နေကြပုံစံမျိုးမဟုတ်ဘဲ ရေညှိထမင်းလိပ်လေးနဲ့ဆင်တူလို့ တမျိုးလေးအမြင်ဆန်းနေမှာပါ ဆေးဖက်ဝငိရဲယိုရွက်လေးနဲ့လိပ်ထားတာမို့စားလိုက်ရင်လည်းခါးသက်သက်နဲ့နှုတ်မြိန်စေပါတယ် ပါဝင်ပစ္စည်းလည်းအများကြိးမလိုဘဲလွယ်ကူစွာပြုလုပ်နိင်လို့စိတ်ဝင်စားရင်တော့ပုံလေးတွေထောက်ကြည့်ပေးနော် စျေးကဝယ်လာတဲ့ ငါးဖယ်ခြစ် ငါးခြစ်ကြိုက်ရာသုံးပါနော် ငါးအသားခြစ်ကိုဆား နနွင်း အရသာမှုန့်( ဂျင်းထောင်းပီးအရည်ညှစ်ထည့်)ပီးနှံ့အောင်နာနာနယ်ပေးပါ ရဲယ်ိုရွက်ရေဆေးသန့်စင်ထားပါ အရွက်နုနုဖားဖားကြီးတွေသုံးရင်ပိူကောင်းပါတယ်အရွက်ရင့်ရင်ကြမ်းထော်ပီးလိပ်တဲ့အခါအဆငိမပြေမှာစိုးလို့ပါ ရဲယိုရွက် /သီး ဟာကင်ဆာကာကွယ်တဲ့အသီးအနှံများထဲမှာTop 10ဝင်တဲ့အသီးအရွက်ဖြစ်လို့မကြာခဏစားသုံးပေးသင့်ပါတယ်နော် စလိပ်ကြရအောင်နော် အရင်ဆုံး ရဲယိုရွက် ကိုထိပ်နှစ်ဖက်ကိုဖြတ်ပစ်လိုက်ပါ ပြထားသလိုမျ်ုးငါးအသားကိုဖြန့်ပီးထည့်ပါမယ်နော် (သတိ ရဲယိုရွက် ကိုလုံးဝဆီမသုတ်ပါဘူးနော်) အရွက်နဲ့ငါးအသားနဲ့တထပ်တည်းကပ်နေစေချင်လို့ပါ ညီမတို့မုန့်တွေထုပ်ရင်ဖက်ကိုဆီသုတ်တာကခွာတဲ့အခါအလွယ်တကူခွာလို့ရအောင်လို့ပါ ခုကျတော့ကပ်နေချင်လို့ဆီမသုတ်ဘူးနော် မေ့ပီးဆီသုတ်မိမှာစိုးလို့ပါ) ပီးရင်ဒီလိုမျ်ူးလေးလိပ်သွားလိုက်ပါ လိပ်တဲ့အခါကျစ်သွားအောင်လို့လက်လေးနဲ့အသာယာလေးဖိပေးနော် အရမ်းလည်းမဖိပါနဲ့ အရွက်ပြဲသွားမယ်နော် ကဲ ဒိီလိုအလိပ်ကလေးရသွားပီ စိမ်းစိမ်းလေးတွေနော် ဒီလိုမျိုးလေး လိပ်ထားတဲ့အလိပ်ကလေးတွေကိုရေနွေးငွေ့နဲ့မိနစ်၂၀လောက်ပေါင်းပေးလိုက်နော် ဒါက ပေါင်းပီးတဲ့အနေအထား ပီးရင်တော့ ဓားထက်ထက်ကိုဆီသုတ်ပီးအနေတော်အကွင်းလေးတွေလှီးပေးနော်အရွက်နဲ့အသားနဲ့တထပ်တည် လှီးလို့ရလာတဲ့ငါးအလိပ်ကလေးတွေကိုဟင်းချက်မယ်ဆိုရင် ကြက်သွန် ငရုတ်သီးဆီသတ်ပီးအရသာထည့်အနှစ်ကျအောင်ချက်ပီးမှ ငါးလိပ်လေးတွေကိုအသာယာထည့်ပါ မမွှေပါနဲ့နော် ဟင်းရဲ့အရသာဝင်အောင်အိုးကိုသာသာလေးလှုပ်ပီးတည်ပါ … Read more