2021ခုအတွက်စနေသားသမီးများ တစ်နှစ်စာဟောစာတမ်း

2021ခုအတွက်စနေသားသမီးများ တစ်နှစ်စာဟောစာတမ်း စနေသားသမီးတို့သည် 2021 ခုနှစ်တွင်ဘဝတစ်ဆစ်ချိုးအပြောင်းအလဲဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။ မူလဇာတာအရ ကံကောင်းချိန်ကျရောက်နေတဲ့သူများက သူမတူအောင် တိုးတတ်သွားနိုင်ပြီး.. မူလဇာတာအရလဲ ဒီနှစ်မှာကံညံ့နေသူဖြစ်မယ်ဆိုရင် ဘဝပျက်လောက်သည်အထိ ကံဆိုးသွားတတ်ပါတယ်။ဒီနှစ် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်ရတတ်ပါတယ်။ နေရာသစ်၊ ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရ တတ်သည်။ သူတစ်ပါးအတွက် အကျိုးမပေးလို့ပစ်ထားတဲ့အလုပ်များမိမိကပြန်လည်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ခြင်း ကံကို ရ တတ်သည်။ သူများတွေကအရှုံးပေါ်လို့ ရောင်းချင်တဲ့လုပ်ငန်းတွေဝယ်ယူလုပ်ကိုင်တာမျိုးက မထင် မှတ်လောက်အောင် တိုးတတ်နိုင်ပါတယ်။ ကိုယ်ဘာသာအလုပ်သစ်၊စီးပွားသစ်စမယ်ဆိုရင်တော့ ထင်သလောက် မအောင်မြင်ပါဘူး။ ကုမ္ပဏီလုပ်ငန်းများ၊ဖျော်ရည်ယမကာများ၊တံငါလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ စားသောက်ကုန် ထုတ် လုပ်မှု လုပ်ငန်း၊ အဝတ်အထည်နှင့် ဖန်စီလုပ်ငန်းများ၊ စက်ချုပ်ပစ္စည်းများ ရောင်းဝယ်ခြင်းများ အကျိုးပေး မည်။ မိမိရင်းနှီး မြှုတ်နှံမှုများသလောက် အကျိုးအမြတ်ဖြစ်ထွန်းမှု အားနည်းနေတတ်သည်။ မမျှော်လင့်ဘဲ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စများကို ထူးခြားစွာ အောင်မြင်လာပါလိမ့်မည်။ ဘာသာရေးကိုမေ့ပြီး … Read more