စံပယ်၊နှင်းဆီ အပွင့်များများပွင့်အောင်စိုက်ပျိုးနည်း

စံပယ်၊နှင်းဆီ အပွင့်များများပွင့်အောင်စိုက်ပျိုးနည်း (1) နှင်းဆီအကြောင်း အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လတခါ တစ်လခွဲတခါ ပုံမှန်ကျွေးပေးရပါတယ်။ မြေဩဇာ ပုံမှန်ကျွေးမပေးလို့ အဖူး အပွင့်သေးသွားတယ် အပင် ထပ်ပြီး မကြီးထွားဘူး အဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်။ ဝယ်တဲ့အချိန်မှာ အပွင့် အဖူးကြီးတယ် အပင်တွေသန်တယ်ဆိုတာက ကျနော်တို့ ဒီမှာ ကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါ ဒီမှာက ၃ပတ် တခါ ၁လတ‌ခါလောက် အပင်တွေကို ဓါတ်မြေဩဇာ ‌ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာ အနေနဲ့က အာမို/နိုက်ထရိုဖော်စကာ 15:15:15 ကို သုံးပါတယ်) – နောက်တခုကအလှပန်းအိုးနဲ့ စိုက်တဲ့အခါမှာ နုန်း ဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲ ထည့်ရင်လည်း မြေကြပ်ပြီး အမြစ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။ တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။ … Read more