လက်တွေ့ ဝမ်းသွားတာရပ်တန့်စေသော ဆန်လှော်ရည်

လက်တွေ့ ဝမ်းသွားတာရပ်တန့်စေသော ဆန်လှော်ရည် တနေ့ ညဖက် အချိန်မရှိတော့မှ အစားမှားလို့ ဝမ်းပျက်ဝမ်းလျော ဖြစ်ခဲ့ပါတယ် ။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ဆေးနည်းက လွယ်လို့ အစာအမှားမခံတဲ့ ကျွန်တော် မှတ်ထားခဲ့ပါတယ် ။ ဆေးကလည်း အိမ်တိုင်းမှာအချိန်မရွေးရှိနိုင်လို့ မခက်တဲ့ဆေးနည်းပါ ။ လွယ်လွန်းလို့ အထင်မသေးစေလိုပါ ။ ဆေးကိုညတွင်းခြင်း ပြုလုပ်ပြီးသောက်ခဲ့တာ တကယ်သက်သာခဲ့လို့ ပြန်မျှဝေပါတယ် ။ နက္ခတ္တရောင်ခြည်မှာ ဆေးနည်းပို့ပေးခဲ့သူလည်း အထူးကျေးဇူးတင်ပါတယ် ကြာပြီဆိုတော့အမည်မမှတ်မိလို့ပါ ခင်ဗျာ ။ ဆေးနည်း …… နေအိမ်တွင်ရှိသော ဆန် လက်တဆုပ်ကို ဒယ်အိုးတွင် ထည့်၍ လှော်ပါ ။ အညိုရောင်သန်းလာသောအခါ … အသင့်ကျိုချက်ထားသော ရေကျက်အအေးခံထားသော သောက်ရေခွက်ထဲသို့ ဆန်လှော်ကို လောင်းချလိုက်ပါ။ ရှဲကနဲအငွေ့ပျံတက်လာမည် ။ ထိုအရည်ကို ဝမ်းလျောနေသူမှ … Read more