မိတ်ဆွေများအားလုံးအတွက် 2021ခုနှစ် (5)လပိုင်းအတွက် တစ်လစာ ဟာစာတမ်း ..

တနင်္ဂနွေသားသမီးများအတွက် သူတစ်ပါးငွေများကိုင်ခြင်းအာမခံခြင်းများမလုပ်ပါနှင့်ပြသာနာ တက်ရတတ်သည်။အိမ်ထောင်ရေးတွင်အထူးကံကောင်းကျိုးပြုလာမည်။ အချစ်ရေး၌စန်းပွင့်ပြီးလူငယ်လူရွှယ်များအနေဖြင့် နှလုံးသားရေးရာများတွင်အထင်အမြင်လွဲမှားမှုကြောင့်စိတ်မောရတတ်သည်။ ပညာရေး၌ရှေ့ပိုင်းကာလတွင်မရောင်မလည်ဖြစ်နေတတ်သော်လည်းနောက်ပိုင်းမှအဆင်ပြေအောင်မြင်နိုင်ကိန်းရှိသည်။ ကျန်းမာရေးမှာမတော်တဆထိခိုက်ဒဏ်ရာရရှိတတ်မည်။လူမှုရေး၌အထူးလူချစ်လူင်ပေါ်များမည်။ မိတ်ဆွေအပေါင်းအသင်းနှင့်ဆက်ဆံရေးမပြေပြစ်စေကာမူတပည့်လက်သားအလုပ်သမားတို့နှင့်အဆင်ပြေတိုးတက်ကောင်းမွန်နိုင်၏။ စီးပွားရေးလုပ်ငန်းတွင်ဆုံးရှုံးထားသောငွေများပြန်လည်အဆင်ပြေလာမည်။ကား။ကျောက်။များအရောင်းဝယ်ကံကောင်းမည်။ ယတြာ။ ။မိမိမွေးနေ့တွင် ဇော်စိမ်း(၉)ခက်(သို့မဟုတ်) ဇွန်(၉)ညွန့်ဘုရားမှာလှူပေးပါ။ တနင်္လာသားသမီးများအတွက စီးပွားရေးလုပ်ငန်းတိုးချဲ့ခြင်း/ဌာနနေရာပြောင်းရခြင်းများပြုလုပ်ဖို့လေသံများထွက်လာတတ်သည်။ပညာရေးကောင်းမွန်ပြီးအထက်လူကြီးများ၏ကူညီမှုကိုရတတ်သည်။ စီးပွားရေးကံကောင်းမည်။အချစ်ရေးတွင်စန်းပွင့်မည်။ရပ်ဝေးခရီးထွက်ရခြင်းဘုရားဖူးခရီးထွက်ရခြင်းများကြုံတွေ့တတ်သည်။မောင်နှမသားချင်းများအတွက်စိတ်သောကရောက်တတ်သည်။ ခင်မင်ရင်းနှီးသောမိတ်ဆွေတို့၏လိမ်လည်မှုကိုခံရတတ်သည်။ငွေချေးငှားခြင်း/စပ်တူရှယ်ယာလုပ်ခြင်းအထူးရှောင်ရမည်။ အိမ်ထောင်ရေး၌အပေါင်းအသင်းမိတ်ဆွေတို့၏နှောင့်ယှက်မှုကြောင့်အိမ်ထောင်ရှင်နှင့်စကားများပြသာနာများပေါ်ပေါက်လာတတ်သည့်ပြန်လည်အဆင်ပြေမည်။ အသက်ကြီးအိုဇာတာရှင်များကျန်းမာရေးအညံ့ကြုံတွေ့တတ်သည်။အထူးသဖြင့် အဆုတ်ရောဂါ/မျက်စိ/နား/လည်ချောင်းဝေဒနာများခံစားရတတ်သည်။ တစ်လတာယတြာ မိမိမွေးနေ့တွင် နှင်းဆီပန်း(သို့မဟုတ်)ထန်းညွန့်(သို့မဟုတ်) ဒန်းညွန့်(၁၅)ခက် ချိုချဉ်(၁၅)လုံးကိုဘုရားမှလှူပေးပါ။ အင်္ဂါသားသမီးများအတွက် စိတ်ဖိစီးမှုများတတ်သော်လည်းအောင်မြင်မှုရရှိတတ်သည်။စီးပွားရေးလုပ်ငန်းများတွင်နာမည့်ရ ရှိပြီးငွေကံအဆင်မပြေဖြစ်မည်။ အိမ်ပြင်အိမ်ဆောက်ပြုလုပ်ရတတ်သည်။ပညာရေးတွင်အခွင့်အလမ်းကောင်း၍အောင်မြင်မှုရ ရှိတတ်သည်။စာပေ/အနုပညာ/ဗိသုကာပညာရပ်တို့တွင်ထူးချွန်မည်။ ကုသိုလ်ကောင်းမှုအလှူဒါနများပြုလုပ်ရတတ်သည်။အထက်ပုဂ္ဂိုလ်ဆရာသမားတို့၏ချီးမြှင့်ခြင်းခံရတတ်သည်။ချစ်မှုရေးရာတွင်ပြိုင်ဘက်ပေါ်တတ်သည်။ အိမ်ထောင်ရေးတွင်ဆွေမျိုးတို့၏နှောင့်ယှက်မှုကြောင့်စိတ်သောကရောက်တတ်သည်။ကျန်းမာရေးကောင်းမည်။စက်ပစ္စည်းဝင်ထွက်လုပ်မည်။ ငွေချေးငှားခြင်းအထူးရှောင်ရမည်။ ယတြာ။ ။မိမိမွေးနေ့တွင် သပြေ(၉)ညွန့်(သို့မဟုတ်) သီးညွန့်(၉)ညွန့်ဘုရားမှာလှူပေးပါ။သံဃာတော်အားသစ်သီးဆွမ်းကပ်လှူပေးပါ။ ဗုဒ္ဓဟူးသားသမီးများအတွက် အတိုက်အခံအပြိုင်အဆိုင်များသောလပိုင်းဖြစ်ပြီး၎င်းအတိုက်အခံတို့ကြောင့်မိမိလုပ်ငန်းပိုမိုအောင်မြင်တတ်သည်။ပညာရေး၌ညံ့တတ်မည်။အပြစ်မရှိပဲလူမုန်းခံနေရတတ်သည်။ ချစ်မှုရေးရာမှအဆင်မပြေ၍စိတ်ပျက်နေမည်။ပတ်ဝန်းကျင်၏နှောက်ယှက်မှုကြောင့်အိမ်တွင်းရေးအိမ်ထောင်ရေးတွင်ပြသာနာတက်တတ်မည်။ ခရီးထွက်ခြင်းနှင့်အိုးအိမ်နေရာပြောင်းခြင်းလုပ်ငန်းပြောင်းခြင်းများအထူးရှောင်ရမည်။အပျော်အပါးစိတ်များပေါ်ပေါက်နေတတ်မည်။အပျော်ဘုရားဖူးခရီးကံကောင်းခြင်းရှိသည်။ မထင်မှတ်သောအခက်ခဲများလည်းဝင်ရောက်လာတတ်သည်။မျှော်မှန်းထားသောအရာမှာပြည့်မလာနိုင်ပါ။ အထူးဂရုစိုက်ပါ။စွပ်စွဲခံနေရမည်။ မကောင်းသတင်းများသင့်ထံရောက်လာပါလိမ့်မည်။အပေါင်းသင်းအချင်းချင်းဖြစ်စေး။ရန်သူဖြစ်စေး။သင့်နှင့်ထင်ပေါ်ရှုပ်ထွေးပြသာနာတက်နေမည်။ ကဲ့ရဲခံနေရမည်။ငွေကံမကောင်း၍ဆုံးရှုံးမှုရှိသည်။သူတစ်ပါး၏အပြစ်ပြောဆိုမှုခံရမည်။ကျန်းမာရေးညံ့တတ်သည့် အထူးသဖြင့် ဆီး/မျက်စီ/လိပ်ခေါင်းဝေဒနာများကိုသတိထားရန်လို့အပ်သည်။ တစ်လတာယတြာ မိမိမွေးနေ့တွင် အုန်းညွန့်(သို့မဟုတ်)အင်ကြင်းခက်(၁၇)ခက်ကိုဘုရားမှာလှူပေးပါ။ ကြာသပတေးသားသမီးများအတွက် ငွေကုန်ကြေးကျများမည်။မိမိလုပ်ငန်းလုပ်ရတွင်အခက်အခဲအမျိုးမျိုးနှင့်တွေ့ကြုံရပြီးစကားအချေအတင်ပြောဆိုမှုများအမှုကိစ္စများပေါ်ပေါက်တတ်၍သတိနှင့်နေသွားရန်လို့အပ်ပါသည်။ လူလိမ်ခံရတတ်သည်။မိတ်ဆွေကောင်းနှင့်စိတ်ဝမ်းကွဲမည်။မိဘဆွေမျိုးတို့နှင့်ပြသာနာဖြစ်တတ်သည်။ချစ်မှုရေးရာတွင်စန်းပွင့်မည်။ပညာရေးတွင်စိတ်အပူပင်ကျနေမည်။ ငွေဆုံးရှုံးမှုများကြုံတွေ့ရတတ်သည်။အိမ်ထောင်ရေးတွင်နှောက်ယှက်မှုများကြုံတွေ့ပြီးစိတ်သောကရောက်၍အခက်ခဲများကျရောက်နေတတ်မည်။ စီးပွားရေးလုပ်ငန်းတွင်လယ်ယာဥယျာဉ်ခြံထွက်ပစ္စည်းနှင့်စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းအထူးအကျိုးပေးမည်။ကျန်းမာရေးညံ့တတ်သည့်အထူးသဖြင့် … Read more