ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေရရင်
ဆံကေသာဆိုတာ ကျွန်မတို့ မိန်းမသားတွေအတွက်တော့ ဒုတိယမျက်နှာပါပဲ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးတွေပဲဖြစ်ဖြစ် ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေရတတ်ပါတယ်။ ကျွန်မတို့ နေ့စဉ်ထိတွေ့အသုံးပြုနေတဲ့ ဓါတုပစ္စည်းတွေ၊ စားသုံးနေတဲ့အစားအသောက်တွေဟာ ဆံကေသာကောင်းခြင်း မကောင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဆံပင်အရှည်နှေးနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ၁။ ဆံပင် တိဖို့ မမေ့ပါနဲ့။ ဆံပင်အရှည်မြန်ချင်ရင်တော့ ဆံပင်တိဖို့မမေ့ပါနဲ့။ ၃ လ ၄ လကိုတစ်ခါပဲဖြစ်ဖြစ် ဆံပင်ကို မဖြစ်မနေတိပေးသင့်ပါတယ်။ ဒါမှ ဆံဖျားနှစ်ခွဖြစ်တာကို သက်သာစေပြီး ဆံပင်အရှည်မြန်စေမှာပါ။ ၂။ ရေနွေးပူပူနဲ့ ခေါင်းမလျှော်ပါနဲ့။ ခေါင်းကို ရေအေးနဲ့ပဲလျှော်ပေးပါ။ ရေနွေးနဲ့ ခေါင်းလျှော်တာဟာ ဆံပင်ကျွတ်စေပါတယ်။ ၃။ ရေများများသောက်ပါ။ မနက်မိုးလင်းတိုင်း ရေသောက်ပြီး တစ်နေ့တာလုံးကိုအစပြုသင့်ပါတယ်။ ရေဓါတ်ဖြည့်တင်းနေမှ … Read more