တချိန်ကမင့်ကိုဆေးထည့်ပေးဖူးတဲ့အဘွားကြီးပါကွာ အခုမင်းဆွဲကြိုး ရိုက်လုလို့ ဒဏ်ရာနဲ့ နုတ်ဆက်သွားပြီ

တချိန်ကမင့်ကိုဆေးထည့်ပေးဖူးတဲ့အဘွားကြီးပါကွာ အခုမင်းဆွဲကြိုး ရိုက်လုလို့ ဒဏ်ရာနဲ့ နုတ်ဆက်… မေတခု သားတခု ရှိတဲ့ ဘဝလေးကိုမှ လုပ်ရက်လိုက်ကြတာ (ဆွဲကြိုး အလုခံရတဲ့ အမေကြီး ကွယ်လွန်ရှာပြီ) ၁၆.၁.၂၀၂၁(စနေနေ့) ၁၇.၁.၂၀၂၁(တနင်္ဂနွေနေ့) ရုံးပိတ်ရက် နှစ်ရက်ဟာ အိပ်မက်ဆိုး တစ်ပုဒ်လို ပြီးဆုံးသွားခဲ့ပါပြီ။ တကယ်တမ်း အိပ်မက် ဖြစ်ခဲ့ရင် အရမ်းကောင်းမှာပါပဲ။ ၁၅.၁.၂၀၂၁(သောကြာနေ့) ညနေကအမေ ရေချိုးခန်းရှေ့ ချော်လဲတယ် ဆိုတဲ့သတင်းနဲ့ အစ ပြုခဲ့ပါတယ်။ ရုံး ကနေ အမြန် ပြန်ခဲ့ပေမယ့်ဒဏ်ရာတွေနဲ့အတူ အမေ အဲဒီကတည်းက ဘာစကားမှ မပြောနိုင်တော့ပါဘူး။ ၁၈.၁.၂၀၂၁(တနင်္လာနေ့) မနက်မှာ အမေက ကျနော် အပါအဝင် အားလုံးကို နှုတ်ဆက်သွားခဲ့ပါပြီ။ ဒဏ်ရာ အနေအထားအရ တစ်စုံတစ်ဦးရဲ့ ပြုလုပ်မှုကြောင့်လို့ ပေါ်ပေါက်တဲ့အတွက်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး တရားခံကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါပြီ။ … Read more