တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (6-12-2020 to 12-12-2020) တနင်္ဂနွေသားသမီး အပြိုင်အဆိုင်လုပ်ရသည့်လုပ်ငန်းများအထူးကြိုးစားအောင်မြင်မည် မိမိရဲ့ကိုယ်ပိုင်အစွမ်းအစကိုဖော်ထုတ်ခွင့်ရမည့်ကာလပါ အိမ်အနီးအနားတွင်အလှူ အတန်းမင်္ဂလာအကြီးအကျယ်ပြုလုပ်လိမ့်မည် ထိုသို့ပြုပြီးပါကမိမိအိမ်တွင်စီးပွားဥစ္စာစတင်တိုးလာပါလိမ့်မည် သင်တန်းကိစ္စပညာရေးကိစ္စများအထူးကောင်းမွန်ပြီးအတတ်ပညာအသစ်များကိုလေ့လာဆည်းပူးရပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင်ကားစီးရင်းဖူးစာဘက်တွေ့ပါမည် ကျန်းမာရေးဇက်ကြောများလေးလံတောင့်တင်းနေလိမ့်မည် ထီ၇၃ပါသောထီထိုးပါ ယတြာ လက်ကိုင်ပုဝါထဲတွင်သွပ်ပြားလေးကိုအသည်းပုံညှပ်၍ထည့်ပြီးထုပ်ပါ ပြီးလျှင်သွားလေရာဆောင်သွားပါ တနင်္လာသားသမီး အနုပညာလုပ်ငန်းလုပ်သူများအထူးအောင်မြင်မူရမည့်ကာလပါ လုပ်ငန်းအဆက်အသွယ်အချိတ်အဆက်များရရှိမည့်ကာလပါ အမူထမ်းဝန်ထမ်းများလုပ်ငန်းတွင်အစစအရာရာကတ်သီးကတ်သတ်နိူင်သောအထက်လူကြီးကြောင့်အလုပ်တွင်စိတ်ညစ်ပြီးအလုပ်ထွက်ချင်စိတ်များဖြစ်နေလိမ့်မည် ကျန်းမာရေးတွင်အအေးမိဖျားနာဖြစ်တတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်ဈေးဝယ်ရင်းမိမိစိတ်ဝင်စားရမည့်သူနှင့်တွေ့ဆုံရပါလိမ့်မည် ထီ၇၅ပါသောထီထိုးပါ ယတြာ ဆင်းရဲသောအဖိုးအိုအဖွားအိုများအားငွေကြေးနှင့်ဆေးဝါးလှူဒါန်းပေးကြပါ အင်္ဂါသားသမီး အရေးကြီးကိစ္စများအတွက်စကားပြောဆိုမူများအောင်မြင်ပါလိမ့်မည် အထက်လူကြီးများထံမှလည်းအကူအညီကောင်းများရရှိပါလိမ့်မည် စုပေါင်းစပ်ပေါင်းလုပ်ကိုင်ရသောလုပ်ငန်းများအကျိူးအမြတ်ကြီးကြီးမားမားရရှိပါမည် ဆွေမျိူးညီအစ်ကိုမောင်နှမကျန်းမာရေးအတွက်ငွေကုန်များတတ်သလိုဆေးရုံဆေးခန်းရောက်ရှိတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်ဖွင့်ပြောရန်အတွက်ကိုပင်မဝံ့မရဲဖြစ်နေလိမ့်မည် ထီ၇၉ပါသောထီထိုးပါ ယတြာ ပန်းရောင်အင်္ကျီဝတ်ဆင်၍နေအိမ်ဘုရားတွင်နှင်းဆီပန်းသုံးပွင့်လှူ ဒါန်းပါလေ ဗုဒ္ဓဟူးသားသမီး မိမိနှင့်စိတ်ချင်းသဟဇာတမဖြစ်သူများနှင့်လုပ်ငန်းအတူတူတွဲလုပ်နေရတတ်ပါသည် စိတ်တိုစရာဒေါသထွက်စရာကိစ္စတွေမကြာခဏကြုံနေရပါလိမ့်မည် ငွေကြေးကံတော့အထူးကောင်းနေတတ်ပြီးငွေအစုအပုံဝင်လာပါလိမ့်မည် ဆုမဲတွေပေါက်တတ်သလို ထီကံလည်းကောင်းနေတဲ့ကာလပါ ကျန်းမာရေးတွင်ကိုယ်လက်လေးလံနေပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင်မိမိချိန်တာကတစ်ယောက်မိမိကိုပြန်ကြိုက်နေတာကတစ်ယောက်ဖြစ်နေတတ်ပါသည် ထီ၇၅ပါသောထီထိုးပါ ယတြာ နေအိမ်ဘုရားတွင်သံပုရာသီး၆လုံးလှူ ၍လိုရာဆုတောင်းပါ ကြာသာပတေးသားသမီး ကျန်းမာရေးမကြာခဏချူချာနေတတ်တဲ့ကာလပါ အနက်ရောင်အသုံးအဆောင်အဝတ်အစားတွေရှောင်ပေးပါ အစိမ်းရောင်အသုံးအဆောင်အဝတ်အစားတွေအကျိူးပေးပါတယ် ခရီးတိုလေးတွေလည်းမကြာခဏထွက်ရတတ်ပါတယ် ငယ်ရွယ်သူများအချစ်ရေးတွင်ပြတ်ပြတ်သားသားဖွင့်ပြောရဲဖို့လိုသောကာလပါ အချိန်ဆွဲပါကတစ်ပါးသူနောက်ပါသွားပါလိမ့်မည် … Read more