အဖြည့်ခံဆိုတဲ့ တနင်္ဂနွေ
အဖြည့်ခံဆိုတာ ကိုယ်ပါတနင်္ဂနွေ တနင်္ဂနွေသားသမီးများသည် လူမှန်းသိတက်စ အရွယ်မှာပင် အနစ်နာခံရ ပေးဆပ်ရသူများပင်ဖြစ်လေသည်။ မွေးချင်းများသော မိသားစုတွင် ပိုမိုသိသာတက်သည် အရွယ်ရောက်လာပြီးနောက်တွင်လည်း သူငယ်ချင်းအပေါ် ၊ မိတ်ဆွေအပေါင်းအသင်းအပေါ် ပေးဆပ်ရ စွန့်လွှတ်ရ အနစ်နာခံပေါင်းသင်းတက်သူများပင်ဖြစ်သည်။ အဖော်မင်တက်သူ များဟုခေါ်လျှင် လွန်မည်မထင်အံ့ကိုယ့်အပေါ်မကောင်းသော မိတ်ဆွေများကိုလည်းအလွယ်တကူနှင့်မစွန့်လွှတ်တက်ပေ။ နောက်ဆုံးအချိန်ထိ စိတ်ရင်းအမှန်နှင့်ပေါင်းသင်းကာ မဖြစ်နိုင်တော့သည့်နောက်ဆုံးအခြေအနေရောက်မှသာ ပြတ်စဲဖို့စဥ်းစားဆုံးဖြတ်တက်သူများပင်ဖြစ်သည်။ သို့သော် တိုက်ဆိုင်တိုင်း ထိုသူငယ်ချင်း ၊ မိတ်ဆွေများအား သတိတရရှိနေဆဲ ထိုမိတ်ဆွေများ ကောင်းကြောင်း ပြောနေဆဲပင်။ ဤမျှအထိကို အစွဲအလမ်းသံယောဇာဥ်ကြီးတက်ကြ၏။ အချစ်ရေးတွင်လည်း အချစ်ဆုံးသူမှ ပေးသွားသောဒဏ်ရာများအား ရင်ဝယ်ပိုက်ရင်း သတိရတိုင်း ထိုဒဏ်ရာများအား ထုတ်ထုတ်ကြည့်နေသူများသာဖြစ်၏။ မိမိဘာသာ တစ်ဦးထဲဘဝကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းမည်ဟု ရည်ရွယ်ဆုံးဖြတ်ခဲ့ပြီးမှ အတင်းဇွတ်တိုးဝင်လာသော သူများကြောင့်ပင် နှလုံးသားရေးမှာ ခဏခဏ အရှုပ်အထွေးဖြစ်ကုန်ကြရ၏။ မိမိ မချစ်ချင်သောအချိန် ထိုသူအပေါ်ချစ်ရန် … Read more