ရန်ကုန်တက္ကသိုလ် နဖူးစည်းမှာတရုတ်နဂါးပုံဘာကြောင့်ဖြစ်နေတာလဲ ..

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်နှင့် တရုတ်နဂါးမကြာခင် ရက်ပိုင်းအတွင်း ‘ဖိုးလ’ (ဆရာမြသန်းတင့်သား)က ည ၁၁ နာရီလောက် တယ်လီဖုန်းဆက်လို့ ဖုန်းကိုင်လိုက်တယ်။ ဘာကိစ္စလဲမေးတော့ ဦးလေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ နဖူးစည်းပေါ်က နဂါး နှစ်ကောင်နဲ့ပတ်သက်ပြီး ဘာဖြစ်လို့ တက္ကသိုလ်နဂါး ဖြစ်နေတာလဲလို့ အမေးရှိလာပါတယ်။ ပထမတော့ အတော် ကြောင်သွားတာကိုး။ ညကြီးအချိန်မတော် ဒီကောင်လေး ဘာတွေလာမေးနေသလဲပေါ့။ ဒီအချိန်ကြီးမေးရအောင် ပြဿနာမှလည်း မဟုတ်တာ။ စိတ်ထဲတမျိုးဖြစ်လို့ ပြန်မေးလိုက်တယ်။ ”ဟေ့ကောင် ဖိုးလ ညကြီးအချိန်မတော် ဘာတွေစာရင်းရှုပ်နေတာလဲ” ”စာရင်းရှုပ်တာ မဟုတ်ဘူး ဦးလေးရေ။ ကျွန်တော်တို့ ရှင်းမရတဲ့ ပြဿနာတခုရှိလို့ ဦးလေးတော့သိမှာပဲဆိုပြီး လှမ်းမေးတာ။ ဘွဲ့နှင်းသဘင်ခန်းမ နဖူးစည်းမှာရှိတဲ့ နဂါးနှစ်ကောင် ဦးလေးသိပါတယ်။ အဲဒီနဂါးတွေဟာ ဗမာ နဂါးမဟုတ်ဘဲ ဘာဖြစ်လို့ တရုတ်နဂါး ဖြစ်နေရတာလဲဆိုတာ သိချင်လို့ပါ။ ပဟေဠိဖြစ်နေလို့ပါ””အေး … Read more