အိမ်မှာအထိအခိုက်တခုခု မရှိရအောင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နည်း .

ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီးတွေ ဆုံးမရတာ မလွယ်ဘူး၊ အိမ်မှာ ရွတ်လို့မရဘူး အိမ်စောင့်နတ် မခံနိုင်ဘူး၊ ဘုရားမှာရွတ်တယ်၊ အသံတွေကြားရတယ်၊ အရိပ်တွေမြင်ရတယ်၊ ပြီးအောင်ရွတ်လို့မရဘူး အနှောက်အယှက်တွေများတယ်၊ စသည်ဖြင့် ပဋ္ဌာန်းရွတ်ရင် အဆင်မပြေသူများအတွက် ဒီနည်းလေး မျှဝေပေးချင်ပါတယ်။ ပထမဆုံး နတ်ပင့်ရပါမယ်။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။(ဓမ္မဿဝနကာလော အယံ ဘဒန္တာ။) ၃ခေါက် ဒုတိယက မေတ္တာသုတ် ရွတ်ရပါမယ်။ တတိယက ခွင့်တောင်းရပါမယ်။ ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော် အနန္တ၊ မေတ္တာတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ ဘုရားတပည့်တော် … Read more