စင်္ကာပူနိုင်ငံရဲ့ သတင်းစာမှာတောင် အကျယ်တဝင့်နဲ့ဖော်ပြခြင်းကို ခံခဲ့ရတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံသားအနုပညာရှင်တစ်ယောက်အနေနဲ့ ထိုင်း ဗီယက်နမ်စတဲ့ အာရှနိုင်ငံတွေမှာအထိ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်အားပေးချစ်ခင်ခြင်းကို ခံနေရတဲ့ မြန်မာနိုင်ငံရဲ့အနုပညာရှင်တစ်ယောက်ပါ။ နိုင်ငံ(၆)နိုင်ငံလောက်အထိကို အနုပညာအလုပ်တွေ နယ်ချဲ့လုပ်ကိုင်နေရတဲ့ အထိကိုလည် အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ ပိုင်တံခွန်က ကိုဗစ်ကာလဖြစ်တဲ့အတွက် အနုပညာအလုပ်တွေ နည်းပါးနေတုန်းမှာ သာသနာဘောင်ကို ခေတ္တဝင်ရောက်ခဲ့ပါသေးတယ်။ ပိုင်တံခွန်ရဲ့ ဥုးဇင်းဝတ်နဲ့ ရိုက်ကူးထားတဲ့ ပုံတွေကတော့ မထင်မှတ်ထားလောက်အောင် တရုတ်နိုင်ငံကပရိသတ်တွေဆီကို ရောက်ရှိသွားခဲ့ပြီး တရုတ်နိုင်ငံသုံး လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Weiboမှာတောင် Hot Search List ထဲကိုတောင်ဝင်ရောက်ခဲ့ပါတယ်။ ဒါအပြင်ကို စင်္ကာပူနိုင်ငံရဲ့ ဒီနေ့ထုတ်ဝေတဲ့ သတင်းစာမှာလည်း ပိုင်တံခွန်ရဲ့အကြောင်းကို အကျယ်တဝင့်နဲ့ကို ဖော်ပြခြင်းကိုပါ ခံခဲ့ရပါသေးတယ်။ ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ နိုင်ငံပေါင်းများစွာအထိ ထိုးဖောက်အောင်မြင်နေတာကတော့ ဂုဏ်ယူစရာသတင်းလေးမို့ မျှဝေဖော်ပြလိုက်ပါတယ်နော်။ credit CeleGabar Soure – … Read more