ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပိုးမမှီသာ ..

သရုပ်ဆောင် ပိုးမမှီသာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေသူဖြစ်တာကြောင့် ပရိသတ်တွေက လေးစားနေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ပိုးမမှီသာရဲ့ Facebook အကောင့် တွင် သူမဆီကို ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” မနက်က မသိတဲ့ဖုန်းနံပါတ်တစ်ခုဝင်လာတယ် ပုံမှန်ဆိုရင်တော့အကြောင်းအမျိုးမျိုးကြောင့်မသိတဲ့နံပါတ်ဆိုသိပ်မကိုင်ဖြစ်ပေမယ့်ဒီနေ့တော့ကိုင်လိုက်မိကြောင်း သူမကိုင်မိလိုက်တဲ့အခါမှာ ” ပဲခူးကကျွန်တော့သူငယ်ချင်းဖုန်းလားလို့ဆက်ကြည့်တာပါခင်ဗျာ ဖုန်းနံပါတ်သေချာမမှတ်ထားမိလို့မှတ်မိသလောက်နှိပ်ပြီးဆက်ကြည့်တာပါတဲ့ ဘယ်ရောက်သွားလဲ” ဆိုပြီး တစ်ဖက်မှပြောလာတာကို ပိုးမမှီသာအနေနဲ့ ဘယ်ရောက်လဲမပြောလိုတာကြောင့် “ဖုန်းမှားနေတယ်”လို့ဆိုပြီးချဖို့လုပ်ခဲ့ပါတယ် ဒါပေမယ့်လည်းသူ့ရဲ့ယဉ်ယဉ်ကျေးကျေးနဲ့အကူအညီမဲ့နေတဲ့လေသံကြောင့်ချက်ချင်းမချလိုက်ပဲဆက်နားထောင်မိလျက်သားဖြစ်သွားရာက သူဆက်ပြောလာတာတော့ “တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်တို့နယ်မှာအင်တာနက်လည်းမရှိတော့အကုန်လုံးဘာမှမသိဖြစ်နေတာနဲ့ ဆက်မိတာပါတဲ့” စိတ်ထဲတော်တော်လေးမကောင်းဖြစ်တာနဲ့ “ဘယ်နယ်ကလဲ” လို့ဆက်မေးမိတယ် “ … Read more