မွေးကတည်းက ဒီချိန်ထိ မမြင်ဖူးတဲ့ ပြင်ဦးလွင် ကန်တော်ကြီး လက်ရှိအခြေအနေ

မွေးကတည်းက ဒီချိန်ထ်ိ မမြင်ဖူးတဲ့ ပြင်ဦးလွင် ကန်တော်ကြီး အခြေအနေ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေခမ်းခြောက်ပြီး မြေကြီးများ ကွဲအက်( 16.3.2021 ) ပြင်ဦးလွင်မြို့၏ အထင်ကရတခုဖြစ်သည့် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေများ ခမ်းခြောက်ပြီး မြေသားများအထိ ကွဲအက်နေကြောင်း သိရသည်။ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေခမ်းခြောက်မှုများအဖြစ် ၁၉၆၂ ခုနှစ်မတိုင်မီက (၂)ကြိမ်ဖြစ်ပွားခဲ့သလို ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင်လည်း (၁)ကြိမ်ဖြစ်ပေါ်ခဲ့ဖူးကြောင်းကို ရေစတင်ခမ်းလာမှုများနှင့် ပတ်သက်၍ အမျိုးသားကန်တော်ကြီးယျာဉ်က ဇန်နဝါရီလ(၁၄)ရက်နေ့က သတင်းထုတ်ပြန်ထားရှိသည်။ အဆိုပါ ကန်အတွင်း ယနေ့ ၂၀၂၁ခုနှစ် မတ်လ(၁၆)ရက်နေ့အထိ ရေများခမ်းခြောက်ပြီး မြေသားများ ကွဲအက်မှုများ ဖြစ်ပေါ်နေလျှက်သည်။ ၁၉၂၄ခုနှစ်က စတင်ကာ တည်ဆောက်ခဲ့သည့် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ဧရိယာသည် ၄၃၆ ဒသမ ၉၆ဧက ကျယ်ဝန်းပြီး ရေပြင်ဧရိယာမှာ ဧက(၇၀)ဝန်းကျင်ရှိကြောင်း … Read more