မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များရှင်သန်လှပ_ဖူးပွင့်စေသောနည်းများ

မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များရှင်သန်လှပ_ဖူးပွင့်စေသောနည်းများ ကြက်ဥခွံ နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။ ကြက်သွန်နီအခွံ ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။ ငှက်ပျောခွံ ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။ အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။(Potassium+Phosphorus+Nitrogen+Magbesium+Potash) နွားနို့ နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။ ဆန်ဆေးရည် ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။ သကြား သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။ ရှောက်သီး_သံပရိုသီးအခွံ ရှောက်သီး၊သံပရိုသီးအခွံများကို … Read more