ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံရတဲ့ ကိုအောင်ကြီးက ရဲတပ်ဖွဲ့ကို နစ်နာကြေးရလိုမှုနဲ့ တရားပြန်စွဲ.

ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံရတဲ့ ကိုအောင်ကြီးက ရဲတပ်ဖွဲ့ကို နစ်နာကြေး င် ရလိုမှုနဲ့တရားစွဲ ကိုအောင်ကျော်မျိုး(ခ) ကိုအောင်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားမနစ်နာမှု စွဲလိုက်ပါပြီ။ “မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရသည့် အတွက် လျော်ကြေးနှင့်နစ်နာကြေး ငွေ ၅၀၀,၀၀၀,၀၀၀ိ/-(ကျပ်သိန်းငါးထောင်တိတိ) ရလိုမှု” ဆိုပြီးစွဲပါတယ်။ အမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အဆိုလွှာတင်သွင်းစွဲဆိုပါ တယ်။တရား ရုံးက အမှုကိုလက်ခံပြီး တရားမကြီးမှု အမှတ် ၃၁၂/၂၀၂၀ အဖြစ်သတ်မှတ်ကြား နာပါမယ်။ အမှုကို ခရိုင်တရားသူကြီးရဲ့ တရားခွင်က ဆောင်ရွက်မှာဖြစ်ပြီး (၁၈-၁၂ -၂၀၂၀) မှာ “အဆိုလွှာကိုစိစစ်ရန်” လို့ ချိန်းဆိုထားပါတယ်။ လက်ငင်းတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာ ဝန်ခံတာဝန်ယူသူအဖြစ် ရဲချုပ် အောင်ဝင်းဦး(မြန်မာနိုင်ငံရဲတပ်ဖွဲ့) ကို တရားပြိုင်အဖြစ်ထားပါတယ်။ တရားလိုရှေ့နေများအဖြစ် နေပြည်တော်က တရားလွှတ်တော်ရှေ့နေများဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင် … Read more