ခေါင်းပေါ်က ဗောက်တွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်မယ့် နည်းလမ်းများ
ခေါင်းပေါ်က ဖြူဖြူဖွေးဖွေး ဗောက်တွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်မယ့် နည်းလမ်းများ ဗောက်ဆိုတာက အသက်အရွယ်မရွေး၊ ယောကျာ်းမိန်းမ မရွေးဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုမျိုးဗောက်ထလာပြီဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးရေပြားခြောက်လာမယ်၊ ဆံပင်တွေကျွတ်လာမယ်၊ အဆိုးဆုံးကတော့ မိမိကိုယ်ကိုယုံကြည်မှုကျဆင်းလာမှာဖြစ်တယ်။ အဲ့ဒါကြောင့် ဗောက်ပျောက်အောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။ ၁။ လက်ဖက်အဆီ ဗောက်နဲ့ ပတ်သက်ရင်တော့ လက်ဖက်အဆီက အသင့်တော်ဆုံးပါပဲ။ ဘယ်လိုအသုံးပြုရမလဲဆိုတော့ ၂၀၀ မီလီလီတာ ခေါင်းလျှော်ရည်ဘူးထဲကို လက်ဖက်အဆီ (၈) စက်ကနေ (၁၀)စက်အထိ ထည့်ပေးမယ်။ ပြီးရင် ပုံမှန်အတိုင်းခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ခေါင်းလျှော်နေတဲ့အချိန်မှာ လက်ဖက်ဆီအာနိသင်ရှိအောင်လို့ ဦးရေပြားပေါ်မှာကြာကြာထားပေးဖို့တော့ လိုမယ်နော်။ နောက်တစ်နည်းကတော့ အုန်းဆီထဲကို လက်ဖက်ဆီထည့်တာပါ။ အုန်းဆီပုလင်းထဲကို လက်ဖက်ဆီ (၁၅) စက်လောက်ထည့်ပေးမယ်။ ပြီးရင် ခေါင်းပေါ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ညဘက်လိမ်းထားပေးပြီး မနက်ကျရင်ခေါင်းလျှော်လိုက်ရုံပါပဲ။ ၂။ … Read more