ဘုရားပန်းအိုးလဲတဲ့အခါ ဒါလေး သတိထားပါ

လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊“နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေကဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။ နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။ ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်။ နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊ငှက်ပျောသီးဆိုလည်း အဖီးလိုက်။ ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။(သာယာချင်တယ်။)သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။ ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။ လုပ်ငန်း၊ကိုင်ငန်း စီးပွါးရေးတွေလည်းအဆင်ပြေမှာ မဟုတ်တော့ဘူး။ ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။ ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်းအေးနေအောင်ထားမယ် ဆိုရင်အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊အစစအရာရာ အဆင်ပြေမှာပါ။ သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။“နှစ်ခါ”။နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။ကဲ…ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။“ဆယ်ခါ”။ တော်တော်တရားတယ်။ဘုရားကျတော့ … Read more